တောင်ကြီး-အေးသာယာအဆင်းလမ်းတွင် (၆)ဘီးကားတစ်စီးတိမ်းမှောက်ခဲ့ရာ အမျိုးသား(၁)ဦးသေဆုံး
Pearl (NP News) - ဇွန် ၅
တောင်ကြီး-အေးသာယာအဆင်းလမ်းတွင်(၆)ဘီးကားတစ်စီးတိမ်းမှောက်မှုကြောင့် အမျိုးသား(၁)ဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၅ ရက်)၊ ညနေ (၄)နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာအဆင်းလမ်း၊ မိုင်တိုင်အမှတ်(၁၁၁/၃)တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းအပါအဝင် အမျိုးသား(၂)ဦး လိုက်ပါလာသည့် (၆)ဘီးကားတစ်စီးသည် အခင်းဖြစ်နေရာ အရောက်၌ ဘေးဘက်ခြမ်းရှိ ကမ်းပါးအားတိုက်မိကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
" တောင်ကြီးကနေ အေးသာယာဘက်ကိုသွားတဲ့ ခေါက်တိုကားပေါ့။ ဘေးဘက်ခြမ်းက ကမ်းပါးကိုတိုက် တာ။ ကားပေါ်မှာ (၂)ဦးပါတာ။ တစ်ဦးက ဆုံးသွားတယ်။ တစ်ဦးက သတိလစ်သွားတယ်။ အခုတော့ သတိပြန်ရပါပြီ။ အကြမ်းဖျင်းကတော့ သူတို့က အေးသာယာမှာနေတယ်လို့သိရတယ်။ (၂)ယောက်လုံး အသက် (၃ဝ) ဝန်းကျင်အရွယ်တွေပါ"ဟု တောင်ကြီးမြို့နယ် မီးသတ်စခန်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသား (၂)ဦးအနက် တစ်ဦးသေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား တောင်ကြီးကြက်ခြေနီလူနာတင်ယာဉ်ဖြင့် စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးထား ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်လာသန်း(၂ဝ)နီးပါးတန်ဖိုးရှိ မြန်မာ့ပို့ကုန် ပဲ၊ နှမ်းများကို တရုတ်က သိမ်းဆည်းချိတ်ပိတ်ပြီး လေလံ တင်ရောင်းချမည့်လုပ်ရပ်မှာ မဖြစ်သင့်ဟု လုပ်ငန်းရှင်များပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ