Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မာလီနိုင်ငံမြောက်ပိုင်း၌ ကုလငြိမ်းချမ်းရေးတပ် တိုက်ခိုက်ခံရ၍ တပ်သားတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိ

Htay Oung (NP News) - ‌ဇွန် ၁ဝ

မာလီနိုင်ငံ‌မြောက်ပိုင်းမှာ သောကြာနေ့ (ဇွန်လ ၉ ရက်)က ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် တိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင် တစ်ဦးထက်မနည်း သေဆုံးပြီး အခြားလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ MINUSMA ခေါ် “ကုလသမဂ္ဂ မာလီနိုင်ငံတည်ငြိမ်ရေးဘက်စုံမြှင့်တင်ရေးဆိုင်ရာ မစ်ရှစ်” က ပြောဆိုကြောင်း Reuters က ယမန်နေ့(ဇွန်လ ၉ ရက်)တွင် ရေးသားတယ်။

အဲဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း အစ္စလာမ်မစ် ဂျီဟတ်ဝါဒီများရဲ့ အဓိက ခြေကုတ်နေရာတစ်ခုဖြစ်လာတဲ့ တွမ်ဘူတူဒေသရှိ ဘားမြို့အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

ကင်းလှည့်သူက  လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို အရင်ဆုံးတွေ့ရှိခဲ့ပြီး တိုက်ရိုက်ပစ်ခတ်မှုနဲ့ ထိမှန်ခဲကြောင်း MINUSMA က သူရဲ့ Twitter စာမျက်နှာမှာ ရေးသားထားပါတယ်။ တိုက်ခိုက်မှု ကျူးလွန်တဲ့အဖွဲ့ အစည်းရဲ့ အမည်ကို မဖော်ပြပဲ  "ရှုပ်ထွေးတဲ့ တိုက်ခိုက်မှု" ဖြစ်တယ်လို့သာ ပြောကြားပြီး  အသေအပျောက်သတင်းများကို ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ အစ္စလာမ်မစ်စစ်သွေးကြွများ၊ အစ္စလာမ်မစ်နိုင်ငံ တော် ထူထောင်လိုသူ ဘာသာရေးအစွန်းရောက် အိုင်အက်စ်တို့အပြင် အက်ဇ်၀ပ်လို့ ခေါ်တဲ့  မာလီမြောက်ပိုင်းဒေသ လွတ်လပ်ရေးလှုပ်ရှားသူတို့ဟာ ၂ဝ၁၂ ခုနှစ်ကတည်းက မာလီအစိုးရကို ပုန်ကန်နေကြပါတယ်။ အဲ့ဒီ ခွဲထွက်ရေးလှုပ်ရှားမှုကို MNLA အဖွဲ့က ဦးစီးပြီး လစ်ဗျားပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်ခဲ့ဖူးသူများ ပါဝင်နေပါတယ်။ 

တစ်ချိန်က ချမ်းသာကြွယ်ဝတဲ့ အနောက်အာဖရိက အင်ပါယာ (၃)ခုအနက် တစ်ခုဖြစ်ခဲ့တဲ့ မာလီနိုင်ငံဟာ ၁၉ ရာစုမှာ ပြင်သစ်ကိုလိုနီလက်အောက်ရောက်ရှိခဲ့ပြီး ၁၉၆ဝ ခုနှစ်မှာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံထက် နှစ်ဆနီးပါးကျယ်ဝန်းပေမယ့် ၂ဝ၂၂ ခုနှစ်မှာ လူဦးရေ (၂၂)သန်းခန့်သာရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံမြောက်ပိုင်းဟာ ဆာဟာရသဲကန္တာရအတွင်း နက်ရှိုင်းစွာ ပါ၀င်နေပြီး တောင်ပိုင်းမှာသာ လူဦးရေအများစုနေထိုင်ပါတယ်။ နိုင်ငံတွင်းနေသူ ၉၅ ရာခိုင်နှုန်းဟာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြပါတယ်။ 

ယူရေနီယမ်နဲ့ ရွှေတို့လို ရှားပါးအဖိုးတန် သတ္တုများကြွယ်၀ရာ နိုင်ငံဖြစ်ပေမဲ့ အကြိမ်ကြိမ် အာဏာသိမ်းမှုများ၊ အဓိကရုန်းများ၊ နိုင်ငံရေး မငြိမ်သက်မှုများဟာ မာလီကို ဆင်းရဲတွင်း နက်စေခဲ့ပါတယ်။

အကြမ်းဖက်မှုတွေဟာ အတ္တလန်တိတ်သမုဒ္ဒရာမှ ပင်လယ်နီအကြား ဆာဟာရသဲကန္တာရရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အာဖရိကမြောက်ပိုင်း ဆာဟဲဒေသတစ်လျောက် ပြန့်နှံနေပြီး ဒေသတွင်း အစိုးရတပ်များက ပြန်လည် တိုက်ခိုက်ဖို့ အကူအညီပေးတယ်ဆိုပြီး နိုင်ငံတကာစစ်တပ်တို့က ဝင်ရောက်စွက်ဖက်နေကြပါတယ်။

စစ်ပွဲဟာ (၁) မာလီအစိုးရတပ်များ၊ ဋ္ဌာနေပြည်သူ့စစ်များ၊ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်များ၊ ပြင်သစ်-ဂျာမနီ-ရုရှားတို့မှ နိုင်ငံတကာတပ်များက တစ်ဖက် (၂) MNLA တို့ ဦးစီးတဲ့ ခွဲထွက်ရေး စစ် သွေးကြွများ (၃) အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်တို့ပါ၀င်ပြီး ၁ဝ ဖွဲ့ထက်မနည်းတဲ့ ဒေသန္တရ အစ္စလာမ်မစ်ဘာသာရေးအ စွန်းရောက်တို့အကြား အပြန်အလှန် တိုက်ခိုက်နေကြခြင်း ဖြစ်လာပါတယ်။ တစ်နည်းအားဖြင့် ဆီးရီးယား ပြည်တွင်းစစ်နဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး အလွန်ရှုတ်ထွေးတဲ့ စစ်ပွဲဟာ ဆယ်စုနှစ်ချီဖြစ်ပွားနေပါတယ်။  

၂ဝ၂၁ ခုနှစ် MNLA ပုန်ကန်မှုအပြီး မာလီနိုင်ငံ တည်ငြိမ်စေရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံး ဖြတ်ချက်အရ MINUSMA ကုလသမဂ္ဂမစ်ရှစ်ကို စတင်ခဲ့ပါတယ်။

မာလီနိုင်ငံအတွင်း တိုက်ပွဲများကြောင့် လူပေါင်း သောင်းချီ သေဆုံးပြီး ခြောက်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ လက်ရှိ မာလီနိုင်ငံအတွင်း တပ်စွဲထားတဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့၀င် ၁၂ဝဝဝ ခန့်ရှိတယ်လို့ MINUSMA ရဲ့ စာရင်းဇယားများအရ သိရှိရပါတယ်။ ၂ဝ၁၃ ခုနှစ် မစ်ရှင်စတင်ချိန်မှ မာလီနိုင်ငံမှာ MINUSMA တပ်ဖွဲ့ဝင် (၃ဝ၃)ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်ဘနွန်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင် ဖြစ်လာခဲ့ပါတယ်။

MINUSMA မှလွဲရင် မာလီနိုင်ငံမှာ လက်ရှိ နိုင်ငံတကာ ငြိမ်းချမ်းမှု စစ်ဆင်ရေး နှစ်ခု ရှိနေပါသေးတယ်။ ဥရောပသမဂ္ဂရဲ့ ဆာဟဲဒေသ မာလီနိုင်ငံဆိုင်ရာ မစ်ရှင် EUCAP နဲ့ EUTM တို့ဖြစ်ကြပါတယ်။

(Reuters., 9 June 2023,” One U.N. peacekeeper killed and four injured in north Mali attack” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပုဂ္ဂလိကဆေးရုံလိုင်စင် လျှောက်ထားရာ၌ ကြန့်ကြာမှုများရှိသည်ဟု ပြောဆိုမှုများသည် မှန်ကန်မှုမရှိဟုဆို

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved