Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကြွေးစာချုပ်တွေ တရုတ်က ပုံအောရောင်းထုတ်လိုက်မှာ စိုးရိမ်နေတဲ့အမေရိကန် (ဘာသာပြန်ဆောင်းပါး)

မောင်ဌေးအောင် ( ကျောက်မဲ) (NSS) - ဇွန် ၂၆


         တက်တာလား ကျတာလား

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နောက်ဆုံးတွက်ချက်ထားတဲ့ ငွေချေးစာချုပ်ရောင်းချထားတဲ့ စာရင်း တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအချက်အလက်တွေက အမေရိကန်သတင်းမီဒီယာတွေအတွက် စိုးရိမ် သောကရောက်စရာ ဖြစ်လာပါတယ်။ 


လွန်ခဲ့တဲ့ တစ်လလောက်တုန်းက သတင်းဌာနတွေ သိရှိထားတာကသတင်းကောင်းပါ။  တရုတ်က အမေရိကန် ငွေချေး စာချုပ်တွေကို ပြန်လည်ဝယ်ယူအားပေးနေပြီး ငွေချေးစာချုပ်တွေကို ပြန်ထုတ်ရောင်းချခဲ့တဲ့ ယခင်က လုပ်ရပ်အပေါ် စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုတဲ့သတင်းပါ။ တရုတ်ဝယ်ယူထားတဲ့ ပမာဏက အတက်ပြနေတယ် လို့ဆိုတာပါ။ 


ဒါပေမယ့် မကြာသေးခင်က လစဉ်ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ တရုတ်က ကိုင်ထားတဲ့ အမေရိကန် အကြွေးစာရင်းဟာ ဒေါ်လာသန်း ၄ဝဝ လောက်လျော့ကျသွားတာကိုတွေ့ရပါတယ်။ ဒီလိုသိသာတဲ့ လျော့ကျ သွားမှုဟာ အမေရိကန်ဘဏ္ဍာရေး သတင်းမီဒီယာတွေသိရှိဖော်ပြခဲ့တဲ့ အမေရိကန်ငွေချေးစာချုပ်တွေအပေါ် တရုတ်က အကောင်းမြင်သဘောထားရှိပါတယ်ဆိုတာ လွဲနေပြီဆိုတာကို ပြသနေပါတယ်။ 


နောက်ကို ပြန်ကြည့်ရင် လွန်ခဲ့တဲ့နှစ်က အမေရိကန်ငွေချေးစာချုပ်တွေကို ငွေဖော်တဲ့အနေနဲ့ စျေးချပြီး ဆက်တိုက်ထုတ်ရောင်းနေခြင်းဟာ ငွေတိုက်စာချုပ်စျေးနှုန်းတွေကို ကျဆင်းစေပါတယ်။ ဒီလိုဖြစ်လာရခြင်းရဲ့ အကြောင်းရင်းကို လေ့လာလိုက်တဲ့အခါ တင်းကြပ်တဲ့ ဖက်ဒရယ်အရန်ငွေကြေးပေါ်လစီကြောင့်ဖြစ်ကြောင်း တွေ့ရပါတယ်။ 


ဗဟိုဘဏ်ရဲ့ မြင့်မားတဲ့အတိုးနှုန်းကြောင့် အမေရိကန်အကြွေးတွေကို ပြန်ပေးဆပ်တဲ့အခါ သူ့ရဲ့တန်ဖိုးက လည်း ပိုများပြားလာစေပါတယ်။ အဲဒီလိုတိုးများလာမှုကြောင့် အမေရိကန်ဘဏ္ဍာရေးဌာနက နောက်ထုတ်တဲ့ ငွေချေးစာချုပ်တွေကို ပိုမြင့်မားတဲ့ အတိုးနှုန်းနဲ့ သတ်မှတ်ဖို့ ဖိအားဖြစ်လာပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရ ကသာ သူ့ရဲ့အကြွေးဝန်ထုတ်ပိနေတာမဟုတ်ဘဲ၊ အကြွေးစာချုပ်တွေ ဝယ်ယူထားတဲ့ တိုင်းပြည်တွေလည်း ဝန်ပိ ပါတယ်။ 


ဒါ့ပြင် လာမယ့်နှစ်တွေမှာ ဗဟိုဘဏ်ရဲ့ စုစုပေါင်းအကြွေးက သိသိသာသာထောင်တက်သွားပါလိမ့်မယ်။ အဲဒါအဓိက ငွေချေးစာချုပ်ဝယ်ယူတဲ့ ဖောက်သည်ကြီးတွေရဲ့ အလျင်အမြန်ထောက်ပံ့ကူညီမှုလိုအပ်ပါတယ်။ အဓိကအားဖြင့်တော့ ဗဟိုဘဏ်ကိုယ်တိုင်ပါဘဲ။ အမေရိကန်အစိုးရက ဗဟိုဘဏ်အနေနဲ့ အကြွေးစာချုပ်တွေကို များများစားစားဝယ်ယူလိမ့်မယ်လို့  မျှော်လင့်နေချိန်မှာ၊ အရင်နှစ် ဇွန်လလောက်ကတည်းက ဗဟိုဘဏ်က အမေရိကန်အကြွေးစာချုပ်တွေကို အမြောက်အများထုတ်ရောင်းနေတယ်ဆိုတာ တွေ့လိုက်ရပါတယ်။  ဗဟို ဘဏ်ဟာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လိုငွေတွေအတွက် အကြီးဆုံး ထောက်ပံ့သူဖြစ်လာပါတယ်။ 


ဗဟိုဘဏ်အပေါ် အားမကိုးရတော့တာကြောင့် အမေရိကန်မီဒီယာတွေဟာ သူတို့ရဲ့ အာရုံစိုက်မှုကို အကြီး ဆုံး အကြွေးတွေဝယ်ယူထားတဲ့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဗဟိုဘဏ်တွေအပေါ် ပြောင်းရွှေ့လာကြပါတယ်။ အထူးသဖြင့် တရုတ်အပေါ်ကိုပါ။ 


            အတက်ပြပြီးမှ အကျပြတဲ့ ဇယား

လွန်ခဲ့တဲ့လအတွင်း တရုတ်က ဝယ်ယူထားတဲ့ အကြွေးစာချုပ်တွေက ၂ဝ ဒသမ ၅ ဘီလျံဒေါ်လာအထိ ရှိလာတော့ မီဒီယာတွေက လက်ပန်းပေါက်ခတ်ကြပါတယ်။ ဒါပေမယ့် မကြာသေးမီကထုတ်ပြန်ကြေငြာခဲ့တဲ့ ဧပြီလ အချက်အလက်များအရ တရုတ်ကကိုင်ထားတဲ့ အမေရိကန်အကြွေးတွေဟာ ယခင်လကထက် ဒေါ်လာ သန်း ၄ဝဝ လျော့နည်းသွားတယ်လို့ သိရပါတယ်။ အစပိုင်းမှာ အတက်ပြပြီး နောက်ပိုင်းမှာ ကျဆင်းလာတဲ့ ဧပြီလရဲ့ တရုတ်က ကိုင်ထားတဲ့ အမေရိကန်အကြွေးစာရင်း အတက်အကျဖြစ်မှုဟာ “တရုတ်က အမေရိကန် အကြွေးတွေ ဝယ်ယူတာကို လျှော့ချနေတယ်” ဆိုတဲ့ ဦးတည်ချက်ကို ပြောင်းမသွားစေပါဘူး။ တရုတ်က အမေရိကန်အကြွေးစာချုပ်တွေ ဝယ်ယူထားတာကို ဖြည်းဖြည်းချင်း လျှော့ချနေပါတယ်။ ဒီဦးတည်ချက်ကြောင့် အမေရိကန်အနေနဲ့ စိုးရိမ်သောကပွားနေခြင်းဖြစ်ပါတယ်။ 


  ဘဏ္ဍာရေးဝန်ကြီးလည်း မဖြေနိုင် 

အောက်လွှတ်တော် ဘဏ္ဍာရေးဝန်ဆောင်မှုများကော်မတီရှေ့မှောက်မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ယဲလင်ကို လွှတ်တော်အမတ်တွေက တရုတ်က သူကိုင်ထားတဲ့ အမေရိကန်အကြွေးစာချုပ် ဒေါ်လာ ၈၅ဝ ဘီလျံ ဖိုးကို ရုတ်တရက် ပုံအောရောင်းထုတ်ပစ်မယ်ဆိုရင် ရင်ဆိုင်ရဖွယ်ရှိတဲ့ အခက်အခဲတွေကို ကောင်းကောင်း ပြင်ဆင်ထားဖို့တိုက်တွန်းခဲ့ပါတယ်။ တရုတ်က ဒီလိုသာလုပ်ခဲ့မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအဖို့ ဒုက္ခဘေး ဆိုးကြီးနဲ့ ရင်ဆိုင်ရမှာပါ။ ဘဏ္ဍာရေးနျူကလီယားဗုံးတစ်လုံးပေါက်ကွဲသလိုမျိုး ဒါမှမဟုတ် ရေခဲတောင်ပေါ်က ရေခဲနဲ့ကျောက်တုံးကျောက်ခဲတွေ ပြိုဆင်းလာသလိုမျိုး အဖြစ်အပျက်နဲ့ နှိုင်းယှဉ်ပြောဆိုကြပါတယ်။ 


တရုတ်က သူကိုင်ထားတဲ့ အမေရိကန် အကြွေးစာချုပ်တွေ ရုတ်တရက်သွန်ရောင်းချပစ်လိုက်နိုင်ချေရှိမှု အပေါ် အမေရိကန်လွှတ်တော်က သောကပွားနေတာပါ။ အောက်လွှတ်တော်မှာ အမတ်တွေက ဘဏ္ဍာရေးဝန်ကြီး ယဲလင်ကို သတိပေးထောက်ပြတာတွေလုပ်ခဲ့ပေမယ့် အချိန်တိုအတွင်းမှာ ဘယ်လို ပြင်ဆင်ထားတယ်ဆိုတာ ဝန်ကြီးကလည်း ပြန်ရှင်းမပြနိုင်ပါဘူး။  


တရုတ် သွန်မထုတ်အောင် အမေရိကန်ချော့နေရ

တရုတ်ကိုင်ထားတဲ့ အမေရိကန်အကြွေးစာချုပ် ဒေါ်လာ ၈၅ဝ ဘီလျံဖိုးကို ရုတ်တရက် သွန်ထုတ်ရောင်းချ လိုက်ရင် အမေရိကန်အနေနဲ့ ကြီးမားတဲ့ စျေးကွက်ထိတ်လန့် ကမောက်ကမဖြစ်မှုကြုံရပါလိမ့်မယ်။ ဒီစိုးရိမ်မှုက အမေရိကန်ကို တရုတ်နဲ့ ဆက်ဆံရေးပြေလည်ကောင်းမွန်‌အောင်ပြုပြင်ဖို့ တွန်းအားဖြစ်လာတာပါ။ တရုတ်ကို စီးပွားရေးအရ နှိပ်ကွပ်နေတာတွေကို၊ တရုတ်က လက်တုန့်ပြန်ရင်ဖြစ်လာမယ့် အကျိုးဆက်တွေကို စိုးရိမ်လို့ဖြစ်ပါ တယ်။  ဒါကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ၂ဝ၂၃ ခုနှစ် ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ပီကင်းကိုသွား ရောက်ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံဆွေးနွေးပြီး တရုတ်- အမေရိကန်ဆက်ဆံရေးကို တည်ငြိမ်အောင် လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။  လက်ရှိကမ္ဘာ့နိုင်ငံရေးလောကမှာ ရုရှား-ယူကရိန်း စစ်ပွဲပြီးရင် တရုတ်-အမေရိကန် ဆက်ဆံရေးကိစ္စက ကမ္ဘာကို သက်ရောက်မှု အရှိနှိုင်ဆုံး ထိပ်တန်း အရေးကြီးကိစ္စတစ်ရပ်ပါ။ 


တရုတ်-အမေရိကန် ဆက်ဆံရေးမှာ ထွက်ပေါက်မရှိချောင်ပိတ်နေတဲ့ အဓိကအကြောင်းတစ်ချက်က တွေ့ဆုံ ဆွေးနွေး‌ရေး၊ ပူးပေါင်းဆောင်ရွက်ရေးစတဲ့ စကားကောင်းစကားလှတွေ ပြောနေပေမယ့် တကယ်တမ်းမှာ အမေရိ ကန်က တရုတ်ကို နှိပ်ကွပ်နေတဲ့ ပေါ်လစီကို စွန့်လွှတ်ချင်စိတ်မရှိတာပါ။ အဲဒါကြောင့်လည်း အမေရိကန်က တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ဟန့်တားနှောက်ယှက်နေတာပါ။ တရုတ်ကသာ အခုလို စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အင်အားမတောင့်တင်းဘူးဆိုရင် လွန်ခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်က တရုတ်ကို အရေးယူ နှိပ်ကွပ်ခဲ့မှုတွေ အောင်မြင်နေမှာပါ။   


အမေရိကန်က တရုတ်ဝိုင်းပတ်ထိန်းချုပ်ရေးကို တစိုက်မတ်မတ်လုပ်နေခဲ့တာကြောင့် နှစ်နိုင်ငံအကြား အပြန်အလှန် အယုံအကြည်ကင်းမဲ့လာကာ နှစ်နိုင်ငံဆက်ဆံရေးဟာ တဖြည်းဖြည်းဆိုးရွားလာပြီး မတိုးသာ မဆုတ်သာ အခြေအနေကို ရောက်သွားပါတော့တယ်။ ဒါကြောင့်လည်း တရုတ်အနေနဲ့ အမေရိကန်နဲ့ စစ်ဘက်ဆိုင် ရာချင်း ဆွေးနွေးမှုတွေမှာ မတက်မကြွလုပ်နေတာပါ။ ဘာဘဲဖြစ်ဖြစ်၊ တရုတ်-အမေရိကန်ဆက်ဆံရေး ရေရှည် ဆိုးရွားနေတာက နိုင်ငံတကာအခြေအနေတွေအပေါ် ဆိုးကျိုးကိုသက်ရောက်စေနှိုင်ပါတယ်။ 


             ဘဏ္ဍာရေးဝန်ကြီးဟောင်းရဲ့ အကြံပြုချက်

ဒီလိုအမြင်ရှိ သူတွေက တရုတ် အမေရိကန်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့ကို စဉ်းစားခဲ့ကြပါတယ်။ ၁၉၉၉-၂ဝဝ၁ ခုနှစ်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့တဲ့  ဆမ်းမား (Lawrence Henry Summers) မကြာသေးမီက စင်ကာပူမှာကျင်းပခဲ့တဲ့ အာရှဗစ်ရှင်ဖိုရမ်မှာ  နှစ်နိုင်ငံလုံးကို အကြံတစ်ခုပေးပါတယ်။ နှစ်နိုင်ငံလုံးက မဟာဗျူဟာကျတဲ့ အာမခံချက်တွေပေးဖို့ ဖြစ်ပါတယ်။ အမေရိကန်က တရုတ်အပေါ် စီးပွားရေး အရ နှိပ်ကွပ်တာမလုပ်ပါ လို့အာမခံချက်ပေးဖို့နဲ့ တရုတ်ကလည်း သူ့ရဲ့စီးပွားရေးပေါ်လစီတွေဟာ တရုတ်ပြည်သူ တွေရဲ့စည်ပင်ဝပြောရေးအတွက်ကိုသာရည်ရွယ်ပြီး ကမ္ဘာ့အင်အားကြီးပါဝါအဖြစ် မတက်လှမ်းရန်  အာမခံဖို့ လို့ဆိုပါတယ်။ ဆမ်းမားရဲ့ တင်ပြချက်တွေဟာ ဘိုင်ဒင်အစိုးရ နိုင်ငံရေးသမားတွေရဲ့ တင်ပြချက်တွေနဲ့စာရင်  ပိုပြီး ကျိုးကြောင်း ဆီလျော်တဲ့အတွက်  ပိုမိုစိတ်ဝင်စားကြပါတယ်။ 


 သူက အမေရိကန်ရဲ့ တရုတ်အပေါ်နှိပ်ကွပ်မှုဟာ အဓိကအားဖြင့် သူ့ရဲ့ဗိုလ်ကျ စိုးမိုးလိုမှုကို ထိန်းသိမ်းထား လိုတဲ့ဆန္ဒက တွန်းဆော်လို့ဖြစ်ရတာ ဆိုတဲ့အချက်ကို အသိအမှတ်ပြုပါတယ်။ အထူးသဖြင့်တော့ စစ်ရေးအရ လွှမ်းမိုးမှုပေါ့။ ဒါကြောင့် အမေရိကန်က တရုတ်အပေါ် စီးပွားရေးအရနှိပ်ကွပ်မှုကို စွန့်လွှတ်မယ်ဆိုရင် အမေရိကန်နဲ့ တရုတ်အကြား အပြန်အလှန်နားလည်မှု ရနှိုင်တယ်လို့ သူက သူမျှော်လင့်ပါတယ်။ တပြိုင် တည်းမှာ တရုတ်က အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်ရေးအရလွှမ်းမိုးမှုကို စိန်မခေါ်ရန် အာမခံဖို့ ဖြစ်ပါတယ်။


ဆမ်းမားက အမေရိကန်ရဲ့ ဗိုလ်ကျလွှမ်းမိုးမှုကို ဘယ်လိုဘဲ အသိအမှတ်ပြုချင်စိတ်ရှိပါစေ သူ့တင်ပြချက် အတိုင်းလိုက်ပါလုပ်ဆောင်ဖို့က ဖြစ်နိုင်ခြေနည်းပါးလှပါတယ်။ 


တရုတ်ရဲ့ စီးပွားရေးပေါ်လစီတွေက သူ့ပြည်သူတွေရဲ့ သာယာဝပြောရေးအတွက်သာ ရည်ရွယ်ပြီး၊  စစ်ရေး အရ ကမ္ဘာကိုဗိုလ်ကျလွှမ်းမိုးဖို့မရည်ရွယ်ပါ ဆိုသည့်တိုင်၊  အမေရိကန်အနေနဲ့က တရုတ်ကို ဆက်တိုက် ဖိအားပေး နှိပ်ကွပ်နေတာကို စွန့်လွှတ်မှာမဟုတ်ပါ။ ဒါကြောင့် ဆမ်းမားရဲ့ ယုံကြည်တဲ့၊ တကယ်လို့ တရုတ်ကသာ သူ့ စီးပွားရေး ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အပြန်အလှန် အာမခံကတိပေးချက်လုပ်ကြမယ်ဆိုရင် အမေရိကန်က တရုတ်ကို နှိပ်ကွပ်နေတာတွေ ရပ်တန့်လိမ့်မယ်ဆိုတာက လက်တွေ့မကျလှပါ။ အမှန်စင်စစ်မှာ တော့ အမေရိကန်က တရုတ်အပေါ် ဗိုလ်ကျလွှမ်းမိုးဖို့ သံဒိဌာန်ချထားတာကို ဆမ်းမားကိုယ်တိုင်က လိမ္မာပါးနပ် စွာ ဝန်ခံထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ အမေရိကန် တရုတ်ဆက်ဆံရေးအပေါ် နားလည်မှုက မပြည့်စုံဘဲဖြစ်နေ ပါသေးတယ်။ လက်ရှိဆက်ဆံရေးရဲ့ အခရာကျတဲ့အချက်က အခြေခံအချက်နှစ်ချက်အပေါ်မှာ မူတည်ပါတယ်။ 


ပထမတစ်ချက်က အမေရိကန်ပြည်ထောင်စုအနေနဲ့ တဦးတည်းဗိုလ်ကျလွှမ်းမိုးလိုမှုကို စွန့်လွှတ်ဖို့ ဆန္ဒမရှိဘဲ ဗိုလ်ကျလွှမ်းမိုးတဲ့ စနစ်ကို ဆက်လက်ထိန်းသိမ်းထားလိုတာပါ။ 


ဒုတိယတစ်ချက်ကတော့ တရုတ်အပေါ်မှာ မလိုမုန်းထားတဲ့ အမြင်ရှိပြီး တရုတ်ပြည်တည်ရှိနေတာကိုက အမေရိကန်နဲ့ အနောက်တိုင်းအပေါ် ခြိမ်းခြောက်မှုတရပ်လို့ ရှုမြင်နေတာပါ။ 


ဒီနှစ်ချက်က ဘိုင်ဒန်အစိုးရအနေနဲ့ တရုတ်နဲ့ပတ်သက်တဲ့ရပ်တည်ချက်ကို တည့်မတ်အောင်လုပ်ဖို့ အတား အဆီး ဖြစ်နေပြီး၊ နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ ခက်ခဲစေပါတယ်။ 

အခုတော့ အမေရိကန်က တရုတ်နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တက်တက်ကြွကြွဖြစ်နေပါတယ်။ နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကန် တရုတ်ပြည်ကိုသွားရောက်လည်ပတ်တာက နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန် အောင်လုပ်ဖို့ပါ။ အမေရိကန်အနေနဲ့က သူတရုတ်ကိုအရေးယူသလို တရုတ်က လက်တုန့်ပြန်လာရင် အကျိုး ဆက်တွေက ဆိုးဆိုးရွားရွား ဒုက္ခပေးလာမှာကို စိုးရိမ်နေတာပါ။ တရုတ်ရဲ့ လက်ရှိအင်အားကလည်း အမေရိကန် ကိုကောင်းကောင်းကြီး ဒုက္ခပေးနိုင်တဲ့ အနေအထားပါ။ တရုတ်က ရုတ်တရက်ချက်ခြင်း သူကိုင်ထားတဲ့ အမေရိ ကန်ငွေချေးစာချုပ်တွေ သွန်ထုတ်ရောင်းချလိုက်မယ်ဆိုရင် အမေရိကန်နိုင်ငံအဖို့ အကြီးအကျယ် အခက်တွေ့မှာ ပါ။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေအရ  အမေရိကန်ငွေချေးစာချုပ်ကိုင်ထားတဲ့ ပမာဏကို လျှော့ချပစ်တာဟာ တရုတ်တနိုင်ငံထဲသာမဟုတ်ပါဘူး။ အမေရိကန်ငွေချေးစာချုပ်တွေ တတိယအများဆုံး ကိုင်ထားတဲ့ ယူကေကလည်းဘဲ မနည်းမနော ၃၀.၄ ဘီလျံ ဒေါ်လာ လောက်ကိုလျှော့ချပစ်တာပါ။ ဒါက အမေရိကန်အနေနဲ့  ကိုယ့်မဟာမိတ်က နောက်ကျောဒါးနဲ့ထိုးသလို ခံစားရမှာပါ။ ဒါတွေက ကမ္ဘာမှာ ဦးတည်ရာတခုဖြစ်နေတဲ့ ဒေါ်လာနယ်ပယ်မှ ဖယ်ခွာခြင်းဆိုတဲ့ ဖြစ်ပေါ်ပြောင်း လဲမှုရေစီးကြောင်းရဲ့ သက်ရောက်မှုတွေပါဘဲ။ အရင်တုံးကတော့ နိုင်ငံရပ်ခြားကုန်သွယ်မှုတွေအားလုံးကို ဒေါ်လာ နဲ့ဘဲ ပေးချေဖြေရှင်းကြတာပါ။ ဒါပေမဲ့ မကြာသေးခင်ကာလက ထုတ်ပြန်တဲ့အချက်အလက်တွေအရ ဒေါ်လာနဲ့ ပေးချေဖြေရှင်းမှုတွေက တဖြေးဖြေးလျော့ကျလာနေပါပြီ။ အရင်က ဒေါ်လာကိုအသုံးပြုတဲ့နိုင်ငံတွေက ဒီလိုနိုင်ငံ တကာအရောင်းအဝယ်မှာ ဒေါ်လာမသုံးဘဲ ကိုယ့်ကိုယ်ပိုင်ငွေကြေးကို သုံးရင်မဖြစ်ဘူးလားဆိုတာ စဉ်းစားလာ နေကြပါတယ်။ ကမ္ဘာတလွှားက ဒေါ်လာကို အရန်ငွေကြေးအဖြစ်ကိုင်ဆောင်ထားကြတဲ ဗဟိုဘဏ်အများအပြား ဟာလည်း ဒေါ်လာတခုတည်းအပေါ်မှာ မှီခိုနေရတဲ့အဖြစ်က ရုန်းထွက်ဖို့အတွက် သူတို့ရဲ့ အရန်ငွေကြေးတွေကို တခြားသော အရန်ငွေကြေးနဲ့ ရွှေ စတာတွေနဲ့ ပြောင်းလဲသိုလှောင်လာနေကြပါတယ်။ 


    နောက်ကျတဲ့ ခြေထောက် သစ္စာဖောက် 

ဒီလိုအခြေအနေကို အသိအမှတ်ပြုတဲ့အထဲမှာ အမေရိကန်ငွေချေးစာချုပ် တတိယအများဆုံးကိုင်ထားတဲ့ သူ့ရဲ့မဟာမိတ် ယူကေလည်း ပါဝင်နေပါတယ်။ ယူကေကိုင်ထားတဲ့ ပမာဏကလည်းမနည်းမနော ၆၈ဝ ဒသမ ၇ ဘီလျံဒေါ်လာဖိုးပါ။ ဒါကြောင့် အမေရိကန်စိုးရိမ်နေတဲ့ ငွေချေးစာချုပ်တွေ ပုံအောသွန်ထုတ်ရောင်းချခြင်းဟာ၊ ဒေါ်လာနယ်ပယ်ကို စွန့်ခွာခြင်းဆိုတဲ့ ရေစီးကြောင်းကြောင့် တရုတ်တနိုင်ငံထဲဆီကသာ လာမှာမဟုတ်ဘဲ၊  သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဆီကလည်း လာနှိုင်တယ်ဆိုတာ သတိပြုရပါလိမ့်မယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီလိုဖြစ် လာခဲ့ရင် ထိခိုက်နစ်နာမဲ့ အထဲမှာ အမေရိကန်နဲ့အတူ ယူကေလည်းမုချပါဝင်ပါလိမ့်မယ်။  အဲဒီလို စီးပွားရေးအရ ထိခိုက်နစ်နာ မဖြစ်အောင် ကြိုတင်လုပ်သင့်လုပ်ထိုက်တာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ (ဒေါ်လာ အရန် ငွေနဲ့ ‌ဒေါ်လာငွေချေးစာချုပ်တွေ ကိုင်ထားတာကို)  တဖြေးဖြေးလျှော့ချတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကြိုတင် ပြင်ဆင်ခြင်း လုပ်ရပ်တစ်ခုသာဖြစ်ပါကြောင်း။  


ကိုးကား- China's ALARMING MOVE! Continue Selling US Debt, Even UK Follow! Blinken's Urgent Visit to Seek Help

- China, Japan again sell US debt; China's holdings hit 12-year low By Global Times


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မူးယစ်ဆေးဝါးသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှုများကို ဖန်တီးပေးနေသည့်အတွက် နိုင်ငံနှင့် နိုင်ငံသားတို့၏ လုံခြုံရေးကို ခြိမ်းခြောက်နေဟု ရဲမှူးချုပ်ဆို

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved