Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နေတိုးအဖွဲ့၏ စစ်လက်နက်ပစ္စည်းများ ကုန်ခမ်းနေပြီဖြစ်ကြောင်း နေတိုးအဖွဲ့အကြီးအကဲ ပြော

Pika (NSS) - ဇွန် ၂ဝ 

ယူကရိန်းကို ပြီးခဲ့သည့်တစ်နှစ်တာကာလအတွင်း စစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးခဲ့ခြင်းကြောင့်  ကုန်သွား သော လက်နက်နှင့် ခဲယမ်းမီးကျောက်များကို ပြန်လည်ဖြည့်တင်းရန်အတွက် နေတိုးအဖွဲ့သည် ပိုမိုကောင်းမွန် သော စက်မှုလုပ်ငန်းများကိုလိုအပ်နေကြောင်း နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုလ်တန်ဘာ့ချ် က ပြောကြားခဲ့သည်။

အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့သည် (၂ဝ၁၄)ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့သည့်အတိုင်း ယူကရိန်းကို ဆက်လက်ထောက်ခံရမည်ဖြစ်ကြောင်း ဂျန်စတိုလ်တန်ဘာ့ချ် က ဝန်ခံပြောဆိုခဲ့သည်။

ဂျန်စတိုလ်တန်ဘာ့ချ် က "ကျွန်တော်တို့မှာ ပိုမိုကောင်းမွန်တဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းတွေကို လိုအပ်နေပါ တယ်။ ကျွန်တော်တို့မှာရှိတဲ့ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ကုန်သလောက်နီးပါးဖြစ်နေတဲ့အတွက် ပြန်လည် ဖြည့်တင်းဖို့ လိုအပ်ပါတယ်။ ဒါက ဂျာမနီနိုင်ငံမှာတင်မဟုတ်ဘဲ နေတိုးအဖွဲ့မှာပါဝင်တဲ့ နိုင်ငံအတော်များများမှာ ဖြစ်နေတာပါ" ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ပြီးခဲ့သည်သီတင်းပတ်တွင် စစ်ဘက်လုပ်ငန်းနယ်ပယ်မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပြီး လက်နက် ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များကို ပိုမိုမြှင့်တင်ရန်အတွက် အကောင်းဆုံးနည်းလမ်းများကို ဆွေးနွေးခဲ့ ကြောင်း ဂျန်စတိုလ်တန်ဘာ့ချ် က ပြောကြားခဲ့သည်။ လက်နက်နှင့် ခဲယမ်းမီးကျောက်ထုတ်လုပ်မှုများ ပိုမိုမြှင့်တင် ခြင်းသည် ယူကရိန်းအတွက် နေတိုးအဖွဲ့၏ ကူညီပံ့ပိုးပေးမှုများကို ဆက်လက်ထိန်းထားရန် သော့ချက်တစ်ခုဖြစ် ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ထို့အပြင် ရုရှားနှင့် ယူကရိန်းကြား ဖြစ်ပွားနေသော စစ်ပွဲတွင် ယူကရိန်းအနိုင်ရရှိမှသာလျှင် တရားမျှတပြီး ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ကြောင်း ဂျန်စတိုလ်တန်ဘာ့ချ် က အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ ယူကရိန်းတပ်ဖွဲ့များသည် ပြီးခဲ့သည့်သီတင်းပတ်တွင် ကြီးမားသောတန်ပြန်ထိုးစစ်ဆင်မှုများလုပ်ဆောင်ရန် ကြိုးပမ်းခဲ့ပြီး တပ်ဖွဲ့ဝင်အများအပြား ဆုံးရှုံးခဲ့ရသလို အနောက်အုပ်စုနိုင်ငံများမှ ပံ့ပိုးပေးသော လက်နက်များလည်း ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

ရုရှားနှင့် ယူကရိန်းကြား စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများသည် အမေရိကန် ဒေါ်လာ(၁ဝဝ)ဘီလျံကျော်တန်ဖိုးရှိ လက်နက်များ၊ ကိရိယာများ နှင့် ခဲယမ်းမီးကျောက်များကို ယူကရိန်းထံ ပေးပို့ ကူညီခဲ့ကြောင်း သိရသည်။ ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုးပေးမှုသည် ရုရှားနှင့်စစ်ပွဲတွင် ပါဝင် ပတ်သက်နေခြင်းမျိုးမဟုတ်ကြောင်း အနောက်အုပ်စုနိုင်ငံများက အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ 

အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို လက်နက်များပံ့ပိုးပေးရုံသာမက ယူကရိန်းတပ်ဖွဲ့များကို ယူကရိန်း၊ ဂျာမနီ၊ အီတလီ နှင့် အခြားနေရာများတွင် လေ့ကျင့်ပေးခြင်းဖြင့် ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ် က အကြိမ်ကြိမ်စွပ်စွဲပြောဆိုခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အလွတ်သဘောဆွေးနွေးပွဲက မြန်မာ့အကျိုးအတွက်ဖြစ်သလို ထိုင်းနိုင်ငံရဲ့အကျိုးစီးပွားအတွက်လည်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved