Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သထုံမြို့နယ်၌ ရထားတစ်စင်း ထပ်မံမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း

NP News - ဇန်နဝါရီ ၃

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ရထားတစ်စင်း ထပ်မံမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့မှ ထွက်ခွာမည့် ရထားခရီးစဉ်များကို ယာယီရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။

ပေါင်မြို့နယ်ရှိ ဇင်းကျိုင်ဘူတာမှ ကျောက်များတင်ဆောင်လာသည့် ပေါင်-ပဲခူးမြို့ဟောင်း ခရီးစဉ်အဖြစ် ဇန်နဝါရီလ ၂ ရက် နံနက် ၇ နာရီကျော်အချိန်ခန့်တွင် ထွက်ခွာလာသည့် ကုန်ရထားတွဲဆိုင်းမှာ မိုင်းထောင်ဖောက်ခွဲကာ တိုက်ခိုက်ခံရခြင်းဖြစ် ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

၎င်းကုန်ရထားတွဲဆိုင်းမှာ ထွက်ခွာလာစဉ်အချိန် သထုံမြို့နယ်၊ ဂေါ့ကျေးရွာ၊ ကွင်းကူးတိုးဂိတ်အနီး မီးရထားလမ်း မိုင်တိုင်(၁၄၁) အနီးသို့ ရောက်ရှိစဉ်အချိန်တွင် လက်နက်ကိုင်အဖွဲ့နှင့် PDF များက အဝေးထိန်းခလုတ်ဖြင့် ရီမုမိုင်းတစ်လုံးကို ဖောက်ခွဲတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ကုန်ရထားအတွဲ(၃)တွဲမှာ လမ်းချော်ခဲ့ပြီး ခြောက်ပေခန့်ရှိသော ရထားသံလမ်းနှစ်ချောင်းနှင့် ကွန်ကရစ်ဇလီဖားတုံးနှစ်တုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

သို့သော် ၎င်းဖြစ်စဉ်ကြောင့် လူနှင့် ပစ္စည်းများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ရထားလမ်းပိုင်း ပျက်စီးခဲ့မှုကြောင့် ရန်ကုန်နှင့် မော်လမြိုင်မြို့တို့မှ ထွက်ခွာမည့် မီးရထားခရီးစဉ်များအား ယာယီရပ်နားခဲ့ရပြီး ခရီးသွားပြည်သူများအနေဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း နစကမှ ဆိုသည်။

လက်ရှိတွင် မီးရထားလမ်းပိုင်းပျက်စီးမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ အမြန်ဆုံးပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သော လပိုင်းအတွင်းကလည်း မော်လမြိုင်-ရန်ကုန်မီးရထားလမ်းပိုင်း၌ ကုန်တင်ရထားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရကာ ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။

zawgyi version

သထုံၿမိဳ႕နယ္၌ ရထားတစ္စင္း ထပ္မံမိုင္းခြဲတိုက္ခိုက္ခံရၿပီးေနာက္ ရန္ကုန္-ေမာ္လၿမိဳင္ရထားခရီးစဥ္မ်ား ယာယီရပ္ဆိုင္း

NP News - ဇန္နဝါရီ ၃

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္အတြင္း ရထားတစ္စင္း ထပ္မံမိုင္းခြဲတိုက္ခိုက္ခံရၿပီးေနာက္ ရန္ကုန္ၿမိဳ႕ႏွင့္ ေမာ္လၿမိဳင္ၿမိဳ႕မွ ထြက္ခြာမည့္ ရထားခရီးစဥ္မ်ားကို ယာယီရပ္ဆိုင္းထားေၾကာင္း သတင္းရရွိသည္။

ေပါင္ၿမိဳ႕နယ္ရွိ ဇင္းက်ိဳင္ဘူတာမွ ေက်ာက္မ်ားတင္ေဆာင္လာသည့္ ေပါင္-ပဲခူးၿမိဳ႕ေဟာင္း ခရီးစဥ္အျဖစ္ ဇန္နဝါရီလ ၂ ရက္ နံနက္ ၇ နာရီေက်ာ္အခ်ိန္ခန႔္တြင္ ထြက္ခြာလာသည့္ ကုန္ရထားတြဲဆိုင္းမွာ မိုင္းေထာင္ေဖာက္ခြဲကာ တိုက္ခိုက္ခံရျခင္းျဖစ္ ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

၎ကုန္ရထားတြဲဆိုင္းမွာ ထြက္ခြာလာစဥ္အခ်ိန္ သထုံၿမိဳ႕နယ္၊ ေဂါ့ေက်း႐ြာ၊ ကြင္းကူးတိုးဂိတ္အနီး မီးရထားလမ္း မိုင္တိုင္(၁၄၁) အနီးသို႔ ေရာက္ရွိစဥ္အခ်ိန္တြင္ လက္နက္ကိုင္အဖြဲ႕ႏွင့္ PDF မ်ားက အေဝးထိန္းခလုတ္ျဖင့္ ရီမုမိုင္းတစ္လုံးကို ေဖာက္ခြဲတိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ တိုက္ခိုက္ခံရမႈေၾကာင့္ ကုန္ရထားအတြဲ(၃)တြဲမွာ လမ္းေခ်ာ္ခဲ့ၿပီး ေျခာက္ေပခန႔္ရွိေသာ ရထားသံလမ္းႏွစ္ေခ်ာင္းႏွင့္ ကြန္ကရစ္ဇလီဖားတုံးႏွစ္တုံး ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစကမွ အသိေပးထုတ္ျပန္ထားသည္။ သို႔ေသာ္ ၎ျဖစ္စဥ္ေၾကာင့္ လူႏွင့္ ပစၥည္းမ်ား ထိခိုက္ပ်က္စီးမႈမရွိခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ရထားလမ္းပိုင္း ပ်က္စီးခဲ့မႈေၾကာင့္ ရန္ကုန္ႏွင့္ ေမာ္လၿမိဳင္ၿမိဳ႕တို႔မွ ထြက္ခြာမည့္ မီးရထားခရီးစဥ္မ်ားအား ယာယီရပ္နားခဲ့ရၿပီး ခရီးသြားျပည္သူမ်ားအေနျဖင့္ အခက္အခဲႀကဳံေတြ႕ေနရေၾကာင္း နစကမွ ဆိုသည္။

လက္ရွိတြင္ မီးရထားလမ္းပိုင္းပ်က္စီးမႈအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ အျမန္ဆုံးျပန္လည္ျပဳျပင္လ်က္ရွိေၾကာင္း သိရသည္။ ၿပီးခဲ့ေသာ လပိုင္းအတြင္းကလည္း ေမာ္လၿမိဳင္-ရန္ကုန္မီးရထားလမ္းပိုင္း၌ ကုန္တင္ရထားတစ္စင္း မိုင္းဆြဲတိုက္ခိုက္ခံရကာ ထိခိုက္ပ်က္စီးမႈမ်ားျပားခဲ့ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အသက်မပြည့်သေးသည့် အမျိုးသားတစ်ဦးကို ငါးဖမ်းလှေပေါ်တွင် အဓမ္မလုပ်အားခိုင်းစေခဲ့သူအား ထောင်ဒဏ်ချမှတ်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved