ကျောင်းသား/သူ (၅ဝဝ)နီးပါး ပညာသင်ယူနေသည့် အလယ်တန်းကျောင်းတစ်ကျောင်းကို PDF အဖွဲ့မှ ခြိမ်းခြောက်စာပေးပို့ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NP News - ဇွန် ၁ဝ
ကျောင်းသား/သူ (၅ဝဝ)နီးပါ ပညာသင်ယူနေသည့် အလယ်တန်းကျောင်းတစ်ကျောင်းအား PDF အဖွဲ့မှ ခြိမ်းခြောက်စာ တစ်စောင်ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
၎င်းခြိမ်းခြောက်စာအား ပြီးခဲ့သော ဇွန်လ ၇ ရက်၊ နံနက် ၉ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းပကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ PDF အဖွဲ့မှ လာရောက်ကာ ပေးပို့ခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဝင်းပကျောင်းမှ ဆရာမနှင့်ကျောင်းသားများကို မမြင်ချင်ကြောင်းနှင့် ကျောင်းအား အပြီးပိတ်ရန် ခြိမ်း ခြောက်စာ၌ ထည့်သွင်းရေးသားထားသည်ကို တွေ့ရှိရသည်။
ထို့ပြင် ဝင်းပအခြေခံပညာအလယ်တန်းကျောင်းအား အပြီးမပိတ်ပါက မီးရှို့ဖျက်ဆီးမည့်သဘောကိုခြိမ်းခြောက်စာ၌ ထည့်သွင်းရေးသားထားသည်ကိုလည်း တွေ့ရှိရသည်။
လက်ရှိတွင် အဆိုပါကျောင်း၌ ကျောင်းဆရာ၊ ဆရာမ (၅)ဦးက ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅၃)ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသိပေးပြောဆိုထားသည်။
ထိုသို့ ခြိမ်းခြောက်ခံနေရသည့် ဝင်းပအခြေခံပညာအလယ်တန်းကျောင်းနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ လုံခြုံရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါးကိုက်၍ နားပြန်ကိုက်ခြင်း (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း