Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်သူလူထုလိုလားသော ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖယ်ရန် ဆောင်ရွက်မည်မဟုတ်ဟု တပ်ချုပ်ဆို

မျိုးကြီး (NSS) - ဇွန် ၁၇

ပြည်သူလူထုလိုလားသော ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖယ်ရန် ဆောင်ရွက်မည်မဟုတ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက ယမန်နေ့(ဇွန်လ ၁၆ ရက်)တွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရုံး ဌာနအသီး သီးတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိငယ်များနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

၂ဝ၁ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ပထမအကြိမ်ရွေးကောက်ပွဲ၌ အနိုင်ရရှိသည့်ပါတီဘက်မှ ဒီမိုကရေစီအစိုးရတစ်ရပ်တက်လာခဲ့ပြီး တပ်မတော်အနေဖြင့် လက်တွဲညီညီကြိုးပမ်းဆောင်ရွက်ခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် ၂ဝ၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအနိုင်ရရှိပြီး တက်လာသည့် ဒီမိုကရေစီအစိုးရ ဒုတိယသက် တမ်း၌ တပ်မတော်အနေဖြင့် ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် နိုင်ငံရေးအတွေ့အကြုံများအရ ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ လုပ်သင့်လုပ်ထိုက်သည်များကို အကြံဉာဏ်ပေးခြင်း၊ ကူညီပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှုအားနည်းသည်ကို တွေ့ရှိခဲ့ရကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုထား သည်။

ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲစာရင်းကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောဆိုခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် လုပ်ဆောင်လာခဲ့သည့်အတွက် တပ်မတော်မှ နိုင်ငံတော်၏ တာဝန်များကို ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်းလည်း တပ်ချုပ်က အရာရှိငယ်များကို အသိပေးပြောဆိုခဲ့သည်။

ထိုသို့ အာဏာရယူခဲ့ခြင်းသည် ပြည်သူလူထု လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက်သာဖြစ်ပြီး ၎င်းလမ်းကြောင်းပေါ်မှသွေဖယ်ရန် ဆောင်ရွက်မည်မဟုတ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုကာ ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အာဏာရယူထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် အထွေ ထွေရွေးကောက်ပွဲကျင်းပပေးမည့်ရက်ကို အတိအကျတရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော် လည်း ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်များ ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။

အခြားတစ်ဖက်၌ နိုင်ငံ့တာဝန်ထမ်းဆောင်နေသည့် နစကအစိုးရအား ဆန့်ကျင်တော်လှန်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများမှာလည်း လက်ရှိတွင်များပြားလျက်ရှိပြီး နေရာအနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်ကို တွေ့ရှိရသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေကြောင်း ထည့်သွင်းပြောဆိုထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားနိုင်ငံရဲ့ဖြစ်တည်မှုနဲ့အချုပ်အခြာအာဏာကို ခြိမ်းခြောက်လာရင် နျူကလီးယားလက်နက်များအသုံးပြုမယ်လို့ သမ္မတ ပူတင်ထုတ်ဖော်သတိပေး

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved