Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများက ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေခဲ့ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီးပြော

Pika (NSS) - ဇွန် ၁၇

 ပြီးခဲ့သည့်နှစ်က ရုရှားအပေါ်ချမှတ်ခဲ့သည့် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အခြေခံသဘောတရားများကို ထိခိုက်စေခဲ့ပြီး အနောက်အုပ်စုနိုင်ငံများအပေါ် အခြားနိုင်ငံများ၏ ယုံကြည်မှုများ ကျဆင်းသွားခဲ့ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီး အန်တွန်ဆေးလ်ဝါနော့ဗ်ကပြောကြားခဲ့သည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားသည် ပိတ်ဆို့အရေးယူမှုများကို စိတ်ပျက်နေပြီဖြစ်ပြီး အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် ၎င်းတို့မျှော်လင့်ထားသည့် ရလဒ်အတိုင်းမဖြစ်ခဲ့ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။ 

ရုရှားဘဏ္ဍာရေးဝန်ကြီးက "ကမ္ဘာကြီးကပြောင်းလဲနေသလို ကျွန်တော်တို့ကလည်း အဲဒီအတိုင်းပြောင်းလဲနေတာပါ။ အရန်ငွေကြေးတွေ၊ ကုန်သွယ်မှုစည်းမျဉ်းတွေ၊အရင်းအနှီးစီးဆင်းမှုတွေစတဲ့ အဆင့်မြင့်စီးပွားရေးတွေရှိတယ်လို့ ယူဆခံခဲ့ရတဲ့ နိုင်ငံကြီးတွေဟာ အခြားနိုင်ငံတွေရဲ့ ယုံကြည်ကိုးစားမှုတွေကို ပျက်ပြားအောင်လုပ်ဆောင်နေတာကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဝါဒရဲ့ ဘောင်အတွင်း လုပ်ဆောင်ခဲ့တဲ့စည်းမျဉ်းတွေနဲ့ နိုင်ငံအားလုံးက ရရှိခဲ့တဲ့ အကျိုးအမြတ်တွေအားလုံးက ပျက်စီးနေပါပြီ"ဟု ပြောသည်။

ပိတ်ဆို့အရေးယူမှုတွေချမှတ်ခဲ့သည့် နိုင်ငံများသည် ပြန်လည်အကျိုးသက်ရောက်မှုများကို ရင်ဆိုင်နေရပြီး ရုရှားနိုင်ငံကို ကမ္ဘာ့စီးပွားရေးစနစ်မှ ဖယ်ထုတ်ရန်လုပ်ဆောင်သည့် ခြေလှမ်းများသည် လုပ်ဆောင်သည့် နိုင်ငံများအပေါ်တွင်လည်း သက်ရောက်မှုများရှိကြောင်း ၎င်းက ပြောသည်။

"အဲဒီနိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှုတွေ၊စွမ်းအင်ဈေးနှုန်းမြင့်တက်လာတာတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းတာတွေ ဖြစ်နေပါတယ်။ဒါဟာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဝါဒကို ဆန့်ကျင်ခြင်းရဲ့ရလဒ်ဖြစ်ပြီး ရုရှားဖက်ကစတင်ခဲ့တာတော့မဟုတ်ပါဘူး"ဟု ရုရှားဘဏ္ဍာရေးဝန်ကြီးက ပြောဆိုခဲ့သည်။

၎င်းက "ရုရှားနိုင်ငံဟာ မိတ်ဖက်နိုင်ငံတွေကို ရွေးချယ်ရာမှာ သူတို့ဘာပေးနိုင်လဲဆိုတာကို မကြည့်ဘဲ ရင်းရင်းနှီးနှီးရှိပြီး တန်းတူညီမျှ ကုန်သွယ်မှုပြုလုပ်ဖို့ အဆင်သင်ဖြစ်နေတဲ့ နိုင်ငံတွေကိုပဲ ရွေးချယ်တာပါ"ဟု ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံသည် လအနည်းငယ်အတွင်း နိုင်ငံတွင်းစီးပွားရေးကို ပြန်လည်ဖွဲ့စည်းခြင်းဖြင့် စီးပွားရေးအခြေအနေများကို လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်ခဲ့ကြောင်း  အန်တွန်ဆေးလ်ဝါနော့ဗ်ကပြောကြားခဲ့သည်။  အန်တွန်ဆေးလ်ဝါနော့ဗ်က "နိုင်ငံခြားကုန်သွယ်မှုမှာ ကျွန်တော်တို့မရှုံးခဲ့ပါဘူး။ဈေးကွက်သစ်တွေကိုလည်း ရှာတွေ့ခဲ့ပါတယ်။ တရုတ်၊ တူရကီ၊ ပင်လယ်ကွေ့နိုင်ငံတွေ နဲ့ အိန္ဒိယနိုင်ငံတို့နဲ့အတူ ကုန်သွယ်မှုတွေကလည်း တိုးလာနေပါတယ်။ ရုရှားစီးပွားရေးကျဆင်းတာမျိုးမရှိဘဲ ပိုမိုကြီးထွားလာနေတာပါ"ဟု ပြောဆိုခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မစားဖူးသောမှိုများ အပါအဝင် အဆိပ်ရှိသည်ဟု သံသယရှိသော မှိုများကို လုံးဝမစားရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေးထုတ်ပြန်

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved