ဖာပွန်မြို့နယ်သစ်တောဦးစီးမှူးနေအိမ်အား KNU/KNLA အဖွဲ့က မိုင်းထောင်ဖျက်စီးခဲ့ဟု ရဲတပ်ဖွဲ့ဆို
သန့်ဇင်(NSS) - ဇွန် ၁၇
ကရင်ပြည်နယ်၊ဖာပွန်မြို့နယ်၌ KNU/KNLA အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် မြို့နယ်သစ်တောဦးစီးမှူး ရုံးဝန်းရှိ နေအိမ်(၁)လုံး ပြိုကျပျက်စီးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇွန် ၁၄ ရက် နံနက် ၈ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ အမှတ် (၁)ရက်ကွက်ရှိ မြို့နယ်သစ်တောဦးစီးမှူးရုံးဝန်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြို့နယ်သစ်တောဦးစီးမှူးရုံးဝန်းအတွင်းရှိ မြို့နယ်သစ်တောဦးစီးမှူး နေထိုင်ရန် ဆောက်လုပ်ထားသည့် နေအိမ်ကို KNU/KNLA အဖွဲ့က ဖောက်ခွဲဖျက်စီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ထိုသို့ ဖောက်ခွဲမှုကြောင့် မြို့နယ်သစ်တောဦးစီးမှူး နေထိုင်ရန်ဆောက်လုပ်ထားသော အလျား ၃၀ပေ၊ အနံ ၃၅ ပေ၊အမြင့် (၁၂)ပေရှိ RC (၁)ထပ်အိမ်တစ်လုံး ဘေးနံရံများ ပြိုကျကာ သွပ်များ ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အထက်ပါဖြစ်စဉ်နှင့်ပက်သက်၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတွင်းစုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်း/ပြည်ပက ၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော သတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ