Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းစစ်မြေပြင်မှ ဂျာမန်တင့်ကားကို ဖျက်ဆီးနိုင်သူ ရုရှားစစ်သားအား အိုလံပစ်နပမ်း ချန်ပီယံက ရူဘယ်ငွေ တစ်သန်း ဆုချီးမြှင့်

Htay Oung (NSS) - ဇွန် ၂၁

ယူကရိန်းစစ်ပွဲမှာ ဂျာမန်လုပ် “လီယိုပတ်” တင့်ကားတစ်စီးကို ဖျက်ဆီးခဲ့တဲ့ရုရှားစစ်သားကို ပုဂ္ဂလိက ဖောင်ဒေးရှင်းတစ်ခုက ရူဘယ်ငွေ ၁-သန်း (အမေရိကန် ဒေါ်လာ ၁၁,၈၄၂) ဆုချီးမြှင့်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇွန်လ ၂ဝ ရက် အင်္ဂါနေ့မှာ ပြောဆိုကြောင်း Reuters က ယမန်နေ့ ရေးသားပါတယ်။

ဆေးရုံကုတင်ပေါ်မှာ ထိုင်လျက်သားနဲ့ အဲဒီစစ်သား “အန်ဒရေ_ကရက်ဗ်ဆော့ဗ်“ ဟာ “ဂရိကို-ရိုမန်န ပမ်း ပြိုင်ပွဲ” သုံးကြိမ်တိုင်တိုင် အိုလံပစ်ချန်ပီယံဖြစ်သူ “အလက်ဇနြ္ဒား_ကာရီလင်” ထံမှ ဆုလက်မှတ် လက်ခံနေပုံ ဗီဒီယိုကို လည်း လွှင့်တင်လိုက်ပါတယ်။

ကရက်ဗ်ဆော့ဗ်က တင့်ကားကို ဘယ်တုန်းက ဖျက်ဆီးခဲ့ခြင်း (သို့မဟုတ်) ဆေးရုံမှာ ကုသပေးနေရတဲ့ အကြောင်း များကို ဝန်ကြီးဌာနက ပြောကြားခြင်းမရှိပါဘူး။ ဗီဒီယိုထဲမှာတော့ ကရက်ဗ်ဆော့ဗ်ဟာ ညာလက်တစ်ဖက် ဆုံးရှုံး ထားပုံရပါတယ်။

ယခုလ စောစောပိုင်း ကိယက်ဗ်က တန်ပြန်ထိုးစစ်ဆင်လာချိန်မှစပြီး ယူကရိန်းတို့ရဲ့ ဂျာမန်လုပ် လီယိုပတ်နဲ့ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ “ဘရက်ဒလီ” တိုက်ခိုက်ရေး သံချပ်ကာယာဉ်အများအပြားတို့ကို ဖျက်ဆီးခဲ့ တယ်လို့ ရုရှားက ပြောပါတယ်။ ရိုက်တာအနေနဲ့ကတော့ မော်စကို ဖော်ပြတဲ့ တင့်ကားအရေအတွက်ကို သီးခြား လွတ်လပ်စွာ အတည်မပြုနိုင်ပါဘူး။

“အထူးစစ်ဘက်_အော့ပရေးရှင်း” လို့ တစ်ခါတစ်ရံ မော်စကိုက ရည်ညွှန်းတဲ့ စစ်ပွဲစတင်ကတည်းက ယူကရိန်း (သို့မဟုတ်) အနောက်နိုင်ငံတို့က ထောက်ပေးထားတဲ့ စစ်ယန္တရားများကို ဖျက်ဆီး (သို့မဟုတ်) သိမ်းပိုက်နိုင်ခဲ့သူ ရုရှားစစ်မှုထမ်း ၁ဝဝဝဝ ကျော်တို့ကို တစ်ဦးချင်းစီ ဘောနပ်စ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ တင့်ကားတစ်စီး အတွက် ရူဘယ် ၁ဝဝဝဝဝ နဲ့ လေယာဉ်တစ်စင်းအတွက် ရူဘယ်ငွေ ၃ဝဝဝဝဝ ရူဘယ်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ မော်စကိုကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ပုဂ္ဂလိက ဆုကြေးငွေအတွက် သက်သေခံလက်မှတ်ကို လွှဲပြောင်းပေးအပ်စဉ် “ရန်သူကို ထူးခြားပြောင်မြောက်စွာ ချေမှုန်းခဲ့သူတို့အတွက် နိုင်ငံတော်လုပ်ဆောင်ပေးနေတဲ့အပြင် ဟောဒါက အံ့သြစရာ ထပ်ဆောင်း ချီးမြှင့်ခြင်းပါပဲ” လို့ အလက်ဇန်းကာရီလင်က အန်ဒရေကရက်ဗ်ဆော့ဗ်ကို ပြောပြပါတယ်။

အဲဒီ ဆုကြေးငွေဟာ ပုဂ္ဂလိကစွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်စုက တည်ထောင်ထားတဲ့ ရန်ပုံငွေမှ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံအတွင်း စစ်ရေးဆောင်ရွက်နေတဲ့ ကရင်မလင်အပေါ် သူတို့ရဲ့သစ္စာစောင့်သိမှုကို လူသိရှင်ကြား ဖော်ပြဖို့အတွက် ရုရှားစီးပွားရေးလုပ်ငန်းအချို့က နည်းလမ်းရှာပုံ ဥပမာတစ်ခုဖြစ်တယ်လို့ သတင်းမှာ ဆက်လက် ဖော်ပြပါတယ်။


#အထူးစစ်ဘက်_အော့ပရေးရှင်း #ယူကရိန်း #ရုရှားကာကွယ်ရေး၀န်ကြီးဋ္ဌာန #အန်ဒရေ_ကရက်ဗ်ဆော့ဗ် #ဂရိကို-ရိုမန်နပမ်းပြိုင်ပွဲ #ဂျာမန်_လီယိုပတ်တင့်ကား အမေရိကန်_ဘရက်ဒလီ_တိုက်ခိုက်ရေးတင့်ကား #အလက်ဇန်း_ကာရီလင်

(Reuters., 20 June 2023,” Russian soldier gets $12,000 for destroying German tank in Ukraine” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စင်ကာပူမှာ ကလေးမွေးဖွားမှုကို အားပေးတဲ့အနေနဲ့ ဇူလိုင်လမှစ၍ သတ်မှတ်အရည်အချင်းများပြည့်မီတဲ့မိဘတွေကို စင်ကာပူဒေါ်လာ ၃ဝဝဝ စီ ထပ်မံထောက်ပံ့မည်

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved