Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ် အကြီးအကဲ ဘင်္ဂလားဒေ့ရ်ှသို့ လာရောက်မည်

Htay Oung (NSS) - ဇွန် ၁၇

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးဆိုင်ရာ အကြီးအကဲ ယန်းပီရာလက်ကွိုင်ဟာ ဒါကာကို လာရောက်ဖို့ရှိနေပြီး ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် ငြိမ်းချမ်းရေးတပ်သားများကို ထပ်မံခေါ်ယူဖို့ ကတိပြုဖွယ်ရှိ တယ်လို့ Dhaka Tribune က ယမန်နေ့ (ဇွန်လ ၁၆ ရက်)မှာ ရေးသားပါတယ်။

.ဇွန်လ ၂၅ ရက်မှ ၂၆ ရက်အထိ လာရောက်မယ့် ကိစ္စဟာ ၂ဝ၂၃ ခုနှစ် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးဝန်ကြီးအဆင့် အစည်းအဝေးရဲ့ အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ကနေဒါ၊ ဥရုဂွေးတို့နဲ့အတူ ပူးတွဲအိမ်ရှင်ဖြစ်ပါတယ်။

ပီရာလက်ကွိုင်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးဆိုင်ရာ စစ်ဆင်ရေးဌာန (USG DPO) ရဲ့ အကြီးအကဲအဖြစ် ကြိုတင်ပြင်ဆင်မှု အစည်းအဝေးကို တက်ရောက်ဖို့ ရှိနေပါတယ်။

အဲဒီ အစည်းအဝေးဟာ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအတွက် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီး များပါဝင်မှုဖြင့် နှစ်စဉ်ကျင်းပတဲ့ အဆင့်မြင့် ဟောပြောမှု အခမ်းအနားဖြစ်ပါတယ်။

တောင်ကိုရီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂ဝ၂၁ ခုနှစ် ပွဲစဉ်ပြီးနောက် ၂ဝ၂၃ ခုနှစ် ဝန်ကြီးအဆင့် အစည်းအဝေးကို ဒီဇင်ဘာလ ၅ ရက်မှ ၆ ရက်အထိ အာဖရိကတိုက် အနောက်ပိုင်း ဂါနာနိုင်ငံ အက္ကရာမြို့မှာ ကျင်းပမယ်လို့ သိရှိရပါတယ်။

ယခုအခမ်းအနားမှာ ပါဝင်တက်ရောက်ဖို့အတွက် ငြိမ်းချမ်းမှုထိန်းသိမ်းရေး အထူးကော်မတီမှာ ပါဝင်တဲ့ အဖွဲ့ ဝင်နိုင်ငံအားလုံးကို ဖိတ်ကြားသွားမှာဖြစ်ပြီး ဝန်ကြီးအဆင့် ဦးဆောင်ကျင်းပမယ့် ကြိုတင်ပြင်ဆင်မှု အစည်းအဝေးများကို ဆက်တိုက်ကျင်းပသွားမယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရ်ှဟာ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းမှုလုပ်ငန်းများရဲ့ ယူနီဖောင်းဝတ်ဝန်ထမ်းများအတွက် ထိပ်တန်းပံ့ပိုးကူညီသူဖြစ်ပါတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရ်ှတပ်ဖွဲ့ဝင် ၇၅ဝဝ ခန့်ဟာ  ငြိမ်းချမ်းမှုထိန်းသိမ်းရေးဆိုင်ရာ မစ်ရှင် ၉ ခုမှာ ပါဝင်နေကြပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းများမှာ တာဝန်ထမ်းဆောင်ရင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၁၆၆ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရ်ှမစ်ရှင်က ပြောဆိုပါတယ်။ 

ယန်းပီရာလက်ကွိုင်လာရောက်မယ့်ကိစ္စဟာ ဒါကာအတွက် အားတက်စရာကောင်းပြီး အပြုသဘောဆောင်တဲ့ ခရီးစဉ်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရ်ှကနေ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်သားတွေကို ပိုမိုခေါ်ယူဖို့ ကတိပြုနိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပြပါတယ်။ 

အသက် ၆၃ နှစ်အရွယ် ပြင်သစ် သံတမန်တစ်ဦးဖြစ်သူ ယန်းပီရာလက်ကွိုင်ဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးရဲ့  ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် ၇ ဦးမြောက် အကြီးအကဲအဖြစ် ၂ဝ၁၇ ခုနှစ်မှာ စတင်တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒါမတိုင်မီ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဆွီဒင်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး၊ နယူးယောက်ရမြို့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်နိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂညွှန်ကြားရေးမှူးအဖြစ်တာဝန်ယူခဲ့ဖူးပါတယ်။

ပီရာလက်ကွိုင် အကြီးအကဲဖြစ်လာချိန် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်မှာ သံခမောက်ပြာ တပ်သားအင်အား ၁၂ဝဝဝဝ ခန့်ရှိနေပြီး ကမ္ဘာအရပ်ရပ် မစ်ရှင်ပေါင်း ၁၆ ခုတို့မှာ ဖြန့်ကြက်ထားပါတယ်။ အာဖရိကမှာ အများစုဖြစ်ပြီး အထူးသဖြင့် မာလီ၊ တောင်ဆူဒန်နဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ရဲ့  မတည်မငြိမ်ဖြစ်နေတဲ့ နယ်မြေများအတွင်း တာဝန်ယူနေကြပါတယ်။

အာရှတိုက်မှာ အိန္ဒိယ-ပါကစ္စတန်ပဋိပက္ခ စစ်ရေးလေ့လာမှုအုပ်စု (UNMOGIP)ဖြစ်ပြီး ဆီးရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ဆိုက်ပရပ်စ်၊ ဆားဗီးယား၊ အနောက်ဆာဟာရ၊ ဆူဒန်နိုင်ငံတို့ရဲ့ မစ်ရှင်အသီးသီးမှာ တပ်စွဲထားကြပါတယ်။

(Dhaka Tribune., 16 June 2023,” UN peacekeeping chief coming to Bangladesh.” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်သူလူထုလိုလားသော ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖယ်ရန် ဆောင်ရွက်မည်မဟုတ်ဟု တပ်ချုပ်ဆို

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved