Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနိုင်ငံထွက် ရေနံနဲ့ဓါတ်ငွေ့များကို အမေရိကန်နဲ့အနောက်အုပ်စုနိုင်ငံများ ဝယ်ယူနေဆဲဖြစ်ကြောင်း ရုရှားအစိုးရပြော

ဂျန်ဇက် (NP News) - မေ၂၉ 

အမေရိကန် ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားအပေါ် ပစ်မှတ်ထားပိတ်ဆို့မှုများချမှတ်ထားပေမယ့် ရုရှားနိုင်ငံထံကနေ ရေနံ နဲ့ ဓါတ်ငွေ့များ ဝယ်ယူလျက်ရှိနေဆဲဖြစ်ကြောင်း ရုရှားစွမ်းအင်ဝန်ကြီး နီကိုလေး ရူဂီနောဗ့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားရဲ့ဝင်ငွေရရှိမှုကိုလျှော့ချနိုင်ဖို့ ရုရှားနိုင်ငံရဲ့စွမ်းအင်လုပ်ငန်းကို ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ပိတ်ဆို့မှုချမှတ်ထားပေမယ့် ရုရှားနိုင်ငံက စွမ်းအင်ဝယ်ယူမှုများရှိနေဆဲဖြစ်ကြောင်း၊ ရုရှားနိုင်ငံထံကနေ တင်ပို့မယ့် စွမ်းအင်ကို ရယူနိုင်ဖို့ဖြေရှင်းနည်းပေါင်းစုံအသုံးပြုနေကြောင်း ရုရှားစွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားဟာ အနောက်အုပ်စုနိုင်ငံတွေထံ တင်ပို့နေတဲ့ စွမ်းအင်တင်ပို့ရေးလမ်းကြောင်းကိုတော့ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်းသိရပါတယ်။ ဥရောပသမဂ္ဂနဲ့ G7 အဖွဲ့ဝင်နိုင်ငံများဟာ ရုရှားနိုင်ငံကထွက်ရှိတဲ့ရေနံများကို တစ်စည် အမေရိကန်ဒေါ်လာ (၆ဝ)အောက်နှုန်းနဲ့သာဝယ်ယူဖို့ သဘာတူညီခဲ့သလို ရုရှားနိုင်ငံရဲ့ စွမ်းအင်ထွက်ပစ္စည်းများတင်ပို့ခြင်းကိုတော့ ပိတ်ပင်ခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့်အမေရိကန်အခြေစိုက် Politico သတင်းဌာနက ရုရှားနိုင်ငံရဲ့ဓါတ်ငွေ့ပိုက်လိုင်းများကို ပိတ်ပင်မှုချမှတ်ခြင်းမရှိတဲ့အတွက် ရုရှားရဲ့ဓါတ်ငွေ့များဟာ ဥရောပတိုက်ကိုပေးဝေနေဆဲဖြစ်ကြောင်း မေလ အစောပိုင်းကဖော်ပြခဲ့ဖူးပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ဟာ ရုရှားနိုင်ငံကနေ ဓါတ်ငွေ့အရည်(LNG) ဝယ်ယူမှုများရှိနေပြီး စပိန်နိုင်ငံက ရုရှားနိုင်ငံရဲ့ (LNG) ဓါတ်ငွေ့ကိုအများဆုံး ဝယ်ယူနေတဲ့ နိုင်ငံဖြစ်ကြောင်း၊ စပိန်နိုင်ငံဟာ ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားနိုင်ငံထွက် (LNG)ကို ၈၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ဝယ်ယူခဲ့ကြောင်း Bloomberg သတင်းဌာနကဖော်ပြထားပါတယ်။ ပြင်သစ်နိုင်ငံဟာလည်း ရုရှားနိုင်ငံကတင်ပို့တဲ့ LNG ဓါတ်ငွေ့အရည်ကိုအများဆုံး ဝယ်ယူနေပြီး ၂ဝ၂၂ ခုနှစ်အတွင်းမှာ LNG ဓါတ်ငွေ့အရည် (၁ ဒသမ ၉ သန်း) မက်ထရစ်တန်ဝယ်ယူခဲ့ကြောင်း Bloomberg သတင်းဌာနကဖော်ပြထားပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်းမှာ ရုရှားနိုင်ငံကထွက်ရှိတဲ့ LNG ဓါတ်ငွေ့အရည်ကို စပိန်နိုင်ငံက LNG ဓါတ်ငွေ့အရည် ၅၃၃၈ဝဝ မက်ထရစ်တန်၊ ဘယ်လ်ဂျီယံက ရုရှားနိုင်ငံထံကနေ LNG ဓါတ်ငွေ့အရည် ၃၁ဝဝဝ  မက်ရစ်တန်ဝယ်ယူခဲ့ကြောင်း Bloomberg သတင်းဌာနကဖော်ပြထားပါတယ်။


zawgyi version


ဂျန်ဇက် (NP News) - မေ၂၉ 






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ကိုင်းမြို့၌ ဘုရားလာဖူးသည့် ကလေးငယ်(၂)ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved