Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျော်ဒန်အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများ၌ ဒုက္ခရောက်နေသော မြန်မာနိုင်ငံသားများကို အမြန်ဆုံးပြန်ခေါ်နိုင်ရေး နစက စီစဉ်နေ

ပုံစာ - ဒူဘိုင်းနိုင်ငံ၌ လူကုန်ကူးခံရကာ ဒုက္ခရောက်ခဲ့သူများကို ပြန်လည်ခေါ်ယူခဲ့စဉ်

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၈

ဂျော်ဒန်နိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများ၌ ဒုက္ခရောက်နေသော မြန်မာ နိုင်ငံသားများကို အမြန်ဆုံးပြန်ခေါ်နိုင်ရေး စီစဉ်ပြင်ဆင်နေကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် ယူအေအီးနိုင်ငံ၊ အိုမန်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ၊ ကာတာနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ မြန်မာလုပ်သား များမှာ အိမ်အကူလုပ်ငန်းနှင့်အခြားအထွေထွေလုပ်သားများအဖြစ် တရားမဝင်သွားရောက်လုပ်ကိုင်ရာတွင် အချို့မှာ အကြောင်းအမျိုးမျိုးဖြင့် လူမှုဒုက္ခများကြုံတွေ့နေရကြောင်း အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောသည်။

ထို့ကြောင့် အမှန်တကယ်ဒုက္ခရောက်နေသူများကို ခေါ်ဆောင်နိုင်မည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များ၊ ကုန်ကျစရိတ်များကို စနစ်တကျအကောင်အထည်ဖော်ကာ ကူညီပေးသွားရန်နှင့် မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင် ရေး လုပ်ငန်းစဉ်များချမှတ်ကာ ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ၎င်းနိုင်ငံများသို့ တရားမဝင်သွားရောက်လုပ်ကိုင်မှုများ လျော့နည်းပပျောက်ရေးနှင့် ကာကွယ်တားဆီးနိုင်ရေးစီမံဆောင်ရွက်သွားရန်အတွက် လိုအပ်သောလုပ် ငန်းစဉ်များချမှတ်ဆောင်ရွက်ရန် ၎င်းအနေဖြင့် ညွှန်ကြားထားကြောင်း သိရသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တရားမဝင်သွားရောက်လုပ်ကိုင်ခြင်းများကို တားဆီးရန်အတွက် အသိပညာပေးခြင်းအပြင် လေဆိပ်ထွက်ပေါက်များ၌ အလည်ဗီဇာဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို စနစ်တကျစိစစ်ကြပ်မတ်ကာ ၎င်းတို့အား အသေးစိတ်မေးမြန်းပြီး တရားမဝင်ပို့ဆောင်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူရန် ဝန်ကြီးက အကြံပြုတိုက်တွန်းထားသည်။

ပြည်ပအလုပ်အကိုင်ဆိုင်ရာ တိုင်ကြားမှုများနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် စစ်ဆေးရေးအဖွဲ့များဖြင့် ဖွဲ့စည်းကာ ဆောင်ရွက်နေပြီး ဥပဒေချိုးဖောက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း အလုပ်သမားဝန် ကြီးဌာနက ဆိုသည်။ ထို့ပြင် ပြည်ပနိုင်ငံများတွင် ဒုက္ခရောက်နေသူများကို ကူညီကယ်ဆယ်ပေးရန်နှင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည် ခေါ်ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် အလုပ်သမားဝန်ကြီးဒေါက်တာ ပွင့် ဆန်းက မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သော လပိုင်းများအတွင်းက မြန်မာအမျိုးသမီး(၇)ဦးသည် ဒူဘိုင်းနိုင်ငံ၌ လူကုန်ကူးခံရကာ ဒုက္ခရောက်နေကြောင်း လူမှုကွန်ယက်မှတစ်ဆင့် အကူအညီတောင်းခံသည့် ဖြစ်စဉ်ရှိခဲ့ပြီးနောက် နစကမှ ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။


zawgyi version











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံအပေါ် ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ရှုတ်ချကြောင်း အမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးရှေ့တို့တွင် ဆန္ဒပြ

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved