ရန်ကုန်လေဆိပ်၌ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီ၏မန်နေဂျာ၊ ကလေး(၃)ဦး၏ဖခင် သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံရ
NP News - ဇွန် ၂ဝ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ စီမံခွန့်ခွဲဝန်ဆောင်ပေးနေသည့် ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ ကလေး(၃)ဦး၏ ဖခင်ဦး ရဲနိုင်ကို PDF များက သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဦးရဲနိုင်သည် ယမန်နေ့(ဇွန်လ ၁၉ ရက်)၊ ညနေ ၆ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ခရေရိပ်သာလမ်း(၁)ရှိ ၎င်း၏နေအိမ်ရှေ့၌သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံ ရေးအဖွဲ့ဝင်များနှင့်နီးစပ်သူက NP News ကိုပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီမံခန့်ခွဲဝန်ဆောင်မှုပေးနေသည့် Yangon Aerodrome Company Limited (YACL)၏ မန်နေဂျာဖြစ်သူ ဦးရဲနိုင်သည် လုပ်ငန်းခွင်မှတစ်ဆင့် နေအိမ်သို့ ပြန်လာစဉ်အချိန် အိမ်ရှေ့အရောက်၌ PDF အကြမ်းဖက်သမား(၂)ဦးက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။
“သူ့မှာ ကလေး(၃)ယောက် ကျန်ခဲ့တယ်။ ဖြစ်တဲ့ညနေပိုင်းမှာ သူက အလုပ်ကနေ ပြန်လာတဲ့အချိန် သူ့အိမ်ရှေ့ တံခါးဝအနားမှာ တံခါးဖွင့်ဖို့ လုပ်နေတဲ့အချိန်ပေါ့ သူ့အနားကို လာပြီးတေ့ပစ်သွားတာ။ ပစ်တဲ့အချိန်မှာ ကားထဲဝင်ပြီး ထွက်ပြေးဖို့ ကြိုးစားလိုက်သေးတယ်။ ဒါပေမယ့် မမှီလိုက်ဘူး။ သေနတ်သံတွေ ကြားလိုက်ပြီးတော့ သူ့ကလေးတွေက ထွက်ကြည့်တဲ့အချိန်မှာ သူ့တို့အဖေက အဲဒီလို ဖြစ်သွားတာပေါ့” ဟု ဦးရဲနိုင်၏ မိတ်ဆွေတစ်ဦးက NP News ကို အသိပေးပြောဆိုထားသည်။
PDF အကြမ်းဖက်သမား(၂)ဦးသည် ဦးရဲနိုင်အား ပစ္စတိုသေနတ်ဖြင့် (၉)ချက်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးရဲနိုင်သည် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ကုသစဉ်အချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဦးရဲနိုင်သည် ရန်ကုန်လေဆိပ်လုံခြုံရေးအမှုဆောင်အရာရှိချုပ် မဟုတ်ဘဲ လေဆိပ်၌ စီမံခန့်ခွဲဝန်ဆောင်မှုပေးနေသည့် အေးရှားဝေါလ်ကုမ္ပဏီ၏ကုမ္ပဏီခွဲဖြစ်သည့် YACL ၏ မန်နေဂျာတစ်ဦးသာဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေက ဆက်လက်ပြောဆိုထားသည်။
“ဒါနဲ့ပတ်သက်ပြီးတော့ ကုမ္ပဏီထဲမှာ သတင်းပေးရှိပုံပေါ်တယ်။ သူဘယ်အချိန်ပြန်တယ်။ ဘယ်အချိန်သွားတယ်ဆိုတာကို သတင်းပေးရှိပုံပေါ်တယ်။ ဘယ်အချိန်ပြန်လာပြီ။ ဘယ်အချိန်စထွက်ပြီဆိုတာကို သတင်းပေးခဲ့ပုံပေါ်တယ်။ နောက်တစ်ခုက သူ့က CDM တွေကို ဖမ်းတယ် ဘာညာဆိုတာက ဒါက သူ့အလုပ် မဟုတ်ဘူး။ သူနဲ့လည်း မဆိုင်ဘူး။ သူက သူများတွေ အလုပ်အကိုင်အခက်အခဲရှိရင် ကူညီပေးတာသာရှိတာ။ စိတ်ကောင်းစေတနာရှိတဲ့သူတစ်ယောက်ပါ။ စစ်သားဟောင်း တစ်ယောက်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် စစ်တပ်ကအနေ အငြိမ်းစားယူထားတာ ကြာလှပြီ။ ၁ဝ နှစ်လောက်ရှိနေပြီ” ဟု ၎င်းက ပြောသည်။
ဦးရဲနိုင်သည် အငြိမ်းစားဗိုလ်ကြီးတစ်ဦး ဖြစ်သော်လည်း တပ်မတော်မှ အငြိမ်းစားယူထားသည်မှာ (၁ဝ)နှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
ဦးရဲနိုင်ကို Urban Owls ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့က ဇွန်လ ၁၉ ရက်က အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမည့် မိုးစပါးစီမံကိန်းအတွက် သွင်းအားစုများကို သက်သာသော အထူးဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရန် နစကဝန်ကြီး တိုက်တွန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ