ရုရှားကြေးစားတပ်ဖွဲ့များ လက်နက်ကိုင်ပုန်ကန်မှုများကြောင့် အမေရိကန်ဗိုလ်ချုပ်ကြီးရဲ့အရှေ့အလယ်ပိုင်း သွားရောက်မယ့်ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရ
ဂျန်ဇက် (NSS) - ဇွန် ၂၅
ရုရှားနိုင်ငံမှာ ကြေးစားတပ်ဖွဲ့ရဲ့လက်နက်ကိုင်ပုန်ကန်မှုများဖြစ်ပွားလာခဲ့ပြီးနောက် အမေရိကန်ဗိုလ်ချုပ်ကြီး မက်မီလေးဟာ အရှေ့အလယ်ပိုင်းဒေသကိုသွားရောက်မယ့်အစီအစဉ်များကို ဖျက်သိမ်းလိုက်ပြီ ဝါရှင်တန်မြို့မှာ ဆက်လက်နေထိုင်ဖို့ ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်စစ်ဘက်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ရုရှားနိုင်ငံရဲ့အခြေအနေများကြောင့် ဗိုလ်ချုပ်ကြီးမက်မီလေး ဟာ သွားမယ့်ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်" လို့ ပြောပါတယ်။
ဗိုလ်ချုပ်ကြီးမက်မီလေးဟာ အစ္စရေးနဲ့ ဂျော်ဒန်နိုင်ငံတို့ကိုသွားရောက်ပြီး နှစ်နိုင်ငံစလုံးရဲ့ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးဖို့အစောပိုင်းက စီစဉ်ခဲ့ကြောင်း သိရပါတယ်။ ရုရှားစစ်တပ်နဲ့ ရုရှားကြေးစား တပ်ဖွဲ့ကြား အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်ဟာ လည်း သွားရမယ့်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး၊ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့အတူ ရှိနေခဲ့ကြောင်း သိရပါတယ်။
ဆူလီဗန်ဟာ ယူကရိန်းနဲ့ ရုရှားကြားဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခနဲ့ပတ်သက်ပြီး ဒိန်းမတ်နိုင်ငံကိုသွားရောက်ဖို့ အစောပိုင်းက စီစဉ်ခဲ့ကြောင်း သိရပါတယ်။ ရုရှားကြေးစားတပ်ဖွဲ့ဟာ ရုရှားမြို့တွေကို သိမ်းယူခဲ့ပြီးနောက် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားပြည်တွင်းရေးအခြေအနေများကို အနီးကပ်စောင့်ကြည့်နေခဲ့ကြောင်း သိရပါတယ်။
အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားနိုင်ငံရဲ့ပြည်တွင်းရေးအခြေအနေများကြောင့် ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အသာစီးရယူနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ ဒါပေမယ့် ရုရှားစစ်တပ် နဲ့ ရုရှားကြေးစားအဖွဲ့ကြားဖြစ်ပွားတဲ့အငြင်းပွားမှုများဟာ ဘီလာရုစ့်သမ္မတ လူကာရှန်ကိုရဲ့ ကြားဝင်စေ့စပ်ပေးမှု ကြောင့် သဘောတူညီမှုများရရှိခဲ့ပြီး ကြေးစားတပ်များကို ပြန်ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံမှာ အများပြည်သူလုံခြုံရေးအတွက် မီးသတ်ဆေးဗူးတွေ ပြန်လည်သိမ်းဆည်းထားဖို့ အမိန့်ချထား
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ