ညောင်ဦးမြို့တွင် ကားတစ်စီးတိမ်းမှောက်မှုကြောင့် (၉)ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိ
စော (NP News) - ဇွန် ၆
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ကားတစ်စီးတိမ်းမှောက်မှုကြောင့် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၆ ရက်)၊ နံနက် (၈)နာရီခွဲအချိန်တွင် ညောင်ဦးမြို့နယ်၊ လေယာဥ်ကွင်းလမ်းစုံမှ ပုဂံမြို့သစ်ဘက်သို့သွားသည့်ကားလမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့နယ် အရန်မီးသတ်စခန်းထံမှ သိရသည်။
အဆိုပါယာဉ်သည် Liteace အဖြူရောင်ကားတစ်စီးဖြစ်ပြီး ပုဂံမြို့သစ်ဘက်မှ ညောင်ဦးဘက်သို့ မောင်းနှင်လာသည့်ကားဖြစ်ကြောင်း သိရသည်။
“တစ်ဖက်ကလာတဲ့ဆိုင်ကယ်က ဟန်ချက်မထိန်းနိုင်ဘဲ သူရှေ့ရောက်လာလို့ ရှောင်ရင်းမှောက်တယ်ပြောတယ်။ ယာဉ်ပေါ်မှာ ခန့်မှန်းခြေလူ(၂ဝ)လောက်ပါမယ်ထင်ပါတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ အမျိုးသား(၃)ယောက်၊ အမျိုးသမီး(၆)ယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်”ဟု ညောင်ဦးမြို့နယ်အရန်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ညောင်ဦးမြို့ ကုတင် (၂ဝဝ)ဆံ့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့စိန်တလုံးသရက် တန်ချိန်(၁ဝဝ)ခန့် စင်ကာပူနိုင်ငံသို့တင်ပို့မည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ