တာချီလိတ်မြို့နယ်တွင် နေအိမ်တစ်ခုအတွင်းမှ မူးယစ်ဆေးဝါးနှင့် ပစ္စတိုသေနတ်တို့ ဖမ်းဆီးရမိ
Pearl (NP News) - ဇွန် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် နေအိမ်တစ်ခုအတွင်းမှ မူးယစ်ဆေးဝါး နှင့် ပစ္စတိုသေ နတ်(၁)လက် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်းနှင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် မေလ (၃၁)ရက်၊ ည (၉)နာရီ (၄၅)မိနစ် အချိန်ခန့်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်ရှိ မနန်းအွေရှဲန်၏နေအိမ်အား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ထုံချိုင်ဘွတ်ချို့ (၃၉)နှစ်၊ ကျလိန်ခွန်လတ်(၄၃)နှစ်၊ အိုက်လောက် (၂၂)နှစ် နှင့် စိုင်းရီရှဲန် (၄၁)နှစ်တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၆ဝဝ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၂ ဒသမ ၄ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၆ဝဝ ဂရမ်(ဒေသကာလပေါက် ဈေး တန်ဖိုးငွေကျပ်သိန်း ၆ဝ)၊ အက်တက်စီဆေးပြား ၃၅ဝ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၄ဝ)၊ Frimin–5 ၇၈ဝ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၉ သိန်း)၊ Erimin–5 ၂၅ဝဝ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၅ သိန်း) နှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းအလေးချိန် ၁ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၈ဝဝဝဝ)တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် BERETTA အမျိုးအစား ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ မူးယစ် ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် စတီးမွှေစက် ၂ လုံးနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
လက်ရှိတွင် ၎င်းတို့ (၄)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နဲ့ တင်းမာမှုတွေကြားက CIA အကြီးအကဲ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ထွက်ပေါ် လာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ