ရုရှားရဲ့ နျူကလီးယား လှုပ်ရှားမှုကို စောင့်ကြည့်သွားမယ်လို့ အမေရိကန်ပြော
ရောင်နီ (NP News) - ဇွန် ၁ဝ
ရုရှားရဲ့ နျူကလီးယားလက်နက် အသုံးပြုမှု ပြင်ဆင်နေတဲ့ အရိပ်အယောင် မတွေ့ရသေးပေမယ့် ဘီလာရုစ်မှာ ရုရှားရဲ့ နျူကလီးယား လက်နက်များဖြန့်ကြတ်ချထားဖို့ပြင်ဆင်နေတာကိုတော့ စောင့်ကြည့်သွားမယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဇွန်လ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘီလာရုစ်မှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ဖြန့်ကျက်ချထားမှုကို လာမယ့်လ အစောပိုင်းမှာ စတင်မှာဖြစ်တယ်လို့ ဘီလာရုစ့်သမ္မတ အလက်ဇန်းနားလူကာရှန်ကိုကပြောကြားခဲ့ပါတယ်။
အမေရိကန် ပြောရေးဆိုခွင့်ရှိသူ ကာဘီက ရုရှားနိုင်ငံရဲ့နျူကလီးယားနဲ့ ပတ်သတ်တဲ့ နောက်ထပ်ကြေညာချက်တွေကို အမေရိကန်အနေနဲ့ အလေးအနက်ထားဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။
"ကျွန်တော်တို့ စောင့်ကြည့်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ်။ အခုထိတော့ နျူကလီးယား စွမ်းရည် လှုပ်ရှားမှု ဒါမှမဟုတ် ယူကရိန်းအတွင်း နျူကလီးယားစစ်ပွဲ ဖြစ်နိုင်ခြေ အလားအလာတွေ မတွေ့ရသေးပါဘူး" လို့ ကာဘီက ပြောကြားခဲ့ပါတယ်။
အမေရိကန်က ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံဟာ ၎င်းရဲ့ နျူကလီး ယားလက်နက်အချို့ကို ဘီလာရုစ်မှာ ထားရှိမယ်လို့ မတ်လနှောင်းပိုင်းက ကြေညာခဲ့ပါတယ်။ "အားလုံးက အစီအစဉ်အတိုင်းဖြစ်နေပါပြီ" လို့ ပူတင်က လူကာရှန်ကို ကိုသောကြာနေ့(ဇွန်လ ၉ ရက်) က ပြောကြားခဲ့ပါတယ်။ ဇူလိုင်လ ပထမပတ်အကုန်မှာ နျူကလီးယားထားရှိဖို့ သက်ဆိုင်ရာ အဆောက်အဦးများ ပြင်ဆင်မှုပြီးစီးမှာဖြစ်ပြီး သက်ဆိုင်ရာ နျူကလီးယားအမျိုးအစားတွေ ဖြန့်ကျက်ထားရှိခြင်းဆိုင်ရာ အစီအမံတွေကို ချက်ချင်းစတင်ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘီလာရုစ်မှာ ရုရှားရဲ့ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များ လက်ခံမယ့် သဘောတူစာချုပ်ကို ပြီးခဲ့တဲ့လ မေလ က လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါအနုမြူထိပ်ဖူးတွေတပ်ဆင်နိုင်မယ့် Iskander-M ဒုံးကျည်တွေနဲ့ တိုက် လေယာဉ်တွေမှာ နျူကလီးယားတွေတပ်ဆင်သွားမှာ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောင်းသား/သူ (၅ဝဝ)နီးပါး ပညာသင်ယူနေသည့် အလယ်တန်းကျောင်းတစ်ကျောင်းကို PDF အဖွဲ့မှ ခြိမ်းခြောက်စာပေးပို့ခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ