Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျောင်းသား/သူ (၆ ဒသမ ၄)သန်းကျော် အပ်နှံထားသည့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ယနေ့ စတင်ဖွင့်လှစ်

မျိုးကြီး (NP News) - ဇွန် ၁

အခြေခံပညာကျောင်းသား/သူ (၆ ဒသမ ၄)သန်းကျော် အပ်နှံထားသည့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့(ဇွန်လ ၁ ရက်) နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုကို ပြီးခဲ့သည့် မေလ ၂၃ ရက်မှစ၍ မေလ ၃၁ ရက်အထိ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းအပ်နှံမှုကာလအတွင်း မြန်မာတစ်နိုင်ငံလုံး၌ ကျောင်းအပ်နှံသည့် ကျောင်းသား/သူ ဦးရေမှာ (၆၄၇၃၃၅ဝ) ဦးရှိကြောင်း နစကမှ အသိပေးကြေညာထားသည်။

ယနေ့တွင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများနှင့်အတူ ၎င်းတို့၏မိဘများကို စည်းစည်းကားကားမြင်တွေ့ခဲ့ရပြီး ဆရာ၊ ဆရာမများ၏ ဂရုတစ်စိုက်စောင့်ကြပ်ကြည့်ရှုပေးနေမှုများကိုလည်း မြင်တွေ့ခဲ့ရသည်။

“ကျောင်းနေအရွယ်ကလေးငယ်တွေဟာ စာကို မဖြစ်မနေ သင်ယူဖို့လိုအပ်တယ်။ စာသင်ယူဖို့လည်း သူတို့မှာ အခွင့်အရေးအပြည့်အဝရှိတယ်။ ဒီကလေးတွေဟာ နောက်တစ်ချိန်မှာ နိုင်ငံတော်ရဲ့ အားတွေ၊ နိုင်ငံတော်ကို ဦးဆောင်ရမယ့်လူတွေဖြစ်တယ်။ သူတို့ကလေးတွေဟာ ပညာတတ်ကြီးတွေ ဖြစ်ဖို့လိုတယ်။ ဒါမှနိုင်ငံတော်ဟာလည်း တိုးတက်မယ်။ ကလေးကို ကျောင်းပို့ရတာ စိုးရိမ်စိတ်တော့ ဖြစ်ပေမယ့် ကျောင်းကိုတော့ ပို့ရမှာပေါ့။ ဒါမှ သူတို့ ပညာတတ်ကြမှာ” ဟု အင်းစိန်မြို့နယ်ရှိ ကျောင်းသားမိဘတစ်ဦးက NP News ကို မှတ်ချက်ပြုပြောဆိုထားသည်။

ပြီးခဲ့သည့် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်လက်ခံသည့် မေလ(၂၆)ရက်မှ ဇွန်လ(၁)ရက်အထိ လာရောက်အပ်နှံသည့် ကျောင်းသား/သူဦးရေသည် (၅၆ဝ၉၆၇၆)ဦးသာရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယခု ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် ကျောင်းတက်ရောက်သည့် ကျောင်းသား/သူဦးရေသည် ပြီးခဲ့သည့် ပညာသင်နှစ်ထက် တစ်သန်းနီးပါး ပိုမိုများပြားကြောင်း တွေ့ရှိရသည်။

လက်ရှိပညာသင်နှစ်တွင် နစကအနေဖြင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၌ တက်ရောက်ကာ စာပေသင်ယူကြမည့် ကျောင်းသား/သူများကို ကျောင်သုံးစာအုပ်များအပါအဝင် အခမဲ့ဖြင့် ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေဆဲ နိုင်ငံရေးပဋိပက္ခများကြောင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ အချို့သော အခြေခံပညာကျောင်းများသည် ကျောင်းဖွင့်လှစ်သင်ကြားပေးနိုင်ခြင်းမရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

ထို့ပြင် နိုင်ငံရေးပဋိပက္ခများကြောင့် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမအများအပြားရှိခဲ့ပြီး ကျောင်းများကို မဖွင့်လှစ်ရန်လည်း ခြိမ်းခြောက်သည့်ဖြစ်စဉ်များ မြို့နယ်အများအပြား၌ ရှိခဲ့ကြောင်း သိရသည်။


zawgyi version

ေက်ာင္းသား/သူ (၆ ဒသမ ၄)သန္းေက်ာ္ အပ္ႏွံထားသည့္ တစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ား ယေန႔ စတင္ဖြင့္လွစ္

မ်ိဳးႀကီး (NP News) - ဇြန္ ၁

အေျခခံပညာေက်ာင္းသား/သူ (၆ ဒသမ ၄)သန္းေက်ာ္ အပ္ႏွံထားသည့္ တစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ားကို ယေန႔(ဇြန္လ ၁ ရက္) နံနက္ပိုင္းတြင္ စတင္ဖြင့္လွစ္လိုက္ၿပီျဖစ္သည္။

၂ဝ၂၃-၂ဝ၂၄ ပညာသင္ႏွစ္အတြက္ အေျခခံပညာေက်ာင္းမ်ား၌ ေက်ာင္းအပ္ႏွံမႈကို ၿပီးခဲ့သည့္ ေမလ ၂၃ ရက္မွစ၍ ေမလ ၃၁ ရက္အထိ လက္ခံေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါေက်ာင္းအပ္ႏွံမႈကာလအတြင္း ျမန္မာတစ္ႏိုင္ငံလုံး၌ ေက်ာင္းအပ္ႏွံသည့္ ေက်ာင္းသား/သူ ဦးေရမွာ (၆၄၇၃၃၅ဝ) ဦးရွိေၾကာင္း နစကမွ အသိေပးေၾကညာထားသည္။

ယေန႔တြင္ ရန္ကုန္ၿမိဳ႕ရွိ အေျခခံပညာေက်ာင္းမ်ား၌ ေက်ာင္းသား/သူမ်ားႏွင့္အတူ ၎တို႔၏မိဘမ်ားကို စည္းစည္းကားကားျမင္ေတြ႕ခဲ့ရၿပီး ဆရာ၊ ဆရာမမ်ား၏ ဂ႐ုတစ္စိုက္ေစာင့္ၾကပ္ၾကည့္ရႈေပးေနမႈမ်ားကိုလည္း ျမင္ေတြ႕ခဲ့ရသည္။

“ေက်ာင္းေနအ႐ြယ္ကေလးငယ္ေတြဟာ စာကို မျဖစ္မေန သင္ယူဖို႔လိုအပ္တယ္။ စာသင္ယူဖို႔လည္း သူတို႔မွာ အခြင့္အေရးအျပည့္အဝရွိတယ္။ ဒီကေလးေတြဟာ ေနာက္တစ္ခ်ိန္မွာ ႏိုင္ငံေတာ္ရဲ႕ အားေတြ၊ ႏိုင္ငံေတာ္ကို ဦးေဆာင္ရမယ့္လူေတြျဖစ္တယ္။ သူတို႔ကေလးေတြဟာ ပညာတတ္ႀကီးေတြ ျဖစ္ဖို႔လိုတယ္။ ဒါမွႏိုင္ငံေတာ္ဟာလည္း တိုးတက္မယ္။ ကေလးကို ေက်ာင္းပို႔ရတာ စိုးရိမ္စိတ္ေတာ့ ျဖစ္ေပမယ့္ ေက်ာင္းကိုေတာ့ ပို႔ရမွာေပါ့။ ဒါမွ သူတို႔ ပညာတတ္ၾကမွာ” ဟု အင္းစိန္ၿမိဳ႕နယ္ရွိ ေက်ာင္းသားမိဘတစ္ဦးက NP News ကို မွတ္ခ်က္ျပဳေျပာဆိုထားသည္။

ၿပီးခဲ့သည့္ ၂ဝ၂၂-၂ဝ၂၃ ပညာသင္ႏွစ္တြင္ ေက်ာင္းအပ္လက္ခံသည့္ ေမလ(၂၆)ရက္မွ ဇြန္လ(၁)ရက္အထိ လာေရာက္အပ္ႏွံသည့္ ေက်ာင္းသား/သူဦးေရသည္ (၅၆ဝ၉၆၇၆)ဦးသာရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ယခု ၂ဝ၂၃-၂ဝ၂၄ ပညာသင္ႏွစ္တြင္ ေက်ာင္းတက္ေရာက္သည့္ ေက်ာင္းသား/သူဦးေရသည္ ၿပီးခဲ့သည့္ ပညာသင္ႏွစ္ထက္ တစ္သန္းနီးပါး ပိုမိုမ်ားျပားေၾကာင္း ေတြ႕ရွိရသည္။

လက္ရွိပညာသင္ႏွစ္တြင္ နစကအေနျဖင့္ တစ္ႏိုင္ငံလုံးရွိ အေျခခံပညာေက်ာင္းမ်ား၌ တက္ေရာက္ကာ စာေပသင္ယူၾကမည့္ ေက်ာင္းသား/သူမ်ားကို ေက်ာင္သုံးစာအုပ္မ်ားအပါအဝင္ အခမဲ့ျဖင့္ ပညာသင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။

သို႔ေသာ္ ျမန္မာႏိုင္ငံ၌ လက္ရွိျဖစ္ပြားေနဆဲ ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိေနသည့္ စစ္ကိုင္းတိုင္းႏွင့္ မေကြးတိုင္းအတြင္းရွိ အခ်ိဳ႕ေသာ အေျခခံပညာေက်ာင္းမ်ားသည္ ေက်ာင္းဖြင့္လွစ္သင္ၾကားေပးႏိုင္ျခင္းမရွိေၾကာင္း ေဒသခံမ်ား၏ ေျပာၾကားခ်က္မ်ားအရ သိရွိရသည္။

ထို႔ျပင္ ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည့္ ပညာေရးဝန္ထမ္း ဆရာ၊ ဆရာမအမ်ားအျပားရွိခဲ့ၿပီး ေက်ာင္းမ်ားကို မဖြင့္လွစ္ရန္လည္း ၿခိမ္းေျခာက္သည့္ျဖစ္စဥ္မ်ား ၿမိဳ႕နယ္အမ်ားအျပား၌ ရွိခဲ့ေၾကာင္း သိရသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရခိုင်၌ မိုးရွာနေစဉ် ဖုန်းအားသွင်းရင်း ဂိမ်းဆော့ရာမှ ကျောင်းသားလူငယ်နှစ်ဦးမိုးကြိုးပစ်ခံရပြီး သေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved