လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်လာသော KIA အဖွဲ့ဝင်အမျိုးသား (၂)ဦးကို ငွေကျပ်သိန်း (၁ဝဝ)ကျော်ပေးအပ်
Pearl (NSS) - ဇွန် ၁၃
လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော KIA အဖွဲ့ဝင် အမျိုးသား (၂) ဦးအား ငွေကျပ်သိန်း (၁ဝဝ)ကျော် ပေးအပ်ခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။
နစကမှ ယမန်နေ့ (ဇွန်လ ၁၂ ရက်)၊ ညနေပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းမှ KIA အဖွဲ့ဝင် အမျိုးသား (၂) ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါဝင်ရောက်လာသူ အမျိုးသား(၂)ဦးအား ပြန်လည်ကြိုဆိုလက်ခံခြင်းကို မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းနှင့်အတူပါလာသော K-25 သေနတ် (၂) လက်၊ ကျည်အိမ် (၂)ခု၊ ကျည် ၅ဝ တောင့်နှင့် လက်ပစ်ဗုံး (၂) လုံးအား တာဝန်ရှိသူများထံအပ်နှံရာ နစကမှ ဆုကြေးငွေအဖြစ် သေနတ်တစ်လက်လျှင် ငွေကျပ်သိန်း ၅ဝ နှုန်းဖြင့် ငွေကျပ် သိန်း ၁ဝဝ၊ လက်ပစ်ဗုံး (၂)လုံးအတွက် ဆုကြေးငွေ ၆ သိန်း၊ စုစုပေါင်း ငွေကျပ် ၁ဝ၆ သိန်းကို ပေးအပ်ခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုသို့ ပေးအပ်ခဲ့ပြီးနောက် ၎င်းတို့ (၂)ဦးအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ် ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လယ်ဝေးမြို့မရဲစခန်း လက်ပစ်ဗုံးဖြင့်ပစ်ပေါက်တိုက်ခိုက်ခံခဲ့ရကာ ထိခိုက်သေဆုံးမှုများရှိ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ