ဇေယျာသီရိမြို့နယ်တွင် ကုန်တင်ကား (၂)စီး မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NSS) - ဇွန် ၁၅
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် CANTER အမျိုးအစားကုန်တင်ကား(၂)စီး မျက်နှာချင်းဆိုင်တိုက်မိ၍ အမျိုးသား(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၁၄ ရက်)၊ ည ၁၁နာရီခွဲအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ခရေပင်လမ်းခွဲအနီး၊ ဝင်ပျံရွာထိပ်၊ မိုင်တိုင် (၂၄ဝ)တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ကရုဏာရှင် လူမှုကူညီရေးပရဟိတအသင်းထံမှ သိရသည်။
နေပြည်တော်၊ ပျဉ်းမနားဘက်မှ တပ်ကုန်းဘက်သို့ မောင်းနှင်လာသည့် NISSAN CANTER ယာဉ်သည် တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့ မောင်းနှင်လာသော MITSUBISHI CANTER ယာဉ်အား အရှိန်မထိန်းနိုင်ပဲ မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်ကြားတာကတော့ Canter ကားတစ်စီးက ဘရိတ်ပေါက်ပြီး အခြားတစ်ဖက်က Canter ကားတစ်စီးကို သွားတိုက်မိတယ်လို့ကြားတယ်။ ထိခိုက်ဒဏ်ရာရတဲ့လူတွေက သိပ်မစိုးရိမ်ရပါဘူး”ဟု ကရုဏာရှင်လူမှုကူညီရေး ပရဟိတအသင်းထံမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သည့် ကိုနေလင်းထွန်း(၂၁)နှစ် အပါအဝင် ဦးစိုးတင့် (၅၃)နှစ်၊ ဦးသန်းလွင်ဦး(၃၇)နှစ် နှင့် ဦးခိုင်လင်ဦး(၃၇)နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို နေပြည်တော်ကုတင်(၁ဝဝဝ)ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန် အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၌ မုတ်သုံလေအားကောင်းနေမှုကြောင့် မိုးကြီးခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ