Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါးကိုက်၍ နားပြန်ကိုက်ခြင်း (ဘာသာပြန်ဆောင်းပါး)

မောင်သံလွင် (NP News) - ဇွန် ၁ဝ


အင်္ဂလိပ်စကားမှာ tit for tat ဆိုတာ၊ ကိုယ့်အပေါ်မကောင်းတာ လုပ်ထားသူကို ရည်ရွယ်ချက်ရှိရှိ ပြန်လည် တုန့်ပြန်တာ၊ လက်စားချေတာကို ခေါ်တာပါ။ မြန်မာလိုတော့ ပါးကိုက်လို့ နားပြန်ကိုက် လို့ပြောရင် ကြက်ခေါင်း ဆိတ်မခံ၊ ချက်ခြင်းလက်တုန့်ပြန်တဲ့ အဓိပ္ပာယ်ဖြစ်လို့၊ အဲဒီလို ဘာသာပြန်ရင် အဆင်ပြေမယ်ထင်ပါတယ်။


အခုလည်း တရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးမှာ တရုတ်က အမေရိကန်ကို Tit for Tat လက်တုန့်ပြန်လိုက်ပါပြီ။ အမေရိကန်က တရုတ်ကုမ္ပဏီကြီးတွေကို ပိတ်ပင်တားမြစ်မှုတွေ လုပ်တာတွေက တော်တော့်ကိုကြာပါပြီ။ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလကတည်းကစပြီး အဆင့်မြင့် ချစ်ပ်ပြားတွေနဲ့ ချစ်ပ်လုပ်တဲ့ ကရိယာတွေ တရုတ်ကို တင်ပို့တာကို ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။ တရုတ်ရဲ့ စစ်ဘက်ရေးရာမှာ အရေးပါတဲ့ နည်းပညာအသုံးချမှု မပြုနိုင်အောင်လို့၊ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအတွက်လို့ အကြောင်းပြပါတယ်။


အမေရိကန်အစိုးရက သူတို့မြေပေါ်မှာ တရုတ်ကုမ္ပဏီတွေကို ပိတ်ပင်တားမြစ်တာဟာ သူတို့နိုင်ငံရဲ့အခွင့်အရေးလို့လည်းပြောပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ တရုတ်ချစ်ပ်ထုတ်လုပ်ရေးဖွံ့ ဖြိုးတိုးတက်မှုကို ပိတ်ဆို့ဖို့ရည်ရွယ်ပြီး အမေရိကန်က ချစ်ပ်ပြားရောင်းဝယ်မှုတွေမှာ ကန့်သတ်ချက်တွေတိုးတက်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို တားမြစ်ကန့်သတ်ခံရမှုနဲ့ အကျုံးဝင်တဲ့ တရုတ်ကုမ္ပဏီစုစုပေါင်းဟာ (၆ဝဝ) ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့မတ်လမှာတော့ အမေရိကန်က ဂျပန်နဲ့ နယ်သာလန်နိုင်ငံကိုပါစည်းရုံးပြီး တရုတ်ကို ဆီမီးကွန်ဒတ်တာ ပစ္စည်းတင်ပို့မှုကို ပူးတွဲ ကန့်သတ် တားမြစ်တာ လုပ်လာခဲ့ပါတယ်။ ယခုနောက်ဆုံး မေလထဲက ဂျပန်နိုင်ငံ ဟီရိုးရှီးမားမှာ ကျင်းပတဲ့ ဂျီ-ဆဲဗင်း ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင် ခုနှစ်နိုင်ငံက တရုတ်အပေါ်စိုးရိမ်မှုနဲ့ပတ်သက်ပြီးတသံထဲ ထွက်ခဲ့ ကြကာ၊ De-risk, Not Decouple တွဲဖြုတ်မဟုတ်-အန္တရာယ်ရှောင် ပေါ်လစီကို အတည်ပြုခဲ့ကြပါတယ်။


ဒါကြောင့် တရုတ်ကလည်း လက်တုန့်ပြန်တဲ့အနေနဲ့ အမေရိကန် Micron Technology ကုမ္ပဏီ ရဲ့ ချစ်ပ်တွေကို မဝယ်ဖို့ ပိတ်ပင်တားမြစ်လိုက်ပါပြီ။ ဒါက ပထဆုံးအကြိမ်တရုတ်ရဲ့ တုန့်ပြန်မှုဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးကတော့ အမျိုးသားလုံခြုံရေးကို အကြောင်းပြကြပါတယ်။


တရုတ်နဲ့ အမေရိကန်အကြား စီးပွားကုန်သွယ်ရေးကဏ္ဍမှာ ပဋိပက္ခဖြစ်နေတာ နှစ်အတော်ကြာခဲ့ ပါပြီ။ တခါတရံမှာ လေတိုက်ပွဲဆင်နွှဲ၊ တခါတလေမှာတော့ အပြန်အလှန် အရေးယူပိတ်ဆို့မှု တွေလုပ်ခဲ့ကြပါတယ်။ ဒီနှစ်နိုင်ငံဟာ ကမ္ဘာ့အင်အား အကြီးဆုံးစီးပွားရေးနိုင်ငံတွေဖြစ်ကြတဲ့အတွက် ဒီပဋိပက္ခတွေက ကမ္ဘာကိုရော၊ သူတို့နှစ်နိုင်ငံလုံးကိုပါ အခက်အခဲဖြစ်စေပြီး ရိုက်ခတ်မှုတွေဖြစ်ပါတယ်။


အမေရိကန်က တရုတ်နဲ့ Decouple လုပ်ချင်သလား။ အဓိပ္ပာယ်က တရုတ်နဲ့ ဘာကူးသန်းရောင်းဝယ်မှုမှ မလုပ်ဘူး။ ဘာပစ္စည်းမှမဝယ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ အားလုံးသိကြတဲ့အတိုင်းပဲ၊ အမေရိကန်က တရုတ်ကုန်ပစ္စည်းတွေ အပေါ်မှာ မှီခိုနေရတာပါ။ အလားတူဘဲ တရုတ်ကလည်း သူ့ရဲ့ထုတ်ကုန်တွေအတွက် ကြီးမားတဲ့ အမေရိကန် ဈေးကွက်ကို အားထားနေရတော့ အမေရိကန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထား လိုပါတယ်။ ဒါပေမဲ့ အမေရိကန်က ဟွဝေလို တရုတ်ကုမ္ပဏီတွေကို တားမြစ်တာတွေလုပ်တော့ တရုတ်ကုမ္ပဏီ တွေ အနေနဲ့ သူ့ရဲ့ ‌ဖေါက်သယ်တွေ ဆုံးရှုံးရပါတယ်။


တကယ်လို့ အမေရိကန်က တရုတ်ကုမ္ပဏီအားလုံးကို တားမြစ်ပိတ်ပင်မယ်၊ တရုတ်ကုန်ပစ္စည်းအားလုံးကို မဝယ်တော့ဘူးဆိုရင် တရုတ်အနေနဲ့ တခြားဈေးကွက်သစ်ကိုရှာဖွေရမှာပါ။ အမေရိကန်ဈေးကွက်ရဲ့ ဝယ်လိုအား နဲ့ ညီမျှတဲ့ ဈေးကွက်မတွေ့မချင်းတော့ အခက်အခဲရှိမှာဖြစ်ပါတယ်။


တဖက်မှာတော့ အမေရိကန်အနေနဲ့ တရုတ်ကုန်ပစ္စည်းတွေအစား အမေရိကန်လုပ်ကုန်ပစ္စည်းတွေနဲ့ တခြား နိုင်ငံခြားလုပ် ကုန်ပစ္စည်းတွေနဲ့အစားထိုးရမှာပါ။ ဒါပေမဲ့ အဲဒီကုန်ပစ္စည်းတွေက တရုတ်ကုန်ပစ္စည်းတွေကို ဈေးနှုန်းနဲ့ အရည်အသွေးအရ ယှဉ်ပြိုင်ဖို့ခက်ခဲပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ တချို့နည်းပညာဆိုင်ရာ ကိစ္စတွေမှာ အမေရိကန်က တရုတ်ထက်နောက်ကျတဲ့အတွက် အမေရိကန်ပြည်သူလူထုလိုအပ်တဲ့ ထုတ်ကုန်တွေ ကို လုံလောက်အောင်ထုတ်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အမေရိကန်ပြည်သူလူထု လိုအပ်တဲ့ ကုန်ပစ္စည်း အများအပြားကို တရုတ်ကနေဝယ်ယူတင်သွင်းနေခဲ့ရတာဖြစ်ပါတယ်။ တရုတ်ဟာ ကမ္ဘာ့အကြီးဆုံး ကုန်ပစ္စည်းထုတ်လုပ်သူပါ။ ကုန်ပစ္စည်းထုတ်လုပ်ရာမှာ အသုံးပြုတဲ့ သယံဇာတ ကုန်ကြမ်းပစ္စည်းနဲ့ လုပ်အားခ သက်သာတဲ့အတွက် အမေရိကန်တွေ ကိုယ့်ဘာသာထုတ်လုပ် သုံးစွဲတာထက် တရုတ်ပြည်ကနေဝယ်သုံးတာက ပိုလို့တွက်ချေကိုက်ပါတယ်။ တရုတ်ပြည်က ထုတ်တဲ့ကု န်ပစ္စည်းဟာ ကုန်ကျစားရိတ် အလွန်သက်သာပါတယ်။


ဒါကြောင့် အမေရိကန်က တရုတ်နဲ့ တွဲဖြုတ်မယ်ဆိုရင်၊ အဲဒီ ကုန်ပစ္စည်းတွေနေရာမှာ ပိုဈေးကြီးတဲ့ တခြား နိုင်ငံလုပ်ကုန်ပစ္စည်းတွေအစားထိုးချင်ထိုး၊ ဒါမှမဟုတ် ကိုယ့်ဘာသာ ဈေးကြီးကြီးနဲ့ထုတ်လုပ်ရ တော့မှာ ဖြစ်ပါတယ်။ အမေရိကန်မှာ လုပ်အားခက တရုတ်ထက်အများကြီးဈေး ပိုကြီးပါတယ်။ ဒါကြောင့် တရုတ်နဲ့ တွဲဖြုတ်မယ်ဆိုရင် အမေရိကန်အတွက် ဆိုးကျိုးတွေသက်ရောက်ပါလိမ့်မယ်။ ဒါကြောင့်လည်း သမ္မတ ဂျိုးဘိုင်ဒန်က “ကျွန်တော်တို့က တရုတ်နဲ့ လက်တွဲဖြုတ်ဖို့ စဉ်းစားနေတာ မဟုတ်ပါဘူး။ ကျနော်တို့က အန္တရာယ်ရှောင်ဘို့နဲ့ တရုတ်ကို ပုံစံအမျိုးမျိုးနဲ့ ဆက်ဆံဖို့ ကြိုးစားနေခြင်း သာဖြစ်တယ်” လို့ပြောတာဖြစ်ပါတယ်။ လိုတမျိုး မလိုတမျိုး ဆက်ဆံမယ်ဆိုတဲ့သဘောပါ။


တရုတ်ပြည်အနေနဲ့ကတော့ မိမိကိုယ်ကိုဖူလုံရေးကို အခြေခံပြီးစီးပွားတက်လာတဲ့ တိုင်းပြည်ဖြစ် တာကြောင့် ပြည်ပအကူအညီသိပ်မလိုအပ်ပါဘူး။ တရုတ်ပြည်တွင်းမှာ Made in China ပစ္စည်းတွေကိုဘဲ အသုံးပြုတာ အများစုပါ။ တရုတ်လုပ်ကုန်ပစ္စည်းကို အသုံးပြုတာက တရုတ်နဲ့ အမေရိကန်မှာသာမက တစ်ကမ္ဘာလုံးလိုလို အသုံးပြုကြတာပါ။ တရုတ်က တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းနီးပါးနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုရှိပါတယ်။ တရုတ်ကုန် ပစ္စည်းကို တစ်ကမ္ဘာလုံးလိုလိုက အသုံးပြုရတာက ဈေးသက်သာတာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ တရုတ်ဟာ တစ်ကမ္ဘာလုံးက ကဏ္ဍတိုင်းလိုလိုမှာ ဦးဆောင်တဲ့နိုင်ငံဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာ တရုတ်နဲ့ အတူလက်တွဲပြီး စီးပွားကုန်သွယ်ရေးလုပ်ချင်တဲ့ နိုင်ငံတွေ ပိုမိုများပြားလာပါ တယ်။ ဒါကြောင့် အမေရိကန်က တရုတ်နဲ့ တွဲဖြုတ်မယ်ဆိုရင် တရုတ်အနေနဲ့ သိပ်ပူပန်စရာမလိုပါဘူး။


တရုတ်က ဦးဆောင်ပြီးဆောင်ရွက်နေတဲ့ Belt and Road Initiatives စီမံကိန်းကလည်း တရုတ်ထုတ်ကုန်တွေ ဈေးကွက်သစ်တွေထဲကို ဈေးနှုန်းချိုသာစွာနဲ့ ရောက်ဖို့ အထောက်အကူပြုမှာဖြစ်သလို၊ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ထုတ်ကုန်တွေ တရုတ်ဈေးကွက်ကို လျင်လျင်မြန် ဈေးနှုန်းချိုသာစွာနဲ့ ရောက်ဖို့ အထောက်အကူဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်အနေနဲ့ တရုတ်နဲ့ တွဲဖြုတ်မယ်ဆိုရင် အမေရိကန်သာ ပိုမိုနစ်နာမှာဖြစ်ပြီး တရုတ်အနေနဲ့က သိပ်ထူးထူးခြား ခြားနစ်နာစရာ မရှိပါဘူး။ ၂ဝ၂၁ ခုနှစ်က အမေရိကန်သွင်းကုန်အားလုံးရဲ့ (၁၇ ဒသမ ၉) ရာခိုင်နှုန်းဟာ တရုတ်ကုန်ပစ္စည်းတွေဖြစ်ပြီး အမေရိကန်ဒေါ်လာ (၂ ဒသမ ၈) ထရီလျံ တန်ဖိုးရှိပါတယ်။ ဒီလောက် ပမာဏများပြားတဲ့ ကုန်ပစ္စည်းတွေ ရုတ်တရက်မတင်သွင်းတော့ဘဲ ဖြတ်ချလိုက်မယ်ဆိုရင် အမေရိကန် ဈေးကွက်အတွင်းမှာ အကြီးအကျယ်ဈေးတက်တာနဲ့ ကုန်ပစ္စည်းရှားပါးတာဖြစ်လာပါလိမ့်မယ်။


အမေရိကန်ရဲ့ ပိတ်ပင်တားမြစ်ခြင်း စတင်တာက တရုတ်နည်းပညာကုမ္ပဏီတွေအပေါ်မှာပါ။ ဒီလုပ်ရပ်အပေါ်မှာ တရုတ်လူထုက စော်ကားတာလို့ ခံစားရပါတယ်။ ဒါကြောင့်တရုတ်ထိပ်တန်း ဆာဗာလုပ်တဲ့ကုမ္ပဏီတွေက အမေရိကန် မိုက်ကရွန်ကုမ္ပဏီတွေရဲ့ ချစ်ပ်ပြားမှာယူမှုတွေကို ရပ်ဆိုင်းလိုက်တဲ့အခါ တရုတ်လူထုက ထောက်ခံကြပါတယ်။ မိုက်ကရွန်ချစ်ပ်ပြားတွေပါဝင်တဲ့ ဘယ်ပစ္စည်းကိုမဆို တရုတ်ကုမ္ပဏီတွေက သုံးမှာ မဟုတ်ပါဘူး။ ဒီချစ်ပ်ပြားတွေက တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိလို့ ပိတ်ပင်တားမြစ် ရတာဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ ဟီရိုးရှီးမားမှာကျင်းပတဲ့ ဂျီ-ဆဲဗင်း ထိပ်သီးအစည်းအဝေးအပြီး မေလ ၂၁ ရက်က တရုတ်ကထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။


တကယ်တော့ အမေရိကန်က တရုတ်နည်းပညာကုမ္ပဏီတွေကို ပိတ်ပင်တားမြစ်တုံးကလည်း အလားတူ အကြောင်းပြခဲ့တာပါ။ အဲဒီတုံးက ဒီလိုပိတ်ပင်တားမြစ်တာဟာ သူတို့နိုင်ငံအတွင်း သူတို့လုပ်ချင်တာလုပ်တာဟာ သူတို့ရဲ့ အခွင့်အရေးဘဲလို့ အမေရိကန်က ဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်က အခုလက်တုန့်ပြန်တဲ့အခါမှာတော့ အငိုက်မိသွားတဲ့အမေရိကန်ဟာ မကျေမနပ်နဲ့ တရစပ် ငြီးတွားငြင်း ခုန်ပါတော့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ မိုက်ကရွန်ကုမ္ပဏီက တရုတ်ကို ချစ်ပ်ပြားရောင်းရငွေအပေါ်က အစိုးရအခွန်ရငွေဟာ ၂ဝ၂၁ ခုနှစ်တစ်နှစ်ထဲမှာဘဲ ၃ ဒသမ ၃ ဘီလျံဒေါ်လာရှိလို့ပါ။ ဒီကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး ချစ်ပ် ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေထဲမှာ တခုအပါ အဝင်ဖြစ်ပြီး၊ သူ့ရဲ့ချစ်ပ်ပြားတွေအများစုကို တရုတ်ကုန်ပစ္စည်းတွေမှာ အသုံးပြုကြရလို့၊ တရုတ်က ဒီလိုလုပ် လိမ့်မယ်လို့ လုံးဝထင်မထားပါဘူး။


ဒီလိုပိတ်ပင်လိုက်တဲ့အတွက် အမေရိကန် မိုက်ကရွန်ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးက မေလ ၂၂ ရက်မှာ (၃) ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ သူ့ရဲ့ ပြိုင်ဘက် အာရှကုမ္ပဏီတွေရဲ့ ရှယ်ယာတန်ဖိုးတွေ ကမြင့်တက်လာပါတယ်။ တရုတ် မမ်မိုရီချစ်ကုမ္ပဏီ Ingenic Semiconductor ရဲ့ ရှယ်ယာက ၂ ဒသမ ၈ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Shenzhen Techwinsemi Technology ရဲ့ရှယ်ယာက ၆ ဒသမ ၃ ရာခိုင်နှုန်း ထိုးတက်သွားပါတယ်။


တရုတ်အနေနဲ့က မိုက်ခရွန်ဆီက ချစ်ပ်တွေမဝယ်တော့ရင်၊ မိမိပြည်တွင်းထုတ် ချစ်ပ်တွေနဲ့ အာရှနိုင်ငံ ချစ်ပ်ကုမ္ပဏီတွေဆီကသာ ဝယ်ယူရတော့မှာပါ။ ပြီးတော့ မိမိဖာသာ ဖူလုံဖို့ ကြိုးစားရတော့မှာဖြစ်ပါတယ်။ ဒီလို မှမဟုတ်ရင် တရုတ်အနေနဲ့ ချစ်ပ်စစ်ပွဲမှာ ရှင်သန်ကျန်ရစ်ဖို့ ခက်ခဲမှာပါ။ သိပ်မကြာသေးမီအချိန်က တရုတ်က လစ်သိုဂရပ်ဖီ စက်တွေကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီစက်တွေက အဆင့်မြင့် ချစ်ပ်တွေကို ထုတ်လုပ်နှိုင်ပါတယ်။ ဒါကြောင့် အမေရိကန် မိုက်ကရွန်ရဲ့ ချစ်ပ်တွေကို ပိတ်ပင်တားမြစ်လိုက်ခြင်းက တရုတ်အပေါ်မှာ ထိခိုက်မှုရှိမှာ မဟုတ်ပါ။


အနာဂါတ်ကာလမှာ ဒီနှစ်နိုင်ငံရဲ့ ဖက်ပြိုင်တိုက်ခိုက်မှုက အဆုံးသတ်ဖွယ်မရှိပါဘူး။ အမေရိကန်က သူ့ရဲ့ ကမ္ဘာ့ ထိပ်တန်းနေရာကို တရုတ်ကိုဖယ်မပေးလိုပါဘူး။ ပြိုင်ဆိုင်မှုရှိတာဟာ ကောင်းပါတယ်။ အပြိုင်အဆိုင်ရှိမှ တိုးတက်မှုဆိုတာရှိတာပါ။ ဒါပေမဲ့ အမေရိကန်က အဲဒီလိုပြိုင်ဆိုင်မှုကို မလိုလားဘဲ၊ ယှဉ်လာမဲ့ပြိုင်ဖက်ကို ဖိနှိပ်ထားလိုပါတယ်။ အဆင့်မြင့်နည်းပညာတွေ မပြန့်ပွားအောင် ပိတ်ပင်တားမြစ်တဲ့နည်းတွေသုံးပြီး၊ တရုတ်ရဲ့ တိုးတက်မှုကို ရပ်တန့်ပစ်လိုတာပါ။


ဒါပေမယ့် အမေရိကန်ရဲ့ နည်းဗျူဟာဟာ အလုပ်မဖြစ်ဘဲ၊ တရုတ်ကို ပိတ်ဆို့တားမြစ်လို့ မရကြောင်း မကြာမီ တွေ့ရတော့မှာဖြစ်ပါတယ်။


ကိုးကား- Micron was kicked out of Chinese market! The latest blow in the US-China tech war.

- Game Over for Micron Tech! Chinese Server Giants Enforce Ban on Their Chips丨Sanctions Micron

- Micron warns of lost revenue after China slaps it with sanctions


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Show Room ဖွင့်လှစ်ပြီးမှ EV ကားရောင်းရန် ညွှန်ကြားထားသော်လည်းလိုက်နာမှုနည်းပါး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved