ဥက္ကလာပဂေါက်ကွင်းမီးပွိုင့်တွင် ကားနှစ်စီးတိုက်မိ၍ (၃)နှစ်အရွယ်ကလေးငယ်အပါအဝင် (၅)ဦးထိခိုက်ဒဏ်ရာရရှိ
စော(NSS) - ဇွန် ၂၅
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာပဂေါက်ကွင်းမီးပွိုင့်တွင် ကားနှစ်စီးတိုက်မိ၍ (၃)နှစ်အရွယ် ကလေးငယ်အပါအဝင် (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၂၄ ရက်) ၊ ည(၁ဝ)နာရီဝန်းကျင်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာ လမ်းနှင့် ဂန္ဓမာလမ်းထောင့်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မေတ္တာသီတာရေစင်ပရဟိတအသင်းထံမှ သိရသည်။
“မီးပွိုင့်ကမီးနီနေတာကို တစ်စီးကဖြတ်မောင်းတော့ တည့်မောင်းတဲ့ကားနဲ့ တိုက်ကြတာပါ။ ဘယ်တစ်စီးကမီးနီဖြတ်မောင်းတာလဲတော့ မသိပါဘူး။ အိမ်စီးကား စက်ရုပ်ကားပေါ်ကလူတွေတော့ ထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး”ဟု မေတ္တာသီတာရေစင်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။
ယာဉ်တိုက်မှုကြောင့် HIJET ယာဉ်ပေါ်မှ အသက်(၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး (၁)ဦးနှင့် အမျိုးသား(၃)ဦးသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား ကောင်းမှုဆောင်လူမှုကယ်ဆယ်ရေးအသင်းမှ မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်ဘီးစီးလာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးပေါ်သို့ သရက်ပင်လဲကျမှု ကမာရွတ်မြို့နယ်၌ဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ