Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်က ယူကရိန်းကို လုံလောက်တဲ့ကူညီထောက်ပံ့မှုမလုပ်ဘူးဆိုရင် တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ဖို့အတင့်ရဲလာမှာဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်သုံးသပ်

ဂျန်ဇက် (NP News) - မေ ၂၇


အမေရိကန်အစိုးရအနေနဲ့ ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ယူကရိန်းကို စစ်နိုင်အောင်လုံ လောက်တဲ့ ကူညီထောက်ပံ့ပေးမှုများမလုပ်ဆောင်နိုင်ဘူးဆိုရင် အဲဒီအချက်က ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ တရုတ်ကို သိသာထင်ရှားတဲ့အချက်ပြလိုက်သလိုမျိုးဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် လင်ဆေးဂရာဟမ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 


အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ပိုမိုကူညီထောက်ပံ့ပေးသင့်ကြောင်း ၎င်းကတိုက်တွန်းပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ ယူကရိန်းကို အမေရိကန်ဒေါ်လာ (၃၅)ဘီလျံတန်ဖိုးရှိမယ့် စစ်လက်နက်ပစ္စည်းများ၊ ထပ်မံကူညီပေးသင့်ကြောင်း၊ အထက် လွှတ်တော်အမတ်လင်ဆေးဂရာဟမ်ကပြောပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး အင်အားသုံးဖြေရှင်းဖို့ အစီအစဉ်များလည်းရှိနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ ထိုင်ဝမ်ကို ပြီးခဲ့တဲ့နှစ်က အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ လာရောက်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းနားမှာ ကြီးမားတဲ့စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့သလို အမေရိကန် နဲ့ စစ်ရေးအဆက်အသွယ်များဖြတ်တောက်ခဲ့ကြောင်းသိရပါတယ်။ 


၎င်းက "ကျွန်တော်တို့ဟာ ရုရှားတပ်ဖွဲ့တွေကို ပြန်တိုက်ထုတ်နိုင်ဖို့ ယူကရိန်းကို လုံလောက်တဲ့ကူညီပေးမှုများ မလုပ်ဘူးဆိုရင်တော့ ယူကရိန်းဟာ ရုရှားရဲ့သိမ်းပိုက်ခြင်းခံရမှာပါ။ အဲဒီလိုမျိုးတွေဖြစ်လာပြီဆိုရင်တရုတ်ကလည်း ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ လုပ်ဆောင်လာမှာပါ။ လာမယ့် သမ္မတရွေးကောက်ပွဲမှာ သမ္မတဟာ ရီပတ်ဘလီကန်ပါတီကဖြစ်မလား ဒါမှမဟုတ် ဒီမိုကရက်ပါတီကဖြစ်မလားဆိုတာကိုအတိအကျမသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဘယ်သူပဲ သမ္မတဖြစ်ဖြစ် တရုတ်နိုင်ငံကို ဆန့်ကျင်ဖို့ အပြင်းအ ထန် တိုက်တွန်းသွားမယ်။ ယူကရိန်းကို အိမ်နီးချင်းနိုင်ငံတွေအပေါ် ကျူးကျော်တာကထင်ထားသလိုမျိုးမလွယ်ကူးဘူးဆိုတာကို ရုရှားကိုသိစေချင်တယ်။ ကျွန်တော်ရဲ့အမြင်တော့  ထိုင်ဝမ်ကို ကာကွယ်ပေးနိုင်ဖို့အကောင်းဆုံးနည်းလမ်းက ယူကရိန်း-ရုရှားစစ်ပွဲမှာ ရုရှားသမ္မတပူတင်စစ်ရှုံးအောင်လုပ်ဆောင်ရမှာပါ" လို့ပြောပါတယ်။ 


ယူကရိန်းဟာ ရုရှားတပ်ဖွဲ့တွေကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ တာဝေးပစ်လက်နက်များ၊ အက်ဖ် ၁၆ တိုက် လေယာဉ်များကဲ့သို့သော လက်နက်ကောင်းတွေ ပိုမိုရရှိဖို့လိုအပ်ကြောင်း ဂရာဟမ်ကပြောပါတယ်။


zawgyi version


ဂျန်ဇက် (NP News) - မေ ၂၇










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောင်းအပ်နှံသည့် (၄)ရက်တာကာလအတွင်း ကျောင်းသား/သူ (၁၂)သန်းကျော် အပ်နှံထားပြီး ပြီးခဲ့သည့်နှစ်ထက် (၇)သန်းကျော်ပိုမိုနေ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved