တပ်ကုန်းမြို့နယ်ရှိ ရေကန်တစ်ခု၌ အမျိုးသား(၁)ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး
စော (NP News) - ဇွန် ၆
နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ရေကန်တစ်ခုတွင် အမျိုးသား(၁)ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၅ရက်)၊ မွန်းလွဲ(၁၂)နာရီခွဲအချိန်တွင် တပ်ကုန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ အောင်းကြီးရေကန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရေနစ်သူအမျိုးသားအား ယနေ့(ဇွန်လ ၆ရက်)၊ နံနက်(၁၁)နာရီဝန်းကျင်အချိန်တွင် ပြန်လည်ရှာတွေခဲ့ပြီး နေပြည်တော်ကုတင်(၁ဝဝ)ပြည်သူဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
သေဆုံးသူအမျိုးသားသည် အောင်မြေရိပ်သာကျေးရွာ(ဘော်)တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး အဆိုပါရေ ကန်သို့ အမျိုးသား(၇)ဦးသွားရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းတို့အနက်မှ (၃)ဦးရေဆင်းကူးခဲ့ရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယွမ်(၇၄)သန်းတန် ပဲ၊ နှမ်းများကို မြန်မာလုပ်ငန်းရှင်(၂၉)ဦးက တရားဝင်တင်ပို့ခဲ့သော်လည်း တရုတ်ကုမ္ပဏီများမှ ၎င်းတို့အစိုးရ၏ မူဝါဒများကို မလိုက်နာ၍ ချိတ်ပိတ်ခံရခြင်းဖြစ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ