Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗန်းမော်ဆရာတော် ပျံလွန်တော်မူခြင်းသည် သာသနာနှင့်နိုင်ငံအတွက် ကြီးမားသောဆုံးရှုံးမှုဟု တပ်ချုပ်ဆို၊ ဈာပနအခမ်းအနားကို နိုင်ငံတော်အဆင့် ကျင်းပမည်

မျိုးကြီး (NP News) - မေ ၂၇

ဗန်းမော်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမား သော ဆုံးရှုံးတစ်ခုဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(မေလ ၂၆ ရက်)တွင် ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားသည့် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်ကို သွားရောက်ဖူးမြော်စဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်၏ ပဓာနနာယကဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် ဒေါက်တာအရှင်ကုမာရာဘိဝံဘသည် မေလ ၂၅ ရက် ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဗန်းမော်ဆရာတော်ကြီးသည် သက်တော်ရှည် ဆရာတော်ကြီးဖြစ်သည့်အပြင် ၂ဝ၁ဝ ပြည့်နှစ်မှစ၍ ပျံလွန်တော်မူသည့်တိုင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဋ္ဌအဖြစ် (၁၃)နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ကြောင်း တပ်ချုပ်က ဆိုသည်။

ထိုသို့ တာဝန်ထမ်းဆောင်ခဲ့ချိန်၌ ဆရာတော်ကြီးသည် သာသနာ့အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ပြီး ယခုကဲ့သို့ ပျံလွန်တော်မူခဲ့ခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ပြီး များစွာကြေကွဲဝမ်းနည်းမိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့ကြောင့် ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကို နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပူဇော်သွားနိုင်ရေး စီစဉ်ဆောင်ရွက်ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

ထို့ပြင် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား လာရောက်ဖူးမြော်ကြည်ညိုကြမည့် ရဟန်း၊ ရှင်လူ၊ မိဘပြည်သူများ အဆင်ပြေစေရေးအတွက်လည်း စနစ်တကျစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ဗန်းမော်ဆရာတော်ဒေါက်တာအရှင်ကုမာရာဘိဝံသ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ဗန်းမော်ကျောင်းတိုက်၊ ကမ္ဘောဇ သာသနာ့ဗိမာန်၌ ဇွန်လ ၆ ရက်၊ နေ့လည်(၂)နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ကြားသိရသည်။

ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ကုမာရာဘိဝံသအလောင်းလျာကို မြန်မာသက္ကရာဇ် ၁၂၉၁ ခုနှစ်၊ တော်သလင်းလဆန်း(၁၄)ရက်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရဘဲကျေးရွာ၌ ခမည်းတော်ဦးဘိုးသစ်၊ မယ်တော်ဒေါ် အေးသိုက်တို့က ဖွားမြင်တော်မူခဲ့ကြောင်း သိရသည်။

ထို့နောက် ဗန်းမော်ဆရာတော်အလောင်းလျာသည် ၁၃ဝ၄ ခုနှစ် ဝါဆိုလဆန်း(၈)ရက်တွင် တောင်သာမြို့နယ်၊ ဆင်မင်းကျေးရွာ၊ ဆင်မင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြုကာ မိဘနှစ်ပါးတို့၏ ပစ္စယာနဂ္ဂဟကိုခံယူပြီး ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ၁၃၁ဝ ပြည့်နှစ်၊ တပို့တွဲလဆန်း(၁ဝ)ရက်တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။

ထို့နောက် ဆရာတော်ဘုရားကြီးသည် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့ပြီး ပရိယတ္တိသာသနဟိတဓမ္မာစရိယဘွဲ့၊ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့၊  ဂုဏ်ထူးဆောင် ဓမ္မပါရဂူ (D.Litt) ဘွဲ့၊ Doctor of Letters (D.Litt) ဘွဲ့၊ ကိုးရီးယား နိုင်ငံ Sehan University မှ ဆက်ကပ်သော ဘာသာရေးအတွေးအခေါ်ဘာသာရပ်ဂုဏ်ထူးဆောင် (Ph.D) ပါရဂူဘွဲ့တို့ကို ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့စသော သံဃာ့အဖွဲ့အစည်း ဖွဲ့စည်းနိုင်ရန် မူလသံဃာ့ဝန်ဆောင်(၆၆) ပါးအဖွဲ့၌ ပါဝင်ကာ မန္တလေးတိုင်းအတွင်း လှည့်လည်ဟောပြောမှုပြု၍ သာသနာပြုတာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဒေါက်တာအရှင်ကုမာရာဘိဝံသည် ၂ဝ၁ဝ ပြည့်နှစ်၊ ဇူလိုင်လမှ လက်ရှိအချိန်အထိ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိအဖြစ်လည်း သာသနာ့တာဝန်များကို ထပ်မံဆောင်ရွက်တော်မူခဲ့သည်။

ထိုကဲ့သို့ ဗုဒ္ဓသာသနာတော်အကျိုးကို ဆောင်ရွက်တော်မူခဲ့ခြင်းကြောင့် နိုင်ငံတော်အစိုးရက အဘိဓဇအဂ္ဂမဟာသဒ္ဓ မ္မဇောတိကဘွဲ့တံဆိပ်တော်၊ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


zawgyi version

ဗန္းေမာ္ဆရာေတာ္ ပ်ံလြန္ေတာ္မူျခင္းသည္ သာသနာႏွင့္ႏိုင္ငံအတြက္ ႀကီးမားေသာဆုံးရႈံးမႈဟု တပ္ခ်ဳပ္ဆို၊ ဈာပနအခမ္းအနားကို ႏိုင္ငံေတာ္အဆင့္ က်င္းပမည္

မ်ိဳးႀကီး (NP News) - ေမ ၂၇

ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး ပ်ံလြန္ေတာ္မူျခင္းသည္ သာသနာေတာ္ႏွင့္ ႏိုင္ငံေတာ္အတြက္ ႀကီးမား ေသာ ဆုံးရႈံးတစ္ခုျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔(ေမလ ၂၆ ရက္)တြင္ ဗန္းေမာ္ေက်ာင္းတိုက္၌ ပူေဇာ္ထားသည့္ ဆရာေတာ္ႀကီး၏ ဥတုဇ႐ုပ္ကလပ္ေတာ္ကို သြားေရာက္ဖူးေျမာ္စဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ဗန္းေမာ္ေက်ာင္းတိုက္၏ ပဓာနနာယကဆရာေတာ္၊ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒၊ ဗန္းေမာ္ဆရာေတာ္ ေဒါက္တာအရွင္ကုမာရာဘိဝံဘသည္ ေမလ ၂၅ ရက္ ည ၁၁ နာရီ ၁၁ မိနစ္အခ်ိန္တြင္ ဘဝနတ္ထံပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္သည္။

ဗန္းေမာ္ဆရာေတာ္ႀကီးသည္ သက္ေတာ္ရွည္ ဆရာေတာ္ႀကီးျဖစ္သည့္အျပင္ ၂ဝ၁ဝ ျပည့္ႏွစ္မွစ၍ ပ်ံလြန္ေတာ္မူသည့္တိုင္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ႏွင့္ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္ အဖြဲ႕ဥကၠ႒အျဖစ္ (၁၃)ႏွစ္နီးပါး တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း တပ္ခ်ဳပ္က ဆိုသည္။

ထိုသို႔ တာဝန္ထမ္းေဆာင္ခဲ့ခ်ိန္၌ ဆရာေတာ္ႀကီးသည္ သာသနာ့အက်ိဳးကို စြမ္းစြမ္းတမံ ထမ္းေဆာင္ခဲ့ၿပီး ယခုကဲ့သို႔ ပ်ံလြန္ေတာ္မူခဲ့ျခင္းသည္ သာသနာေတာ္ႏွင့္ ႏိုင္ငံေတာ္အတြက္ ႀကီးမားသည့္ ဆုံးရႈံးမႈျဖစ္ၿပီး မ်ားစြာေၾကကြဲဝမ္းနည္းမိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

ထို႔ေၾကာင့္ ဆရာေတာ္ဘုရားႀကီး၏ အႏၲိမအဂၢိဈာပနပူဇာသဘင္အခမ္းအနားကို ႏိုင္ငံေတာ္အဆင့္အခမ္းအနားျဖင့္ ခမ္းနားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ပူေဇာ္သြားႏိုင္ေရး စီစဥ္ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

ထို႔ျပင္ ဆရာေတာ္ဘုရားႀကီး၏ ႐ုပ္ကလပ္ေတာ္အား လာေရာက္ဖူးေျမာ္ၾကည္ညိဳၾကမည့္ ရဟန္း၊ ရွင္လူ၊ မိဘျပည္သူမ်ား အဆင္ေျပေစေရးအတြက္လည္း စနစ္တက်စီစဥ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။

ဗန္းေမာ္ဆရာေတာ္ေဒါက္တာအရွင္ကုမာရာဘိဝံသ၏ အႏၲိမအဂၢိဈာပနအခမ္းအနားကို ဗန္းေမာ္ေက်ာင္းတိုက္၊ ကေမာၻဇ သာသနာ့ဗိမာန္၌ ဇြန္လ ၆ ရက္၊ ေန႔လည္(၂)နာရီအခ်ိန္တြင္ စတင္က်င္းပမည္ျဖစ္ေၾကာင္း ၾကားသိရသည္။

ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး ေဒါက္တာအရွင္ကုမာရာဘိဝံသအေလာင္းလ်ာကို ျမန္မာသကၠရာဇ္ ၁၂၉၁ ခုႏွစ္၊ ေတာ္သလင္းလဆန္း(၁၄)ရက္တြင္ မႏၲေလးတိုင္း၊ ေတာင္သာၿမိဳ႕နယ္၊ ရဘဲေက်း႐ြာ၌ ခမည္းေတာ္ဦးဘိုးသစ္၊ မယ္ေတာ္ေဒၚ ေအးသိုက္တို႔က ဖြားျမင္ေတာ္မူခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဗန္းေမာ္ဆရာေတာ္အေလာင္းလ်ာသည္ ၁၃ဝ၄ ခုႏွစ္ ဝါဆိုလဆန္း(၈)ရက္တြင္ ေတာင္သာၿမိဳ႕နယ္၊ ဆင္မင္းေက်း႐ြာ၊ ဆင္မင္းေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲပ႑ိစၥကို ဥပဇၩာယ္ျပဳကာ မိဘႏွစ္ပါးတို႔၏ ပစၥယာနဂၢဟကိုခံယူၿပီး ရွင္သာမေဏအျဖစ္သို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

ဆက္လက္ၿပီး ၁၃၁ဝ ျပည့္ႏွစ္၊ တပို႔တြဲလဆန္း(၁ဝ)ရက္တြင္ ျမင့္ျမတ္ေသာရဟန္းအျဖစ္သို႔ ေရာက္ရွိေတာ္မူခဲ့သည္။

ထို႔ေနာက္ ဆရာေတာ္ဘုရားႀကီးသည္ ပရိယတၱိစာေပမ်ားကို သင္ယူဆည္းပူးခဲ့ၿပီး ပရိယတၱိသာသနဟိတဓမၼာစရိယဘြဲ႕၊ သာသနဓဇသိရီပဝရဓမၼာစရိယဘြဲ႕၊  ဂုဏ္ထူးေဆာင္ ဓမၼပါရဂူ (D.Litt) ဘြဲ႕၊ Doctor of Letters (D.Litt) ဘြဲ႕၊ ကိုးရီးယား ႏိုင္ငံ Sehan University မွ ဆက္ကပ္ေသာ ဘာသာေရးအေတြးအေခၚဘာသာရပ္ဂုဏ္ထူးေဆာင္ (Ph.D) ပါရဂူဘြဲ႕တို႔ကို ရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၎သည္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕စေသာ သံဃာ့အဖြဲ႕အစည္း ဖြဲ႕စည္းႏိုင္ရန္ မူလသံဃာ့ဝန္ေဆာင္(၆၆) ပါးအဖြဲ႕၌ ပါဝင္ကာ မႏၲေလးတိုင္းအတြင္း လွည့္လည္ေဟာေျပာမႈျပဳ၍ သာသနာျပဳတာဝန္မ်ားကို ထမ္းေဆာင္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္ၿပီး ေဒါက္တာအရွင္ကုမာရာဘိဝံသည္ ၂ဝ၁ဝ ျပည့္ႏွစ္၊ ဇူလိုင္လမွ လက္ရွိအခ်ိန္အထိ ႏိုင္ငံေတာ္သံဃမဟာ နာယကအဖြဲ႕ဥကၠ႒၊ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္အဖြဲ႕ဥကၠ႒ႏွင့္ ႏိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္မ်ား၏ အဓိပတိအျဖစ္လည္း သာသနာ့တာဝန္မ်ားကို ထပ္မံေဆာင္႐ြက္ေတာ္မူခဲ့သည္။

ထိုကဲ့သို႔ ဗုဒၶသာသနာေတာ္အက်ိဳးကို ေဆာင္႐ြက္ေတာ္မူခဲ့ျခင္းေၾကာင့္ ႏိုင္ငံေတာ္အစိုးရက အဘိဓဇအဂၢမဟာသဒၶ မၼေဇာတိကဘြဲ႕တံဆိပ္ေတာ္၊ အဘိဓဇမဟာရ႒ဂု႐ုဘြဲ႕တံဆိပ္ေတာ္တို႔ကို ဆက္ကပ္လႉဒါန္းခဲ့ေၾကာင္း သိရသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်က ယူကရိန်းကို လုံလောက်တဲ့ကူညီထောက်ပံ့မှုမလုပ်ဘူးဆိုရင် တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ဖို့အတင့်ရဲလာမှာဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်သုံးသပ်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved