အစ္စရေးမြို့တော်မှာ ကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်ဖို့ ရုရှားအတည်ပြု
ရောင်နီ (NSS) - ဇွန် ၁၇
အစ္စရေးနိုင်ငံမြို့တော် ဂျေရုဆလင်မှာ ရုရှားကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ်သွားမယ်လို့ အစ္စရေးနိုင်ငံရှိ ရုရှားသံရုံးနဲ့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။
၁၈၈၅ ခုနှစ်က ရုရှား ဝယ်ယူခဲ့တဲ့ အနောက်ဂျေရုဆလင်မြေကွက်ကို အစ္စရေးနိုင်ငံရှိ ရုရှားသံရုံးက ပြီးခဲ့တဲ့ မေလ ၁၈ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ အဆိုပါ မြေကွက်ကို ကောင်စစ်ဝန်ရုံးအတွက် အသုံးပြုမယ့် အဆောက်အအုံများဆောက်လုပ်ဖို့ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အယ်လီကိုဟန်က ဒါဟာ ဂျေရုဆလင်မှာ နိုင်ငံခြားရေးမစ်ရှင်အရေအတွက်တိုးမြင့်လာစေဖို့ သံတမန်ရေးအရ အောင်မြင်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံဟာ အဆိုပါ အဆောက်အအုံကို ၅ နှစ်မှ ၁ဝ နှစ်အတွင်း ဆောက်လုပ်ဖို့ စီစဉ်ထားတယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ သံအမတ်ကြီး အန်နာတိုလီဗီခ်ကိုရော့ဗ်က ပြောကြားပါတယ်။
ဂျေရုဆလင်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိဖို့အတွက် အကြီးမားဆုံး အတားအဆီးတစ်ခုဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲမှာ အရှေ့ဂျေရုဆလင်ကို သိမ်းပိုက်ခဲ့တဲ့ အစ္စရေးဟာ ၎င်းကို ထာဝရခွဲခြားမရနိုင်တဲ့ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့(PA) ကလည်း အရှေ့ဂျေရုဆလင်ဟာ ပါလက်စတိုင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်သင့်တယ်လို့ အခိုင်အမာပြောဆိုထားပြီး နှစ်နိုင်ငံကြား ပဋိပက္ခဟာ အခုထိ ဆက်လက်တည်ရှိနေခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆော်ဒီအာရေဗျအပေါ် အမေရိကန် သြဇာ ဘာကြောင့်ကျ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း