Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သံတင်သွင်းခွင့်ပါမစ်ပိတ်ထားမှုကြောင့် သံဈေးနှုန်းများမြင့်တက်နေပြီး ပစ္စည်းရှားပါးမှုများပါကြုံတွေ့နေရ

ယွန်း (NP News) - ဇန်နဝါရီ ၆

ပြည်တွင်း၌ သံထုတ်လုပ်မှု လုံလောက်မှုမရှိသည့်အပြင် သံတင်သွင်းခွင့်ပါမစ်ပိတ်ထားမှုကြောင့် သံဈေးများမြင့်တက်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။

“သံဈေးတွေတက်တာ အဓိကကတော့ ပါမစ်ပေါ့နော်။ ကမ္ဘာ့သံဈေးမှာတော့ သံဈေးကကျနေတယ်။ သံဈေးတွေတက်နေတော့ အခက်အခဲတွေရှိတာပေါ့နော်။ ဆောက်လုပ်ရေးလုပ်ငန်းတွေက သံရဖို့ အရေးကြီးတာပေါ့နော်။ သံကဈေးကွက်ထဲမှာ ဈေးတက်တာတင်မဟုတ်ဘူး ပစ္စည်းပါရှားလာတာ”ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် သံဈေးတက်မှုဖြင့် ရင်ဆိုင်နေရသည့်အပြင် ပစ္စည်းရှားပါးမှုများကိုပါ ကြုံတွေ့နေရကြောင်း သိရသည်။

ထို့ပြင် လတ်တလော သံဈေးကွက်တွင် သံဈေးသည် တစ်တန်လျှင် (၁၅ဝဝဝဝ) အထိရှိနေပြီး ပစ္စည်းမရမှုသည် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အဓိကပြဿနာဖြစ်ကြောင်း ၎င်းမှဆိုသည်။

“အဓိကက ပစ္စည်းမရတာပဲ။ ပစ္စည်းရှားသွားတယ်ဆိုတာက အခုချိန်က ဆောက်လုပ်ရေးလည်း အဲ့လောက်အများကြီးရှိတာ မဟုတ်ဘူးလေ။ အလုပ်မကောင်းလို့လေ။ ဒါပေမယ့်လည်း သွင်းထားတဲ့သူတွေက တချို့ကလည်း လှောင်ထားတာရှိတယ်။ တချို့ကလည်း မရောင်းဘူး”ဟု ဆိုသည်။

အစိုးရအနေဖြင့် သံတင်သွင်းခွင့်ပါမစ်အား ပိတ်ထားသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အခက်အခဲများရှိနေပြီး အလုပ်အကိုင်အခွင့်အလမ်းများ၌လည်း အခက်အခဲများရှိနေကြောင်း သိရသည်။

ထို့ကြောင့် အစိုးရအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အမှန်တကယ်လိုအပ်သည့် သံများအတွက် တင်သွင်းခွင့်ပါမစ်ကို ခွင့်ပြုပေးသင့်ကြောင်း အထက်ပါဆောက်လုပ်ရေးလုပ်ငန်းရှင်မှ အကြံပြုပြောဆိုထားသည်။

“နိုင်ငံခြားငွေထိန်းတာလည်း ထိန်းတာပေါ့နော်။ ဒါပေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်ကတော့ ဆောက်လုပ်ရေးတွေက ရပ်သွားလို့ မဖြစ်ဘူး။ သံတွေက တကယ်လိုအပ်တယ်လေ။ အဲ့ဒါတွေကို ပြည်တွင်းမှာကောင်းကောင်းမထုတ်နိုင်ခင်အထိ ဒါတွေက လိုအပ်ချက်တွေရှိနေတော့ တည်ဆောက်ရေးတွေမရပ်ရအောင် ပေးသွင်းသင့်တယ်ပေါ့နော်။ ပါမစ်လွယ်လွယ်ကူကူနဲ့ရမှလည်း သံကဈေးကျမှာ။ သံဈေးကျမှလည်း ဆောက်လုပ်ရေးတွေ တွက်ခြေကိုက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ များမှာပါ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် သံတင်သွင်းခွင့်ပါမစ်များကို ပိတ်ထားသည်မှာ (၈)လနီးပါးရှိပြီဖြစ်ကြောင်း သိရသည်။


zawgyi version

သံတင္သြင္းခြင့္ပါမစ္ပိတ္ထားမႈေၾကာင့္ သံေဈးႏႈန္းမ်ားျမင့္တက္ေနၿပီး ပစၥည္းရွားပါးမႈမ်ားပါႀကဳံေတြ႕ေနရ

ယြန္း (NP News) - ဇန္နဝါရီ ၆

ျပည္တြင္း၌ သံထုတ္လုပ္မႈ လုံေလာက္မႈမရွိသည့္အျပင္ သံတင္သြင္းခြင့္ပါမစ္ပိတ္ထားမႈေၾကာင့္ သံေဈးမ်ားျမင့္တက္ေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းအသိုင္းအဝိုင္းထံမွ သိရသည္။

“သံေဈးေတြတက္တာ အဓိကကေတာ့ ပါမစ္ေပါ့ေနာ္။ ကမာၻ႔သံေဈးမွာေတာ့ သံေဈးကက်ေနတယ္။ သံေဈးေတြတက္ေနေတာ့ အခက္အခဲေတြရွိတာေပါ့ေနာ္။ ေဆာက္လုပ္ေရးလုပ္ငန္းေတြက သံရဖို႔ အေရးႀကီးတာေပါ့ေနာ္။ သံကေဈးကြက္ထဲမွာ ေဈးတက္တာတင္မဟုတ္ဘူး ပစၥည္းပါရွားလာတာ”ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအေနျဖင့္ သံေဈးတက္မႈျဖင့္ ရင္ဆိုင္ေနရသည့္အျပင္ ပစၥည္းရွားပါးမႈမ်ားကိုပါ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

ထို႔ျပင္ လတ္တေလာ သံေဈးကြက္တြင္ သံေဈးသည္ တစ္တန္လွ်င္ (၁၅ဝဝဝဝ) အထိရွိေနၿပီး ပစၥည္းမရမႈသည္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြက္ အဓိကျပႆနာျဖစ္ေၾကာင္း ၎မွဆိုသည္။

“အဓိကက ပစၥည္းမရတာပဲ။ ပစၥည္းရွားသြားတယ္ဆိုတာက အခုခ်ိန္က ေဆာက္လုပ္ေရးလည္း အဲ့ေလာက္အမ်ားႀကီးရွိတာ မဟုတ္ဘူးေလ။ အလုပ္မေကာင္းလို႔ေလ။ ဒါေပမယ့္လည္း သြင္းထားတဲ့သူေတြက တခ်ိဳ႕ကလည္း ေလွာင္ထားတာရွိတယ္။ တခ်ိဳ႕ကလည္း မေရာင္းဘူး”ဟု ဆိုသည္။

အစိုးရအေနျဖင့္ သံတင္သြင္းခြင့္ပါမစ္အား ပိတ္ထားေသာေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ အခက္အခဲမ်ားရွိေနၿပီး အလုပ္အကိုင္အခြင့္အလမ္းမ်ား၌လည္း အခက္အခဲမ်ားရွိေနေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အစိုးရအေနျဖင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြက္ အမွန္တကယ္လိုအပ္သည့္ သံမ်ားအတြက္ တင္သြင္းခြင့္ပါမစ္ကို ခြင့္ျပဳေပးသင့္ေၾကာင္း အထက္ပါေဆာက္လုပ္ေရးလုပ္ငန္းရွင္မွ အႀကံျပဳေျပာဆိုထားသည္။

“ႏိုင္ငံျခားေငြထိန္းတာလည္း ထိန္းတာေပါ့ေနာ္။ ဒါေပမယ့္ အလုပ္အကိုင္အခြင့္အလမ္းေတြအတြက္ကေတာ့ ေဆာက္လုပ္ေရးေတြက ရပ္သြားလို႔ မျဖစ္ဘူး။ သံေတြက တကယ္လိုအပ္တယ္ေလ။ အဲ့ဒါေတြကို ျပည္တြင္းမွာေကာင္းေကာင္းမထုတ္ႏိုင္ခင္အထိ ဒါေတြက လိုအပ္ ခ်က္ေတြရွိေနေတာ့ တည္ေဆာက္ေရးေတြမရပ္ရေအာင္ ေပးသြင္းသင့္တယ္ေပါ့ေနာ္။ ပါမစ္လြယ္လြယ္ကူကူနဲ႔ရမွလည္း သံကေဈးက်မွာ။ သံေဈးက်မွလည္း ေဆာက္လုပ္ေရးေတြ တြက္ေျခကိုက္ၿပီး အလုပ္အကိုင္အခြင့္အလမ္းေတြ မ်ားမွာပါ” ဟု ၎ကဆိုသည္။

လက္ရွိတြင္ သံတင္သြင္းခြင့္ပါမစ္မ်ားကို ပိတ္ထားသည္မွာ (၈)လနီးပါးရွိၿပီျဖစ္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပုသိမ်အကျဉ်းထောင်၌ ဆူပူမှုဖြစ်ပွားခဲ့ရာ သေနတ်(၇)ချက် ပစ်ဖောက်ပြီး ထိန်းသိမ်းခဲ့ဟုဆို

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved