Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မလေးရှားနိုင်ငံမှာ လေလွင့်ခွေးဖမ်းခြင်းဆိုင်ရာ လမ်းညွှန်ချက်တွေကို ပြန်လည်ပြင်ဆင်ဖို့တောင်းဆို

ရောင်နီ (NP News) - မေ ၂၇

မလေးရှား လေလွင့်ခွေးဖမ်းခြင်းဆိုင်ရာလမ်းညွှန်ချက်တွေကို ပြန်လည်ပြင်ဆင်ဖို့ မလေးရှားလွှတ်တော် အမတ်တစ်ဦးက တောင်းဆိုလိုက်ပါတယ်။ 

ဘန်တောင်း ပါလီမန်အမတ် ယောင်းဆရီဖူရာအော့မန်းက ဘန်တောင်း မြူနီစီပယ်ကောင်စီမှာ မိမိခွေးကို လေလွင့်ခွေးဖမ်းသမားတွေလက်က ကယ်ဆယ်ရင်း  သေဆုံးသွားတဲ့ အသက် (၈၅)နှစ်အရွယ် အဘိုးအိုတစ်ဦးရဲ့ဖြစ်ရပ်အပြီး ယခုလို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ 

"ဒေသခံအစိုးရ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနဲ့ ဒေသဆိုင်ရာ ကောင်စီတွေက ခွေးလေခွေးလွင့် ဖမ်းတဲ့ လုပ်ငန်းတွေမှာ ရှင်းလင်းတဲ့ လမ်းညွှန်ချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို အမြန်ဆုံး ထုတ်ပြန်ဖို့ လိုပါတယ်။ ဒါဟာ ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ နေထိုင်သူ ဒါမှမဟုတ် ခွေးလေခွေးလွင့်တွေကို ကျွေးမွေးတဲ့ လူပုဂ္ဂိုလ်တွေကြား ပြင်းထန်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာနိုင်တဲ့ သဘောထားကွဲလွဲမှုတွေလိုမျိုး မလိုလားအပ်တဲ့ အဖြစ်အပျက်တွေကို တားဆီးဖို့ဖြစ်ပါတယ်"လို့ ဆရီဖူရာက ကြာသပတေးနေ့ (မေလ ၂၅ ရက်) က သေဆုံးသူရဲ့ မိသားစုဆီ သွားရောက်လည်ပတ်ပြီးနောက် ပြောကြားခဲ့ပါတယ်။ 

The Star သတင်းဌာနရဲ့ အစီရင်ခံစာအရ အသက် ၈၅ နှစ်အရွယ် မစ္စတာ လောဆိုင်ကီဝေါဟာ မေလ ၂၄ ရက်က ဘန်တောင်းမြို့၊ ပါဟွန်းမှာရှိတဲ့ သူ့ရဲ့နေအိမ်အပြင်ဘက်မှာ လေလွင့်ခွေးထိန်းသိမ်းရေး အရာရှိတစ်ဦးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ရေမြောင်းထဲ ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကောင်စီခွေးဖမ်းသူများအုပ်စု ၎င်းတို့အိမ်ရာကို လာရောက်ရှာဖွေမှုတွေ ပြုလုပ်တဲ့အချိန် အမျိုးသားရဲ့နှစ်နှစ်အရွယ် မျိုးစပ်ခွေးတစ်ကောင်ဟာ သူ့ရဲ့ခြံတွင်းမှအပြင်ကို ထွက်သွားခဲ့ပါတယ်။ ၎င်းကို ပိုင်ရှင်မဲ့ခွေး အထင်နဲ့ လေလွင့်ခွေးဖမ်းသမားတွေက ဖမ်းဆီးဖို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ သက်ကြီးရွယ်အို အမျိုးသားကို အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် ကံမကောင်းစွာပဲ သေဆုံးသွားခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။  

ခွေးများ သက်သာချောင်ချိရေး ပရောဂျက် Malaysian Dogs Deserve Better (MDDB) ဒါရိုက်တာ အိုင်ရင်းနီလောက ဒေသဆိုင်ရာကောင်စီတွေမှာ ခွေးပိုင်ရှင်တွေ၊ ခွေးကို ကယ်ဆယ်နေသူတွေကို ရန်သူတွေလို ဆက်ဆံခြင်း ရပ်တန့်ရမယ်လို့  ပြောကြားခဲ့ပါတယ်။ ခွေးဖမ်းသမားတွေက အိမ်မွေးခွေးတစ်ကောင်ကို အတင်းအကြပ်ဖယ်ရှားဖို့အတွက် သက်ကြီးရွယ်အိုအဘိုးအိုကို ဘာကြောင့် ရန်သူတစ်ယောက်လို ဆက်ဆံတယ်ဆိုတာ နားမလည်နိုင်ဘူးလို့ ၎င်းက ဆိုပါတယ်။ မလေးရှားနိုင်ငံမှာ ခွေးဖမ်းလုပ်ငန်းနဲ့ ပတ်သက်ပြီး သတင်းတွေထွက်တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ မတ်လက ပက်တဲလင်းဂျာဗား မြို့တော်ကောင်စီအဖွဲ့ဝင်တွေရဲ့ ခွေးလေခွေးလွင့်ဖမ်းစီးတဲ့ စစ်ဆင်ရေးအတွင်း အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးက ခွေးလေခွေးလွင့်တွေကို သူ့ခြံဝင်းထဲ လွှတ်ထားကာ ကာကွယ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ယင်းအမျိုးသားဟာ ပြည်သူ့ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်တာကို  ဟန့်တားမှုနဲ့ အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ် (သို့မဟုတ်)အမြင့်ဆုံးဒဏ်ငွေ ရင်းဂစ် ၁ဝဝဝဝ (အမေရိကန်ဒေါ်လာ ၂၂ဝဝ) ချမှတ်နိုင်တဲ့ စွဲချက်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။


zawgyi version

မေလးရွားႏိုင္ငံမွာ ေလလြင့္ေခြးဖမ္းျခင္းဆိုင္ရာ လမ္းၫႊန္ခ်က္ေတြကို ျပန္လည္ျပင္ဆင္ဖို႔ေတာင္းဆို

ေရာင္နီ (NP News) - ေမ ၂၇

မေလးရွား ေလလြင့္ေခြးဖမ္းျခင္းဆိုင္ရာလမ္းၫႊန္ခ်က္ေတြကို ျပန္လည္ျပင္ဆင္ဖို႔ မေလးရွားလႊတ္ေတာ္ အမတ္တစ္ဦးက ေတာင္းဆိုလိုက္ပါတယ္။ 

ဘန္ေတာင္း ပါလီမန္အမတ္ ေယာင္းဆရီဖူရာေအာ့မန္းက ဘန္ေတာင္း ျမဴနီစီပယ္ေကာင္စီမွာ မိမိေခြးကို ေလလြင့္ေခြးဖမ္းသမားေတြလက္က ကယ္ဆယ္ရင္း  ေသဆုံးသြားတဲ့ အသက္ (၈၅)ႏွစ္အ႐ြယ္ အဘိုးအိုတစ္ဦးရဲ႕ျဖစ္ရပ္အၿပီး ယခုလို ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။ 

"ေဒသခံအစိုးရ ဖြံ႕ၿဖိဳးတိုးတက္ေရး ဝန္ႀကီးဌာနနဲ႔ ေဒသဆိုင္ရာ ေကာင္စီေတြက ေခြးေလေခြးလြင့္ ဖမ္းတဲ့ လုပ္ငန္းေတြမွာ ရွင္းလင္းတဲ့ လမ္းၫႊန္ခ်က္နဲ႔ လုပ္ထုံးလုပ္နည္းေတြကို အျမန္ဆုံး ထုတ္ျပန္ဖို႔ လိုပါတယ္။ ဒါဟာ ေကာင္စီရဲ႕ တပ္ဖြဲ႕ဝင္ေတြနဲ႔ ေနထိုင္သူ ဒါမွမဟုတ္ ေခြးေလေခြးလြင့္ေတြကို ေကြၽးေမြးတဲ့ လူပုဂၢိဳလ္ေတြၾကား ျပင္းထန္တဲ့ အျဖစ္အပ်က္ေတြ ျဖစ္ေပၚလာႏိုင္တဲ့ သေဘာထားကြဲလြဲမႈေတြလိုမ်ိဳး မလိုလားအပ္တဲ့ အျဖစ္အပ်က္ေတြကို တားဆီးဖို႔ျဖစ္ပါတယ္"လို႔ ဆရီဖူရာက ၾကာသပေတးေန႔ (ေမလ ၂၅ ရက္) က ေသဆုံးသူရဲ႕ မိသားစုဆီ သြားေရာက္လည္ပတ္ၿပီးေနာက္ ေျပာၾကားခဲ့ပါတယ္။ 

The Star သတင္းဌာနရဲ႕ အစီရင္ခံစာအရ အသက္ ၈၅ ႏွစ္အ႐ြယ္ မစၥတာ ေလာဆိုင္ကီေဝါဟာ ေမလ ၂၄ ရက္က ဘန္ေတာင္းၿမိဳ႕၊ ပါဟြန္းမွာရွိတဲ့ သူ႔ရဲ႕ေနအိမ္အျပင္ဘက္မွာ ေလလြင့္ေခြးထိန္းသိမ္းေရး အရာရွိတစ္ဦးနဲ႔ ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၿပီး ေရေျမာင္းထဲ ျပဳတ္က်ေသဆုံးခဲ့တာ ျဖစ္ပါတယ္။ ေကာင္စီေခြးဖမ္းသူမ်ားအုပ္စု ၎တို႔အိမ္ရာကို လာေရာက္ရွာေဖြမႈေတြ ျပဳလုပ္တဲ့အခ်ိန္ အမ်ိဳးသားရဲ႕ႏွစ္ႏွစ္အ႐ြယ္ မ်ိဳးစပ္ေခြးတစ္ေကာင္ဟာ သူ႔ရဲ႕ၿခံတြင္းမွအျပင္ကို ထြက္သြားခဲ့ပါတယ္။ ၎ကို ပိုင္ရွင္မဲ့ေခြး အထင္နဲ႔ ေလလြင့္ေခြးဖမ္းသမားေတြက ဖမ္းဆီးဖို႔ လုပ္ခဲ့တာ ျဖစ္ပါတယ္။ သက္ႀကီး႐ြယ္အို အမ်ိဳးသားကို အသက္ကယ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ကံမေကာင္းစြာပဲ ေသဆုံးသြားခဲ့တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပခဲ့ပါတယ္။  

ေခြးမ်ား သက္သာေခ်ာင္ခ်ိေရး ပေရာဂ်က္ Malaysian Dogs Deserve Better (MDDB) ဒါ႐ိုက္တာ အိုင္ရင္းနီေလာက ေဒသဆိုင္ရာေကာင္စီေတြမွာ ေခြးပိုင္ရွင္ေတြ၊ ေခြးကို ကယ္ဆယ္ေနသူေတြကို ရန္သူေတြလို ဆက္ဆံျခင္း ရပ္တန႔္ရမယ္လို႔  ေျပာၾကားခဲ့ပါတယ္။ ေခြးဖမ္းသမားေတြက အိမ္ေမြးေခြးတစ္ေကာင္ကို အတင္းအၾကပ္ဖယ္ရွားဖို႔အတြက္ သက္ႀကီး႐ြယ္အိုအဘိုးအိုကို ဘာေၾကာင့္ ရန္သူတစ္ေယာက္လို ဆက္ဆံတယ္ဆိုတာ နားမလည္ႏိုင္ဘူးလို႔ ၎က ဆိုပါတယ္။ မေလးရွားႏိုင္ငံမွာ ေခြးဖမ္းလုပ္ငန္းနဲ႔ ပတ္သက္ၿပီး သတင္းေတြထြက္တာ ဒါပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ မတ္လက ပက္တဲလင္းဂ်ာဗား ၿမိဳ႕ေတာ္ေကာင္စီအဖြဲ႕ဝင္ေတြရဲ႕ ေခြးေလေခြးလြင့္ဖမ္းစီးတဲ့ စစ္ဆင္ေရးအတြင္း အသက္ ၆၉ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက ေခြးေလေခြးလြင့္ေတြကို သူ႔ၿခံဝင္းထဲ လႊတ္ထားကာ ကာကြယ္ဖို႔ ႀကိဳးစားခဲ့ဖူးပါတယ္။ ယင္းအမ်ိဳးသားဟာ ျပည္သူ႔ဝန္ထမ္းေတြရဲ႕ လုပ္ငန္းေဆာင္တာကို  ဟန႔္တားမႈနဲ႔ အျမင့္ဆုံးေထာင္ဒဏ္ ႏွစ္ႏွစ္ (သို႔မဟုတ္)အျမင့္ဆုံးဒဏ္ေငြ ရင္းဂစ္ ၁ဝဝဝဝ (အေမရိကန္ေဒၚလာ ၂၂ဝဝ) ခ်မွတ္ႏိုင္တဲ့ စြဲခ်က္နဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အကောက်ခွန်မဲ့ပစ္စည်းများကို ရွေးယူဒဏ်ကြေးသတ်မှတ်ရာ၌ ပြင်ပပေါက်‌ဈေးထက် နည်းနေခြင်းသည် ထပ်မံ ကျူးလွန်ရန် အားပေးရာ‌ရောက်ဟု ဒုတပ်ချုပ်ဆို

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved