တာချီလိတ်မြို့တွင် ဦးခေါင်းကွဲဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
စော (NP News) - ဇွန် ၅
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ဦးခေါင်းကွဲဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအလောင်းကို ယမန်နေ့ (ဇွန်လ ၄ ရက်)၊ ည(၈)နာရီခွဲအချိန်တွင် တာချီလိတ်မြို့နယ်၊ ဝမ်လုံးရွာအဝင်လမ်း၌ တွေ့ရှိခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဘယ်လိုဖြစ်လဲတော့ မသိဘူး။ ဦးခေါင်းကွဲပြီး သေဆုံးနေတာပါ။ အခြားထိခိုက်ဒဏ်ရာကတော့ ပွန်းတာပဲ့တာလောက်ပါပဲ”ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားသည် အသက်(၃ဝ)ကျော်အရွယ်ရှိ ဦးမြင့်သိန်းဖြစ်ပြီး မယ်ယန်းတွင်နေထိုင်သူတစ်ဦးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
၎င်း၏ရုပ်အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံကြီး မော်ကျူရီသို့ ပို့ဆောင်ထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူများအနေဖြင့် သတင်းတု၊ သတင်းမှားများပေါ်တွင် ယုံကြည်နေခြင်းကြောင့် သတင်းအမှားဖုံးလွှမ်းမှုများရှိနေဟု နစကဝန်ကြီးဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ