အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် Global Digital Health Summit, Expo and Innovation Award သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ဟုဆို
Pearl (NP News) - ဇွန် ၈
အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် Global Digital Health Summit, Expo and Innovation Award သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယနေ့ (ဇွန်လ ၈ ရက်)တွင် နိုင်ငံပိုင်သတင်းစာမှတဆင့် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားအား အိန္ဒိယသမ္မတနိုင်ငံ မွန်ဘိုင်းမြို့ရှိ Jio World Convention Center ၌ လာမည့် စက်တင်ဘာလ (၁)ရက်မှ(၂)ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ကျန်းမာရေး နှင့် နည်းပညာကဏ္ဍတွင် လုပ်ငန်းများဆောင်ရွက်နေသော ကုမ္ပဏီများ ပါဝင်ပြသနိုင်ကြောင်း သိရသည်။
အခမ်းအနား၌ ကျန်းမာရေးနည်းပညာဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ပြီး အဆိုပါပြပွဲနှင့်အခမ်းအနားသို့ ပါဝင်တတ်ရောက်ခြင်းဖြင့် ကျန်းမာရေး၊ ဆေးပစ္စည်းဖြင့် နည်းပညာဆိုင်ရာ ကဏ္ဍများမှ အဓိက ပုဂ္ဂိုလ်များနှင့် တွေ့ဆုံနိုင်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း ဆိုထားသည်။
Summit သို့တတ်ရောက်မည့် မြန်မာလုပ်ငန်းရှင်များအနေဖြင့် ကုန်ကျစရိတ်အား ကိုယ်တိုင်ကျခံရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲသို့ ပါဝင်တတ်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲသို့ဆက်သွယ်နိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း (၁၅ဝဝ)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း