Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရခိုင်၌ အခြေခံစားကုန်နှင့်ကုန်ပစ္စည်းများကို ကုန်သည်များအနေဖြင့် အဆမတန်ဈေးနှုန်းမြှင့်တင်ခြင်း မလုပ်ရန် ULA/AA ဥက္ကဋ္ဌ သတိပေး

မျိုးကြီး (NP News) - မေ ၁၆

ရခိုင်ပြည်နယ်၌ အခြေခံစားကုန်နှင့်အခြားကုန်ပစ္စည်းများကို ကုန်သည်များအနေဖြင့် အဆမတန် ဈေး နှုန်းမြှင့်တင်ခြင်း မပြုလုပ်ရန် ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးထားသည်။

ULA ဥက္ကဋ္ဌက ယနေ့(မေလ ၁၆ ရက်)တွင် မုန်တိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်ပတ်သက်၍ ပြောဆိုရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းသတိပေးခဲ့ခြင်းဖြစ်သည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ရခိုင်ပြည်နယ်အနှံ့အပြား၌ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး မုန်တိုင်းဖြတ်သန်းခဲ့သော လမ်းကြောင်းရှိ မြို့ရွာ၊ အိုးအိမ်၊ အဆောက်အအုံများ၏ ပျက်စီးဆုံးရှုံးမှုသည် ၉ဝ ရာခိုင် နှုန်းခန့်ရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့် အမိုးအကာ၊ သန့်ရှင်းသည့်သောက်သုံးရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများကို အရေးတကြီးလိုအပ်နေကြောင်းလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ထို့ပြင် ၎င်းက ပြည်သူများအခက်အခဲကြုံတွေ့နေရသည့်ကာလကို အခွင့်ကောင်းယူကာ ကုန်သည်များအနေဖြင့် ကုန်ပစ္စည်းများကို ဈေးအဆမတန်မြှင့်တင်ခြင်း မပြုလုပ်ရန် သတိပေးထားသည်။

“အခြေခံစားကုန်နဲ့ အခြားကုန်ပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားနေတဲ့ ကုန်သည်တွေအနေနဲ့ အခုလို ပြည်သူတွေ အခက်အခဲကြုံနေတဲ့ ကာလတွေကို အခွင့်အရေးယူပြီး အဆမတန် ဈေးနှုန်းမြှင့်တင်ခြင်း မလုပ်ကြဖို့ သတိပေးပြောကြားလိုပါတယ်”ဟု ULA ဥက္ကဋ္ဌက ပြောဆိုထားသည်။

နိုင်ငံတော်အာဏာရယူထားသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ဘေးဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်သို့ သွားရောက်ကာ လိုအပ်သည့် ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် သွားရောက်ကြည့်ရှုခဲ့ကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းဒဏ်ခံခဲ့ကြရသည့် ရခိုင်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူရှင်များ စုပေါင်းထားသည့် ငွေကျပ်(၁၃)ဘီလျံကျော်အနက်မှ (၇)ဘီလျံကို နစကဥက္ကဋ္ဌက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မုန်တိုင်းဘေးသင့် ရခိုင်ပြည်သူလူထုအတွက် ဆန်အိတ်များ၊ စားသောက်ကုန်များ၊ အမိုးအကာများကိုလည်း တပ်မတော်လေယာဉ်များအပါအဝင် တပ်မတော်ရေယာဉ်များဖြင့်ပါ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။

zawgyi version

မျိုးကြီး (NP News) - မေ ၁၆










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သွပ်အချပ်ရေ(၄ဝဝဝဝ)၊ ဆန်တန်ချိန် (၇ဝဝ)ကျော် နှင့် စားနပ်ရိက္ခာများ တင်ဆောင်ထားသည့် စစ်ရေယာဉ်(၂)စင်း ရခိုင်သို့ထွက်ခွာ

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved