ပုဂ္ဂလိကဆေးရုံလိုင်စင် လျှောက်ထားရာ၌ ကြန့်ကြာမှုများရှိသည်ဟု ပြောဆိုမှုများသည် မှန်ကန်မှုမရှိဟုဆို
ယွန်း (NP News) - ဇွန် ၁ဝ
ပုဂ္ဂလိကဆေးရုံလိုင်စင် လျှောက်ထားမှုများ၌ ပြည်ထောင်စုအဆင့်မှ ကြန့်ကြာမှုများရှိသည်ဟု ပြောဆိုမှုများသည် မှန်ကန်မှုမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန်လ(၉)ရက်တွင် မီဒီယာများအား အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ ကုသရေးဦးစီးဌာနအောက်တွင် ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်အဆင့် ပြည်သူ့ဆေးရုံ(၁၁၇၈)ရုံကို ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပုဂ္ဂလိကကဏ္ဍတွင်လည်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုဂ္ဂလိကဆေးခန်းဖွင့်လှစ်ခြင်းများကိုလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနမှဆိုထား သည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိကဆေးရုံလိုင်စင်လျှောက်ထားရာ၌ ပြည်ထောင်စုအဆင့်မှ ကြန့် ကြာမှုများရှိနေသည်ဟု ပြောဆိုမှုများရှိနေပြီး မှန်ကန်မှုမရှိကြောင်း ဝန်ကြီးဌာနမှ အသိပေးပြောဆိုထားသည်။
လိုင်စင်လျှောက်ထားရာ၌ ကြာမြင့်မှုများသည် လိုင်စင်လျှောက်ထားသူများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေစည်းမျဥ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ အပါ အဝင် လိုအပ်သည့် စာရွက်စာတမ်းအထောက်အထားများ ပြည့်စုံမှုရှိ၊ မရှိ အပေါ်၌ မူတည်ကြောင်း ဆက် လက်ပြောဆိုထားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် ဇွန်လ(၁)ရက်အထိ ပုဂ္ဂလိကဆေးရုံ (၂၆၆)ရုံကို လိုင်စင်ခွင့်ပြုပေးထားကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်ပုဂ္ဂလိကကြီးကြပ်ရေးလုပ်ငန်းဆိုင်ရာ ကော်မတီများမှတစ်ဆင့် ပုဂ္ဂလိကဆေးရုံလိုင်စင် လျှောက်ထားလာသော စိစစ်ဆဲပုဂ္ဂလိကဆေးရုံများလည်း ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်နိုင်ငံကြားတင်းမာမှုများရှိနေချိန်မှာပဲ တရုတ်နိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး သွားရောက်ဖို့ ထပ်မံစီစဉ်
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ