ကျောက်မဲမြို့တွင် ကားနှစ်စီးယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ သံဃာတစ်ပါး အပါအဝင် (၅)ဦးထိခိုက်ဒဏ်ရာရရှိ
စော (NP News) - ဇွန် ၆
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် ကားနှစ်စီးယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ သံဃာတစ်ပါး အပါအဝင် အမျိုး သား(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်သည် ယနေ့(ဇွန်လ ၆ ရက်)၊ မွန်းလွဲ(၁၁)နာရီခွဲအချိန်တွင် ကျောက်မဲမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ ဇီးပင်စခန်းကျေးရွာနှင့် ကျောင်းကုန်းကျေးရွာကြားတွင် ဖြစ်ပွားခဲ့ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းထံမှ သိရသည်။
HIJET ယာဉ်နှင့် Crown ယာဉ်တို့တိုက်မိ၍ HIJET ယာဉ်ပေါ်တွင် လိုက်ပါလာသော သံဃာတစ်ပါး နှင့် အမျိုးသား(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲဒီအချိန်ကမိုးရွာနေလို့ HIJET ကားကစလစ်ဖြစ်ပြီး အခြားယာဉ်ကြောက Crown ကားကိုသွားတိုက် တာပါ။ Crown ယာဉ်က လူတွေကတော့ထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး။ HIJET ယာဉ်ကပဲထိခိုက်ဒဏ် ရာရသွားတာပါ”ဟု ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
HIJETယာဉ်ပေါ်တွင် သံဃာတစ်ပါး အပါအဝင် စုစုပေါင်း (၆)ဦးလိုက်ပါလာပြီး ယာဥ်တိုက်မှုကြောင့် (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာ အမျိုးသား(၂)ဦးသည် စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း သိရသည်။
သို့သော် Crown ယာဉ်ပေါ်တွင်လိုက်ပါလာသည့် လူ(၄)ဦးသည် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ကျောက်မဲပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပမှ (၂၄) နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ