မူဆယ်မြို့ပေါ်ရှိ ခေါက်ဆွဲဆိုင်၌ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
သန့်ဇင် (NSS) - ဇွန် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ပေါ်ရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်၌ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သော (ဇွန်လ ၁၆ ရက်)၊ နံနက်(၉)နာရီ အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမူတုံရက်ကွက်ရှိ "မြို့သားကြီး"ခေါက်ဆွဲဆိုင်၌ ဖြစ်၌ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သေဆုံးသူအမျိုးသားသည် အဆိုပါခေါက်ဆွဲဆိုင်၌ ထိုင်နေစဉ် အကြမ်းဖက်(၂)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။
ထိုသို့ပစ်ခက်မှုကြောင့် ကောင်းမှုတုံရက်ကွက်နေ ဦးကိုလေး(၅၅)နှစ်သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာလှည့်ခရီးသွားများကို အပြည့်အဝ ကာကွယ်ပေးနိုင်ရန် ပြည်တွင်း၌ မူဝါဒများနှင့် ဥပဒေများ ချမှတ်အကောင်အထည်ဖော်လျက်ရှိနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ