ဂွမြို့၌ နွားကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွား
စော (NSS) - ဇွန် ၁၂
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် နွားကျောင်းသည့် အမျိုးသား(၁)ဦး အရက်မူးကာ ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၁၁ ရက်)၊ ည(၈)နာရီဝန်းကျင်အချိန်တွင် ဂွမြို့နယ်၊ မြို့မရပ်ကွက်၊ အလယ်ရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထာဝရမေတ္တာနာရေးကူညီမှုအသင်းထံမှ သိရသည်။
“ရိုးရိုးရေနစ်တာပါ။ ဒီအတိုင်းအရက်မူးပြီးတော့ နစ်တာထင်တယ်။ ချောင်းရိုးက ပေါင်လောက်တော့နက်တယ်။ အရက်မူးပြီး အဲဒီချောင်းမှာလဲပြီးသေတာထင်တယ်။ ပြင်ပဒဏ်ရာတော့မရှိပါဘူး”ဟု ထာဝရမေတ္တာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ အမျိုးသားသည် အသက်(၆ဝ)ဝန်းကျင်အရွယ်ရှိပြီး နွားကျောင်းသည့် အလုပ်လုပ်ကိုင်ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
၎င်းအမျိုးသားသည် ယမန်နေ့ ညပိုင်းတွင် ပျောက်ဆုံးနေခြင်းဖြစ်ပြီး ယနေ့ (ဇွန်လ ၁၂ ရက်)၊ မွန်းလွဲ (၂)နာရီအချိန်တွင် အလောင်းအား ပြန်လည်ရှာတွေ့ခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် အမျိုးသားအား ဂွမြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တပ်မတော်၏ တက္ကသိုလ်များမှ အမျိုးသားနှင့် အမျိုးသမီးသင်တန်းသား ဗိုလ်လောင်းသစ်များ ခေါ်ယူနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ