တီးတိန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း မိုင်းထောင်ဖောက်ခွဲခံရ
Pearl (NP News) - ဇွန် ၃
တီးတိန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သမားများမှ လက်လုပ်ရီမုမိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၂ရက်)၊ နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ အခြေခံပညာ အထက် တန်းကျောင်း(ခွဲ)(မြို့မ)တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်း၌ ဆရာမ (၁၆) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၃၉) ဦး၊ စုစုပေါင်း (၁၇ဝ) ဦး ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိပြီး အကြမ်းဖက်သမားများသည် အဆိုပါကျောင်း၏ဝင်ပေါက်အနီး၌ လက်လုပ်ရီမုမိုင်း (၂)လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုသို့ ဖောက်ခွဲခံရမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ကျောင်းအဆောက်အဦးနှင့် ကျောင်းသား၊ ကျောင်းသူများ ပျက်စီးထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပူတင်အား ICC ဖမ်းဝရမ်းထုတ်ထားစဉ် BRICS နိုင်ငံတို့ အင်အားပြ
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း