လေ့ကျင့်ရေးရဟတ်ယာဥ်တစ်စီး စက်ချို့ယွင်းမှုကြောင့် မတော်တဆမှုဖြစ်ပွားခဲ့ရာ ရဟတ်ယာဥ်မှူးအပါအဝင်(၂)ဦးကျဆုံး
NSS - ဇွန် ၁၅
တပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဥ်တစ်စီး လေ့ကျင့်ပျံသန်းနေစဥ် စက်ချို့ယွင်းမှုကြောင့် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ယနေ့(ဇွန်လ ၁၅ ရက်)၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရဟတ်ယာဥ်မှူးတစ်ဦးနှင့် သင်တန်းသားတစ်ဦးတို့ လိုက်ပါလာသည့် တပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဥ်တစ်စီးသည် နေပြည်တော်မှ မိတ္ထီလာသို့ ပျံသန်းနေစဥ် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထိုသို့ လေ့ကျင့်ပျံသန်းနေစဥ် လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာ၏ အနောက်တောင်ဘက် (၅)မိုင်ခန့် အကွာသို့ အရောက်၌ ရုတ်တရက် စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ပြီး မြေပြင်သို့ ပြုတ်ကျခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဥ်ကြောင့် ရဟတ်ယာဥ်ပေါ်တွင် လိုက်ပါလာသည့် ရဟတ်ယာဥ်မှူးနှင့် သင်တန်းသားဖြစ်သူတို့သည်ကျဆုံးခဲ့ပြီး ရဟတ်ယာဥ်ပျက်စီးခဲ့ကြောင်း နစကမှ ဆိုထားသည်။
၎င်းတို့၏ ရုပ်အလောင်းများကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမှ ရှင်သန်ရေးလူမှုကူညီရေးအသင်းက အာဆီယံဆိုင်ရာ ထူးချွန်ဆုကိုရရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ