ပါရမီလမ်းမပေါ်ရှိ မင်းလမ်းမုန့်တီဆိုင်အနီးတွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ(၃)ဦးအနက်(၂)ဦးစိုးရိမ်ရ
NSS - ဇွန် ၁၂
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်ထိစပ်နယ်မြေဖြစ်သည့် ပါရမီလမ်းမပေါ်တွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ဇွန်လ(၁၁)ရက်နေ့၊ ည(၁၁)နာရီအချိန်ခန့်တွင် ပါရမီလမ်းပေါ်ရှိ မင်းလမ်းမုန့်တီဆိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ သိရသည်။
အဆိုပါ မင်းလမ်းမုန့်တီဆိုင်အနီးတွင် MARK II အမျိုးအစား အိမ်စီးကားနှင့် Parado အမျိုးအစား အိမ်စီးကား နှစ်စီးယာဥ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့ကညက ဖြစ်တာပေါ့။ ပါရမီလမ်းမပေါ်က မင်းလမ်းမုန့်တီဆိုင်နားမှာ MARK II အိမ်စီးကားနဲ့ Parado အိမ်စီးကား မျက်နှာချင်းဆိုင်တိုက်တာပါ။ ည(၁ဝ)နာရီ(၄၅)လောက်ဖြစ်တာပေါ့။ နှစ်ယောက်ကတော့ စိုးရိမ်ရတယ်။ ကျွန်တော်တို့ပို့တဲ့ တစ်ယောက်ကတော့ သိပ်ပြီး မစိုးရိမ်ရဘူး” ဟု ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုဆိုထားသည်။
ယာဥ်တိုက်မှုကြောင့် MARK II ယာဥ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ပြင်းထန်စွာထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး Parado ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရွှေရောင်သမိုင်း အရေးပေါ် ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ သိရသည်။
ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး လတ်တလောသတင်းများအရ MARK II ပေါ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူ နှစ်ဦးသည် ယနေ့(ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံမှာ စုံတွဲများ လက်ထပ်နှုန်းဟာ ၁ဝ စုနှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ