ထိုင်းနိုင်ငံမှာ အများပြည်သူလုံခြုံရေးအတွက် မီးသတ်ဆေးဗူးတွေ ပြန်လည်သိမ်းဆည်းထားဖို့ အမိန့်ချထား
ရောင်နီ (NSS) - ဇွန် ၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Rachawinit School မှာ ဖြစ်ပွားခဲ့တဲ့ မီးသတ်ဆေးဗူးပေါက်ကွဲမှုဖြစ်ရပ်ပြီးနောက် ဘန်ကောက် အုပ်ချုပ်ရေးမှူး ချက်ဒ်ချာ့စစ်တီပန့်က အများပြည်သူ ဘေးကင်းစေရေးအတွက် စာသင်ကျောင်းတွေ၊ ပုဂ္ဂလိကနဲ့ အစိုးရရုံးတွေမှာရှိတဲ့ မီးသတ်ဆေးဗူး အားလုံးကို စစ်ဆေးပြီးသည်အထိ သိမ်းဆည်းထားဖို့ အမိန့်ပေးခဲ့ ပါတယ်။
ဒါ့အပြင် မီးသတ်လေ့ကျင့်ရေး ပရိုတိုကောတွေ ပြန်လည်ပြင်ဆင်ဖို့၊ ဥပမာ - မီးသတ်သရုပ်ပြရာမှာ ကာဗွန်ဒိုင် အောက်ဆိုက် မပါဝင်တဲ့ မီးသတ်ဆေးဗူး အလွတ်များကိုသာ အသုံးပြုဖို့နဲ့ စာသင်ကျောင်းဝင်းအတွင်း လေ့ကျင့်မှု ပြုလုပ်ပါက ကျောင်းသားတွေ ဘေးကင်းစေဖို့အတွက် ကျောင်းအဆောက်အအုံ ဒုတိယထပ် (သို့မဟုတ်) တတိယ ထပ်မှ စောင့်ကြည့်ဖို့ စတဲ့ လုံခြုံရေးအချက်တွေ ပြုလုပ်ဖို့လည်း ၎င်းက တိုက်တွန်းထားပါတယ်။
ဘန်ကောက်မြို့ရှိ မီးသတ်စခန်းတွေ၊ ခရိုင်ရုံးတွေနဲ့ ရပ်ရွာခေါင်းဆောင်တွေကို သက်တမ်းကုန်ဆုံးရက်နဲ့ အစားထိုးဖို့ လိုအပ်တဲ့ ဓာတုဆေးခြောက်တွေကို သေချာစစ်ဆေးဖို့ အမိန့်ပေးထားပါတယ်။
သောကြာနေ့ (ဇွန် ၂၃ ရက်) က ပေါက်ကွဲမှုမှာ Rachawinit School မှ ကျောင်းသားတစ်ဦး သေဆုံးပြီး ကျောင်းသား ၁ဝ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် သုံးဦးကို မီးပေါ့ဆမှုနဲ့ တရားစွဲဆိုထားပြီး မတော်တဆဖြစ်ပွားရတဲ့အကြောင်းရင်းအမှန်ကို သိရှိနိုင်ဖို့ အချက်အလက်ရှာဖွေကာ စုံစမ်းမှုတွေ လုပ်ဆောင်နေ ကြောင်း ဘန်ကောက်မြို့ လက်ထောက်အုပ်ချုပ်ရေးမှူး ဒေါက်တာ တာဗီဒါ ကာမိုဗက်က ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းရဲ့တန်ပြန်ထိုးစစ်နဲ့ပတ်သက်ပြီး စိုးရိမ်မှု ရှိ/မရှိဆိုတဲ့အချက်ကို အမေရိကန်အစိုးရ ဖြေဆိုဖို့ ငြင်းဆန်
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ