Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန် FBI ၏ နှစ် ၂ဝ ကြာ လျှို့ဝှက်စောင့်ကြည့်စာရင်းတွင် ၉၈ ရာခိုင်နှုန်းကျော်မှာ မွတ်စလင်များ ဖြစ်နေ

Htay Oung (NP News) - ဇွန် ၁၄

အမေရိကန်နိုင်ငံ ဖက်ဒရယ်စုံစမ်းထောက်လှမ်းရေးဗျူရို FBI ရဲ့ လျှို့ဝှက်စောင့်ကြည့်စာရင်းအရ အနှစ် ၂ဝ အတွင်း ဝါရှင်တန်အနေနဲ့ မွတ်ဆလင်အသိုင်းအဝန်းအတွက် အခက်အခဲနဲ့ ကြောက်ရွံ့မှုတို့ ဖိစီးနေကြောင်း မှတ်ချက် ပေးနေတယ်လို့ တူရကီအခြေစိုက် TRT သတင်းအေဂျင်စီက ယမန်နေ့ ရေးသားပါတယ်။ 

FBI စောင့်ကြည့်စာရင်းမှာ ပါဝင်သူအများစုဟာ မွတ်ဆလင်အမည်များ (သို့မဟုတ်) ၉၈ ရာခိုင်နှုန်းကျော် ဖြစ်နေ ကြောင်း ဝါရှင်တန်အခြေစိုက် မွတ်စလင်အကျိုးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CAIR (ခေါ်) “အမေရိကန် အစ္စလာမ်မစ် ကောင်စီ” ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“FBI ၏ လျှို့ဝှက်စောင့်ကြည့်စာရင်းကို တားဆီးရေး၊ အနှစ် ၂ဝ များပြားလွန်း” လို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီ အစီရင်ခံစာမှာ အကြမ်းဖက်ဝါဒစိစစ်ရေး ဒေတာဘေ့စ်အပေါ် FBI ရဲ့ အသုံးချနေပုံ အသေးစိတ်ကို ဖော်ပြထားပါတယ်။

အစီရင်ခံစာကို အမေရိကန်-အစ္စလာမ်မစ်ဆက်ဆံရေးကောင်စီ (CAIR) က ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

FBI ရဲ့ လျှို့ဝှက်စောင့်ကြည့်စာရင်း ၂ဝ၁၉ ခုနှစ် ဗားရှင်းကို ဒေသတွင်းလေကြောင်းလိုင်းတစ်ခုက မတော်တဆ အွန်လိုင်း လွှင့်တင်မိခဲ့ကြောင်း၊ ဆွစ်ဇာလန် ဟက်ကာတစ်ဦးက ပေးပို့ခဲ့တဲ့ အဲဒီစာရင်းပါ အမည်ပေါင်း ၁.၅ သန်းကို အမေရိကန်အစ္စလာမ်မစ်ကောင်စီက ပြည့်စုံကျယ်ပြန့်စွာ အသေးစိတ်လေ့လာခဲ့ကြောင်း၊ စာရင်းပါ အမည်ပေါင်း ၃၅ဝဝဝဝ ကျော်မှာ မိုဟာမက် (သို့မဟုတ်) အလီ (သို့မဟုတ်) မာမွတ်ကို အက္ခရာ ဖလှယ်ထားခြင်းအချို့ ပါဝင်ပြီး ထိပ်တန်း ၅ဝ မှာ မွတ်စလင်မ်အမည်များ ဖြစ်နေကြောင်း၊ ကောင်စီက သုံးသပ်ထားတဲ့စောင့်ကြည့်စာရင်းပါ အမည်ပေါင်း ၁.၄၇ သန်းကျော်ဟာ မွတ်စလင်များနဲ့သက်ဆိုင်နေပြီး စုစုပေါင်းရဲ့ ၉၈ ရာခိုင်နှုန်းကျော်ရှိမယ်လို့ ခန့်မှန်းထားကြောင်း၊ FBI ရဲ့လျှို့ဝှက်စာရင်းအရ မွတ်စလင်အသိုက်အဝန်းအတွက် အခက်အခဲနဲ့ ကြောက်ရွံ့မှုများ ကို အနှစ် ၂ဝ လုံးလုံး သယ်ဆောင်လာခဲ့ပုံရကြောင်း ဖော်ပြနေတယ်လို့ အစီရင်ခံစာက မှတ်ချက်ပြုထားပါတယ်။

ဒါပေမယ့် FBI ရဲ့ နောက်ထပ် ပစ်မှတ် သန်းပေါင်းများစွာတို့ဟာ မွတ်ဆလင်တွေ ဖြစ်လာမှာ မဟုတ်ပါကြောင်း၊ အကြမ်းဖက်မှု စစ်ပွဲအငွေ့အသက်များကို ရုတ်သိမ်းလိုက်ခြင်းအားဖြင့် FBI ရဲ့ လျှို့ဝှက်စာရင်းဟာ တစ်နေ့နေ့မှာ ပစ်မှတ်အသစ်တစ်ခုခုကို သတ်မှတ်လာဖွယ်ရှိကြောင်း။ နောက်ပစ်မှတ်တွေက ကျွန်ုပ်တို့နည်းတူ အမေရိကန်တွေ ဖြစ်တဲ့အတွက် ယခုအစီရင်ခံစာဟာ သူတို့ကို သတိပေးတဲ့အနေနဲ့ရည်ရွယ်ပါကြောင်း အစီရင်ခံစာက ဆက်လက် ဖော်ပြပါတယ်။

စောင့်ကြည့်စာရင်းကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သမ္မတဂျိုးဘိုင်ဒင်ကိုလည်း  မွတ်စလင်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

စောင့်ကြည့်စာရင်းပါ ပုဂ္ဂိုလ်များအနေနဲ့ ခရီးသွားလာမှု ကန့်သတ်ချက်များ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာ များ၊ FBI နဲ့ ပြဿနာရှင်းရမှုများ၊ ရဲအကြမ်းဖက်မှုများ၊ ပါမစ်နဲ့ လိုင်စင်ရရှိဖို့ အခက်အခဲများ၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာအကျိုးဆက်များနဲ့ အစိုးရအဆောက်အဦများအတွင်း ဝင်ရောက်ခွင့်အကန့်အသတ်များ အပါအဝင် စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပါတယ်။

မကြာသေးမီက အစိုးရအဆောက်အအုံတစ်ခုသို့ ဝင်ရောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး  အိမ်ဖြူတော်ရဲ့ အိဒ်ပွဲတော် အထိန်းအမှတ် အခန်းအနားကိုတက်ရောက်မယ့်  နယူးဂျာစီပြည်နယ် ပရော့စ်ပက်_ပတ်ခ်မြို့တော်ဝန် မိုဟာမက်_ခိုင်အူလာဟာ အိမ်ဖြူတော်ရဲ့ အနီးကပ်လျှို့ဝှက်လုံခြုံရေးအဖွဲ့က မမျှော်လင်ပဲ ပယ်ချခဲ့ပါတယ်။

အဲဒီလိုဖိတ်ကြားခံရသူအဖြစ်မှာ ပယ်ဖျက်ခံရခြင်းဟာ သူ့ရဲ့ FBI  စောင့်ကြည့်စာရင်း အခြေအနေကြောင့်လို့ ယူဆရပါတယ်။

#အမေရိကန်_ ဖက်ဒရယ်စုံစမ်းထောက်လှမ်းရေးဗျူရို #FBI #လျှို့ဝှက်စောင့်ကြည့်စာရင်း မွတ်စလင် 

#CAIR #အမေရိကန်အစ္စလာမ်မစ်ကောင်စီ အမေရိကန်-အစ္စလာမ်မစ်ဆက်ဆံရေးကောင်စီ

(TRT World., 13 June 2023,” 'Mohamed, Ali, Mahmoud': 98% of names on FBI watchlist are Muslim – report” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရှမ်းပြည်နယ်၊ လဲချားမြို့နယ်အတွင်းရှိ SSPP/SSA ၏ တပ်စခန်း(၁ဝ)ခုအား ဆုတ်ခွာပေးရန် တပ်မတော် တောင်းဆို

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved