ယူကရိန်းရဲ့တန်ပြန်ထိုးစစ်နဲ့ပတ်သက်ပြီး စိုးရိမ်မှု ရှိ/မရှိဆိုတဲ့အချက်ကို အမေရိကန်အစိုးရ ဖြေဆိုဖို့ ငြင်းဆန်
ဂျန်ဇက် (NSS) - ဇွန် ၂၅
အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်ဟာ ရုရှားအပေါ် ပြုလုပ်နေတဲ့ ယူကရိန်း ရဲ့တန်ပြန်ထိုးစစ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိ/မရှိ ဆိုတဲ့အချက်ကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။
ရုရှားအပေါ်ပြုလုပ်နေတဲ့ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဟာ ကြီးမားတဲ့ဆုံးရှုံးမှုများနဲ့တွေ့ကြုံနေရပြီး ယူကရိန်းအစိုးရ တာဝန်ရှိသူများက ထိခိုက်ဆုံးရှုံးမှုများအတွက် အနောက်အုပ်စုနိုင်ငံများကို လက်ရှိအချိန်မှာ ဝေဖန်ပြစ်တင်နေ ကြောင်း သိရပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးက ရုရှားအပေါ်ပြုလုပ်နေတဲ့ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်တွေဟာ မျှော်လင့်ထား သလောက်ခရီးမရောက်သေးကြောင်း ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပြောခဲ့ဖူးပါတယ်။ အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရျှိသူ ဂျွန်ကာဘိုင်က "ယူကရိန်းရဲ့တန်ပြန်ထိုးစစ်နဲ့ပတ်သက်ပြီး အတိအကျ မပြောချင်ဘူး။ ဒါပေမယ့် ယူကရိန်းဟာ တန်ပြန်ထိုးစစ်ကလွဲပြီး ဘာမှပိုလုပ်လို့မရဘူး" လို့ ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ဇွန်လအစောပိုင်းမှာ ရုရှားကို တန်ပြန်ထိုးစစ် ပြန်လည်စတင်ခဲ့ပေမယ့် ရုရှားရဲ့ရှေ့တန်း ကို ထိုးဖောက်နိုင်အောင်ရောက်ရှိဖို့ ကီလိုမီတာရာချီ လိုအပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။ ၎င်းက "စစ်ပွဲဆိုတာ ကြိုတင်ခန့်မှန်းလို့မရဘူး။ ရန်သူက လက်ရှိအချိန်မှာ အသာရချင်ရနေလိမ့်မယ်။ ရုရှားဟာ ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုမရှိဘူးဆိုရင် စစ်ပွဲက အကြိတ်အနှယ်ရှိနေမှာဖြစ်တယ်။ တခါတရံမှာ မင်းရဲ့အကြံအစည်တွေက မျှော်လင့်ထားတဲ့အတိုင်း အမြဲတမ်းသွားနေတာမဟုတ်ဘူး။ ဒါပေမယ့် တိုက်ပွဲဝင်တဲ့အခါမျှော်လင့်ထားတဲ့အရာ တွေ ဖြစ်လာတတ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်ပွဲကို အာရုံစိုက်လုပ်ဆောင်ရမယ်။ စစ်ပွဲကိုအာရုံစိုက်မှသာ အောင်မြင်မှုတွေ ရယူနိုင်မှာဖြစ်တယ်" လို့ ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ပိုင်နက်နယ်မြေ ၄ ခုသိမ်းပိုက်ခံရပြီးနောက် ရုရှားကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆိုင်းငံ့ ခဲ့ပြီး ဇွန်လ ၄ ရက်မှာ ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှုစတင်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန် နဲ့ နေတိုးအုပ်စု ဝင်နိုင်ငံတွေဟာ ရုရှားကိုအနိုင်ရရေးအတွက် ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ အနောက်အုပ်စုမီဒီယာတွေက ဖော်ပြပါတယ်။
ရုရှားသမ္မတပူတင် အပါအဝင် ရုရှားအစိုးရတာဝန်ရှိသူများက ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေဟာ ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုများနဲ့တွေ့ကြုံနေရပြီး အနောက်အုပ်စုနိုင်ငံများက ပံ့ပိုးထားတဲ့စစ်လက်နက်ပစ္စည်းများ ဖျက်ဆီးခံခဲ့ရကြောင်း မကြာသေးမီက သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းထုတ် စားသောက်ကုန်၊ လူသုံးကုန် နှင့် အလှကုန် အမျိုးပေါင်း (၄ဝဝဝ)ကျော်ကို ဓာတ်ခွဲစစ်ဆေးမည်
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ