ညမထွက်ရအမိန့်ကို ကျော်လွန်ကာ ဖွင့်လှစ်ထားသော ရန်ကုန်မြို့ရှိ Honey Nest Bar ကို ရှောင်တခင်စစ်ဆေးခဲ့ပြီး လူအချို့ကို အမှုဖွင့်ထား
NSS - ဇွန် ၁၃
ညမထွက်ရအမိန့်ကို ကျော်လွန်ကာ ဖွင့်လှစ်ထားသော ရန်ကုန်မြို့ရှိ Honey Nest Bar ကို အုပ်ချုပ်ရေးနှင့် လုံခြုံရေးပူးပေါင်း အဖွဲ့များက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ Honey Nest Bar ကို ယနေ့(ဇွန်လ ၁၃ ရက်) နံနက် ၁ နာရီဝန်းကျင်အချိန်တွင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။
ထိုသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် Bar သို့ လာရောက်သူဦးရေ (၃ဝဝ)ကျော်အား တွေ့ရှိခဲ့ရပြီး ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းခြင်းမရှိဘဲ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“အမှုကတော့ ဖွင့်ရမှာပဲလေ။ ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်မှာ အခုလိုတွေ ဖွင့်တဲ့အတွက် ပိုင်ရှင်နဲ့ ဆိုင်မန်နေဂျာကိုတော့ အမှုဖွင့်ထားတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သောသတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က လတ်တလောအချိန်တွင် တစ်စုံတစ်ရာ ထုတ်ပြန်အသိပေးခြင်းမျိုး မရှိသေးပေ။
ရန်ကုန်မြို့၌ ညမထွက်ရ အမိန့်အား ည ၁၂ နာရီမှ နံနက် ၄ နာရီအချိန်အထိ သတ်မှတ်ထားကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ Night Club၊ Bar၊ KTV ဆိုင်များသည် ညမထွက်အမိန့်ကို ကျော်လွန်ကာ ဖွင့်ထားမှု အများအပြားရှိနေသည့်အပြင် အချို့သောဆိုင်များ၌ မူးယစ်ဆေးဝါးများပင် ရရှိသုံးစွဲနိုင်ကြောင်းလည်း သတင်းများထွက်ပေါ် လျက်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဏ္ဏားကျွန်းမြို့နယ်၌ မှိုစားရာမှ ဒေသခံ (၁ဝ)ဦးကျော် အစာအဆိပ်သင့်မှုဖြစ်ပွား
RELATED POSTS
16 Sep 2024 | အထွေထွေ,ပြည်တွင်း
16 Sep 2024 | အထွေထွေ,ပြည်တွင်း
14 Sep 2024 | အထွေထွေ,နိုင်ငံတကာ