Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းနိုင်ငံရှိ Pioneer Manufacturing ကုမ္ပဏီက မြန်မာလုပ်သား(၄ဝဝ)ကျော်ကို အလုပ်ထုတ်ပယ် ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိဟု နစကဖြေရှင်း

NP News - မေ ၃၁

ထိုင်းနိုင်ငံရှိ Pioneer Manufacturing (Thailand)ကုမ္ပဏီက မြန်မာလုပ်သား(၄ဝဝ)ကျော်ကို အလုပ် ထုတ်ပယ်ခဲ့သည်ဆိုသောသတင်းမှာ မှန်ကန်မှုမရှိကြောင်း နစက၏ အလုပ်သမားဝန်ကြီးဌာနက ဖြေရှင်းထားသည်။

အဆိုပါသတင်းအကြောင်းအရာနှင့်ပတ်သက်၍ နစက၏ အလုပ်သမားဝန်ကြီးဌာနက ယနေ့(မေလ ၃၁ ရက်)တွင် အထက်ပါကဲ့သို့ တုံ့ပြန်ဖြေရှင်းထားခြင်းဖြစ်သည်။

အယုဒ္ဓယ အူထိုင်းမြို့နယ်ရှိ Pioneer Manufacturing (Thailand) ကုမ္ပဏီက မြန်မာအလုပ်သမား (၄၁၁)ဦးကို ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်ဆိုသော သတင်းကို VOA Burmese Facebook စာမျက်နှာက မေလ ၂၄ ရက်တွင် ဖော်ပြခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဆိုသည်။

ထို့ကြောင့် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးက ထိုင်းအလုပ်အကိုင်ဌာန နှင့် အယုဒ္ဓယနယ်မြေ အလုပ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးရုံးတို့ထံ ဆက်သွယ်စုံစမ်းခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

Pioneer Manufacturing (Thailand)ကုမ္ပဏီသည် ကားအတွင်းပိုင်း အသံပိုင်းဆိုင်ရာလျှပ်စစ်ပစ္စည်း အပိုထုတ်လုပ်သည့်လုပ်ငန်းဖြစ်ပြီး အလုပ်သမားဦးရေ (၁၅၄၉)ဦးရှိကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် စက်ရုံ၌ အမှာစာကျဆင်းမှုကြောင့် အလုပ်သမား (၄၁၆)ဦးကို မေလ ၁၉ ရက်တွင် အလုပ်မှ ရပ်စဲခဲ့ကြောင်းနှင့် အလုပ်မှရပ်စဲခံရသည့် အလုပ်သမား(၄၁၆)ဦးတွင် မြန်မာအလုပ်သမားများ ပါဝင်ခြင်းမရှိဘဲ ထိုင်းအလုပ်သမားများသာ ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးက ဆိုသည်။

ထို့ပြင် ၎င်းစက်ရုံတွင် မြန်မာအလုပ်သမားများ လုပ်ကိုင်နေခြင်းမရှိကြောင်းနှင့် ဂျပန်နှင့် ထိုင်းလူမျိုးများသာ လုပ်ကိုင်နေသည့် စက်ရုံတစ်ခုဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် Pioneer Manufacturing (Thailand)ကုမ္ပဏီက မြန်မာအလုပ်သမား (၄၁၁)ဦးကို အ လုပ်ထုတ်ပယ်ကြောင်း ရေးသားထားသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း နစက၏အလုပ်သမားဝန်ကြီးဌာ နက ပြန်လည်ဖြေရှင်းထားသည်။


zawgyi version

ထိုင္းႏိုင္ငံရွိ Pioneer Manufacturing ကုမၸဏီက ျမန္မာလုပ္သား(၄ဝဝ)ေက်ာ္ကို အလုပ္ထုတ္ပယ္ ဆိုသည့္သတင္းမွာ မွန္ကန္မႈမရွိဟု နစကေျဖရွင္း

NP News - ေမ ၃၁

ထိုင္းႏိုင္ငံရွိ Pioneer Manufacturing (Thailand)ကုမၸဏီက ျမန္မာလုပ္သား(၄ဝဝ)ေက်ာ္ကို အလုပ္ ထုတ္ပယ္ခဲ့သည္ဆိုေသာသတင္းမွာ မွန္ကန္မႈမရွိေၾကာင္း နစက၏ အလုပ္သမားဝန္ႀကီးဌာနက ေျဖရွင္းထားသည္။

အဆိုပါသတင္းအေၾကာင္းအရာႏွင့္ပတ္သက္၍ နစက၏ အလုပ္သမားဝန္ႀကီးဌာနက ယေန႔(ေမလ ၃၁ ရက္)တြင္ အထက္ပါကဲ့သို႔ တုံ႔ျပန္ေျဖရွင္းထားျခင္းျဖစ္သည္။

အယုဒၶယ အူထိုင္းၿမိဳ႕နယ္ရွိ Pioneer Manufacturing (Thailand) ကုမၸဏီက ျမန္မာအလုပ္သမား (၄၁၁)ဦးကို ထုတ္ပယ္ေၾကာင္း ေၾကညာခဲ့သည္ဆိုေသာ သတင္းကို VOA Burmese Facebook စာမ်က္ႏွာက ေမလ ၂၄ ရက္တြင္ ေဖာ္ျပခဲ့ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ဆိုသည္။

ထို႔ေၾကာင့္ ၎ျဖစ္စဥ္ႏွင့္ပတ္သက္၍ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ အလုပ္သမားသံအရာရွိ႐ုံးက ထိုင္းအလုပ္အကိုင္ဌာန ႏွင့္ အယုဒၶယနယ္ေျမ အလုပ္သမားအခြင့္အေရးကာကြယ္ေစာင့္ေရွာက္ေရး႐ုံးတို႔ထံ ဆက္သြယ္စုံစမ္းခဲ့ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

Pioneer Manufacturing (Thailand)ကုမၸဏီသည္ ကားအတြင္းပိုင္း အသံပိုင္းဆိုင္ရာလွ်ပ္စစ္ပစၥည္း အပိုထုတ္လုပ္သည့္လုပ္ငန္းျဖစ္ၿပီး အလုပ္သမားဦးေရ (၁၅၄၉)ဦးရွိေၾကာင္း သိရသည္။

ကုမၸဏီအေနျဖင့္ စက္႐ုံ၌ အမွာစာက်ဆင္းမႈေၾကာင့္ အလုပ္သမား (၄၁၆)ဦးကို ေမလ ၁၉ ရက္တြင္ အလုပ္မွ ရပ္စဲခဲ့ေၾကာင္းႏွင့္ အလုပ္မွရပ္စဲခံရသည့္ အလုပ္သမား(၄၁၆)ဦးတြင္ ျမန္မာအလုပ္သမားမ်ား ပါဝင္ျခင္းမရွိဘဲ ထိုင္းအလုပ္သမားမ်ားသာ ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးက ဆိုသည္။

ထို႔ျပင္ ၎စက္႐ုံတြင္ ျမန္မာအလုပ္သမားမ်ား လုပ္ကိုင္ေနျခင္းမရွိေၾကာင္းႏွင့္ ဂ်ပန္ႏွင့္ ထိုင္းလူမ်ိဳးမ်ားသာ လုပ္ကိုင္ေနသည့္ စက္႐ုံတစ္ခုျဖစ္ေၾကာင္းလည္း ဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ Pioneer Manufacturing (Thailand)ကုမၸဏီက ျမန္မာအလုပ္သမား (၄၁၁)ဦးကို အ လုပ္ထုတ္ပယ္ေၾကာင္း ေရးသားထားသည့္သတင္းမွာ မွန္ကန္မႈမရွိေၾကာင္း နစက၏အလုပ္သမားဝန္ႀကီးဌာ နက ျပန္လည္ေျဖရွင္းထားသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောင်းသား/သူ (၆ ဒသမ ၄)သန်းကျော် အပ်နှံထားသည့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ယနေ့ စတင်ဖွင့်လှစ်

RELATED POSTS
RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved