လယ်ဝေးမြို့မရဲစခန်း လက်ပစ်ဗုံးဖြင့်ပစ်ပေါက်တိုက်ခိုက်ခံခဲ့ရကာ ထိခိုက်သေဆုံးမှုများရှိ
Pearl (NSS) - ဇွန် ၁၃
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့မရဲစခန်းအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်မှုကြောင့် ရဲတပ်သားတစ်ဦးသေဆုံးပြီး ရဲအုပ်အပါအဝင် (၃)ဦး ထိခိုက်ဒဏ်ရာရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၁၂ ရက်)၊ ညနေ (၅)နာရီ၊ (၁၅)မိနစ် အချိန်ခန့်တွင် လယ်ဝေးမြို့နယ်၊ အမှတ် (၄)ရပ်ကွက်ရှိ မြို့မရဲစခန်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အမျိုးသား (၂)ဦးသည် အဆိုပါ (၄)ရပ်ကွက်ရှိ လယ်ဝေးမြို့မ ရဲစခန်းရှေ့သို့ ရုံးလမ်းအတိုင်းအရှေ့ဘက်မှ အနောက်ဘက်သို့ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ပြီး လက်ပစ်ဗုံး(၁)လုံးဖြင့် ပစ်ခတ်၍ အနောက်ဘက် ကံစွယ်လမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ရဲအုပ် ပြုံးချို နှင့် ရဲတပ်သား ဒီသုခတို့တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ ၊ ရဲတပ်ကြပ်ကျော်သူ နှင့် အရပ်သား ကိုကျော်ရဲတို့တွင် ခြေထောက်နှင့် ဦးခေါင်းတို့တွင်ထိခိုက်ဒဏ်များ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရရှိသူများအား လယ်ဝေးမြို့၊ ခုတင်(၁ဝဝ)ပြည်သူ့ဆေးရုံသို့ပို့ဆောင်ဆေးကုသခဲ့ရာ ရဲတပ်သားဒီသုခသည် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အကြမ်းဖက်(၂)ဦးအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း နစကမှ ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ပထမဆုံး ထောပတ်သီး သန့်စင်ထုပ်ပိုးသည့် စက်ရုံကို ရှမ်းပြည်နယ်၌ တည်ဆောက်ရန် စီစဉ်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ