Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပူတင်အား ICC ဖမ်းဝရမ်းထုတ်ထားစဉ် BRICS နိုင်ငံတို့ အင်အားပြ

Htay Oung (NP News) - ဇွန် ၃

သူတို့အဖွဲ့အနေနဲ့ အနောက်အင်အားကြီးများကို ပြိုင်ဆိုင်ဖို့ ရည်မှန်းချက်ထားရှိကြောင်း BRICS ခေါ် (၅) နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ကြာသပတေးနေ့မှာ အခိုင်အမာ ပြောကြားခဲ့ကြပေမယ့် တကယ်လို့ ဩဂုတ်လ ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတတက်ရောက်လာခဲ့ရင် ဖမ်းဆီးခံရဖို့ ဖြစ်နိုင်သလားဆိုတဲ့ မေးခွန်းထုတ်မှုများနဲ့ လောလောဆယ် တောင်အာဖရိက သူတို့ဆွေးနွေးပွဲမှာ လွှမ်းမိုးသွားတယ်လို့ Reuters က ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ရေးသားပါတယ်။ 

မကြာမီ ဂျိုဟန်နက်စ်ဘာ့ဂ်မှာကျင်းပဖို့ စီစဉ်ထားတဲ့ BRICS ထိပ်သီး အစည်းအဝေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ဗလာဒီမာပူတင်ကို တက်ရောက်မယ့်ကိစ္စမှာ သူ့နိုင်ငံအတွက် ရွေးချယ်စရာတွေ များပြားနေတယ်လို့ တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး နယ်လီဒီပွန်ဒိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

ICC အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တောင်အာဖရိကအနေနဲ့ ပူတင်ကို ဖမ်းဆီးဖို့ ကိစ္စဟာ မူဝါဒအရ လိုအပ်နေပါတယ်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များနဲ့ ဆွေးနွေးဖို့ ရောက် ရောက်ချင်းမှာပဲ ဒီကိစ္စအတွက် တောင်အာဖရိက နိုင်ငံခြားရေး၀န်ကြီးက မေးခွန်းများတရစပ်မေးမြန်းခဲ့တယ်လို့ သိရှိရပါတယ်။

“တောင်အာဖရိကရဲ့ နောက်ဆုံးရပ်တည်ချက်က ဘာလဲဆိုတာ သမ္မတ စီးရယ်ရမ်မာဖိုဆာက အဖြေပေးပါလိမ့်မယ်၊ အလုပ်သဘောအရ (BRICS) နိုင်ငံ့ခေါင်းဆောင်တွေအားလုံးကို ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားထားပြီးပါပြီ" လို့ သူမက နယ်လီဒီပွန်ဒိုက ပြောပါတယ်။

နောက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာတော့ BRICS နိုင်ငံခြားရေးဝန်ကြီးတွေက ပူတင်ကိစ္စနဲ့ ပတ်သက်တဲ့မေးခွန်းများကို (ခပ်ပြတ်ပြတ် အဖြေပေးပြီး) ဟန့်တားဖို့ ကြိုးစားခဲ့ကြပါတယ်။ ရုရှားသိမ်းယူထားတဲ့ ယူကရိန်းနယ်မြေမှ ကလေးငယ်များကို အတင်းအကျပ် ပြည်နှင်ဒဏ်ပေးတဲ့အတွက် စစ်ရာဇဝတ်မှုကျူး လွန်ရာရောက်ကြောင်း ICC က ပူတင်အပေါ် မတ်လမှာ စွဲဆိုခဲ့ပြီး မော်စကိုက အဲ့ဒီ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ တောင်အာဖရိကက ပူတင့်ကို အစည်းအဝေးဖိတ်ကြားခဲ့တာ ဇန်နဝါရီလမှာ ဖြစ်ပါတယ်။

အစည်းအဝေးကို ကိုယ်တိုင် တက်-မတက် သမ္မတပူတင် အတည်ပြုခြင်း မရှိသေးဘဲ ရုရှားနိုင်ငံက "မှန်ကန် စနစ်တကျအဆင့်" မှာ ပါဝင်ဖို့ရှိကြောင်းသာ ကရင်မလင်က ပြောဆိုထားပါတယ်။

ဝင်ရိုးပေါင်းစုံကမ္ဘာမှာ သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို တည်ဆောက်မယ့် ရည်မှန်းချက်ကို အာရုံစိုက်ဖို့ BRICS ဝန်ကြီးတွေက ကြိုးပမ်းခဲ့ကြပါတယ်။ "နိုင်ငံအများစုက နည်းနည်းလေးပဲ နားလည်ထားနေကြတယ်"လို့ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး ဆူဗရာမန်နမ်ဂျိုင်ရှန်ကာက ပြောပါတယ်။ စီးပွားရေးအင်အားရဲ့ စုစည်းမှုအကြောင်းကို ရည်ညွှန်းပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ(ဖွဲ့စည်းမှု) အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ဆုံးဖြတ်ချက်ချရေးမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေကြောင်း၊ နည်းလမ်းဟောင်းတွေက အခြေအ နေအသစ်တွေကို ကိုင်တွယ်ဖြေ ရှင်းလို့ မရပါကြောင်း၊ BRICS ဟာ အပြောင်းအလဲရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး၊ အကောင်အထည် ဖော်ကြရလိမ့်မယ်လို့ ဆိုပါတယ်။

မတူကွဲပြားတဲ့ ထွန်းသစ်စနိုင်ငံများရဲ့ လျော့ရဲရဲရဲ ပေါင်းစည်းမှုအဖြစ် ရှုမြင်ခံထားရဖူးတဲ့ BRICS ဟာ မကြာသေးမီနှစ်များအတွင်း ဘေဂျင်းမှ တွန်းအားပေးမှုများ ထင်ရှားလာပါတယ်။ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ လ ယူကရိန်းစစ်ပွဲ စတင်ချိန်နောက်ပိုင်း မော်စကိုရဲ့ အာသီသကို တရုတ်က ထပ်မံအားဖြည့်ပေးခဲ့ပြီး ပိုမိုခိုင်မာတဲ့ အသွင်သဏ္ဍာန်ကို ရရှိခဲ့ပါတယ်။

BRICS ရဲ့ ဖွံ့ဖြိုးရေးဘဏ်သစ်ကို ၂ဝ၁၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ယူကရိန်း ကျူးကျော်မှုကြောင့် အနောက်နိုင်ငံများက ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာရာမှာ ရုရှားနိုင်ငံရဲ့ ရန်ပုံငွေထောက်ပံ့မှု ပရောဂျက်များကို ရပ်တန့်ထားရပါတယ်။

လက်ရှိနိုင်ငံတကာမှာ ရောင်းဝယ်နေကြတဲ့ ငွေကြေးများနဲ့ အစားထိုးငွေကြေးများကို အသုံးပြုမှုအလား အလာနဲ့ပတ်သက်ပြီး BRICS ဖွံ့ဖြိုးရေးဘဏ် အကြီးတန်းအမှုဆောင်တစ်ဦးက ဝန်ကြီးများကို ရှင်းလင်းတင်ပြခဲ့ကြောင်း၊ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ ဖြစ်ပေါ်လာတဲ့အခါ ဘာမှ မသက်ဆိုင်တဲ့ နိုင်ငံများအနေနဲ့ ဒဏ်ခတ်မှု ဆင့်ပွားသက်ရောက်ပြီး သားကောင်ဘဝ မရောက်စေရန် ရည်ရွယ်ကြောင်း၊BRICS အဖွဲ့မှာ အသင်းဝင်အသစ်များကို ခေါ်ယူနိုင်မယ့် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း၊  အဲ့ဒီလို ဖြစ်လာနိုင်ဖို့အတွက် နောက်ထပ် လုပ်ဆောင်တွေ လိုအပ်နေတယ်လို့ ယူဆကြောင်း၊ အဆိုပါကိစ္စနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို သြဂုတ်လ ထိပ်သီးအစည်းအဝေးမှာ တင်သွင်းဖို့ ရှိကြောင်း တောင်အာဖရိက နိုင်ငံ ခြားရေး၀န်ကြီးက ရှင်းပြပါတယ်။

BRICS အဖွဲ့ရဲ့  ဩဇာလွှမ်းမိုးမှုကို တိုးမြင့်စေခြင်းအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းစေမယ့် အခွင့်အရေးတွေ ပိုမိုရရှိလာမှာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဒုတိယ၀န်ကြီး မာကျိုးရှုက ပြောကြားပြီး တရုတ် နိုင်ငံအနေနဲ့  BRICS တွင် ပါဝင်ဖို့ အလားအလာအတွက် ဝမ်းမြောက်မိတယ်လို့ ဆိုပါတယ်။

BRICS အဖွဲ့ဟာ  နိုင်ငံအချို့ပါ၀င်တဲ့ စုဖွဲ့မှုငယ်နဲ့ သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်ပြီး အဖွဲ့ရဲ့ တိုးချဲ့တည် ဆောက်နိုင်မှုဟာ အဖွဲ့ဝင်နိုင်ငံများအတွက် အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း အစည်းအဝေး တက်ရောက်သူ နိုင်ငံခြားရေး၀န်ကြီးများက မှတ်ချက်ပေးပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အေမီရာအဗ္ဗဒူလာနဲ့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်ဘင်ဖာဟန်အယ်လ်ဆာ့ဒ်တို့ နှစ်ဦးစလုံးဟာ သောကြာနေ့မှာ ဆက်လက်ကျင်းပမယ့် BRICS အစည်းအဝေး တက် ရောက်ဖို့အတွက် ကိတ်တောင်းမြို့မှာ ကြိုတင်ရောက်ရှိနေကြပါတယ်။ 

အဲဒီနှစ်နိုင်ငံနဲ့အတူ ဗင်နီဇွဲလား၊ အာဂျင်တီးနား၊ အယ်လ်ဂျီးရီးယားနဲ့ ယူအေအီးတို့ကလည်း BRICS မှာ တရားဝင် ပါဝင်ရန် သို့မဟုတ် စိတ်ပါဝင်စားတယ်လို့ ထုတ်ဖော်ပြောဆိုသူများမှာ ပါဝင်တယ်လို့ အဖွဲ့အရာရှိများ က အတည်ပြုပါတယ်။

(Reuters., 02 June 2023,” BRICS ministers put on show of strength as Putin arrest warrant looms large” ကို လျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိုင်းလားမြို့၌ နစက နှင့် AA ပါဝင်သော ညီနောင်မဟာမိတ်(၃)ဖွဲ့တို့ (၂)ရက်ကြာဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက်အဆင်ပြေချိန်တွင် ထပ်မံဆွေးနွေးရန် သဘောတူခဲ့

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved