မောင်းမကန်ရဲစခန်းမှ လှည့်ကင်းကားကို PDF အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၂)ဦး သေဆုံး
NSS - ဇွန် ၂၅
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းမှ လှည့်ကင်းကားကို PDF အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၃ ရက် ၊ နံနက် ၁ဝ နာရီခွဲအချိန်ခန့်တွင် မောင်းမကန်ရဲစခန်းအနီး အရောက်၌ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။
“ဖြစ်စဉ်က မှန်ပါတယ်။ မနေ့က ၁ဝ နာရီခွဲလောက်မှာ ကင်းလှည့်သွားပြီးတော့အပြန် မောင်မကန်ရဲစခန်းအနား အရောက် အလစ်အငိုက်မှာ အပစ်ခံရတာပေါ့။ ဒုရဲအုပ်တစ်ယောက်နဲ့ ရဲတပ်ကြပ်တစ်ယောက် ဆုံးသွားတယ်”ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဒုရဲအုပ်အောင်သူထွန်းနှင့် ရဲတပ်ကြပ်ရဲညွန့်တို့သည် နေရာ၌ပင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်း ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇွန်လ ၂၄ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပမှ ထူးခြားသတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ