Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
IBEC ဘုန်းတော်ကြီးသင် ပညာရေးအထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများခေါ်ယူလျှက်ရှိ

ယွန်း (NP News) - မေ ၁၄

IBEC မှ ဖွင့်လှစ်သော ဘုန်းတော်ကြီးသင် ပညာရေးအထက်တန်းကျောင်း၌ ပညာသင်ကြားရန် ဆရာ၊ ဆရာမများခေါ်ယူလျှက်ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ‌ဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC) မှ ယနေ့(မေလ ၁၄ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားသည်။

IBEC ဘုန်းတော်ကြီးသင် ပညာရေးအထက်တန်းကျောင်းကဏ္ဍတွင် ယခုပညာသင်နှစ်(၂ဝ၂၃-၂ဝ၂၄) အတွက် သင်ကြားရေး ဆရာ၊ ဆရာမ လျှောက်လွှာများကို ထပ်မံခေါ်ယူနေကြောင်း သိရသည်။

အဆိုပါ လျှောက်လွှာများကို ပြီးခဲ့သည့် ဧပြီလ(၁)ရက်တွင် ပထမဆုံးအကြိမ်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လာရောက်လျှောက်ထားသူ (၃၄)ဦးရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က ပထမအသုတ် ဧပြီလကုန်အတွက်ကိုခေါ်တာ (၃၄)ယောက် လာလျှောက်ပါတယ်။ သူတို့အတွက်ကတော့ အင်တာဗျူးတွေ ဘာတွေပြီးသွားပါပြီ။ ဆက်ပြီးတော့လည်း ထပ်တိုးခေါ်ထားတာရှိပါတယ်”ဟု IBEC မှ ရုံးအဖွဲ့မှူးဖြစ်သူ ဦးကိုကိုက NP News ကို ပြောသည်။

လက်ရှိတွင် ထပ်မံလျှောက်ထားလိုသူများနှင့် မသိခဲ့သူများအတွက် IBEC အဓိပတိဆရာတော်က လျှောက်လွှာများကို ဒုတိယအကြိမ် ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဆရာ၊ ဆရာမ စုစုပေါင်း(၃ဝ)နီးပါး ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ဘယ်နှစ်ယောက်ထက်ခေါ်မလဲဆိုတာထက် အခုခေါ်ထားတဲ့အထဲမှာ စိတ်တိုင်းကျမတွေ့ရတဲ့အတွက် အ‌ရေအတွက်က (၂၅)(၃ဝ) လောက်ထိကို ခေါ်ဖို့အစီအစဥ်ရှိတာပေါ့။ အခုကတော့ နောက်ထပ် လျှောက် လွှာတွေကို‌ ဆက်ပြီးလက်ခံမယ်ဆိုပြီး ကျောင်းအုပ်ဆရာတော်က စီရင်ချက်ချတာ။ ဘာလို့လဲဆိုရင် အရေအတွက်ထဲမှာ ကိုယ်လိုချင်တဲ့ အရည်အချင်းပြည့်ဝတဲ့သူ မရလို့‌ပါ” ဟု ဦးကိုကိုက ဆက်လက် ပြောဆိုထားသည်။

လျှောက်ထားလိုသူများအား ရေးဖြေ၊ နှုတ်ဖြေ အပါအဝင် လက်တွေ့သင်ကြားခြင်းတို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဖြစ်သည့်အတွက် ဝတ်စားဆင်ယင်မှု၊ ပြောဆိုနေထိုင်မှု၊ အများအကျိုးဆောင်တတ်မှုနှင့် အများနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရန်လိုကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

လျှောက်ထားသူများအနေဖြင့် လျှောက်လွှာများကို လာမည့်မေလ(၂ဝ)ရက် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရန် အပြည်ပြည် ဆိုင်ရာ‌ဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC) မှ ထုတ်ပြန်ထားသည်။

zawgyi version
IBEC ဘုန္းေတာ္ႀကီးသင္ ပညာေရးအထက္တန္းေက်ာင္း၌ ဆရာ၊ ဆရာမမ်ားေခၚယူလွ်က္ရွိ

ယြန္း (NP News) - ေမ ၁၄

IBEC မွ ဖြင့္လွစ္ေသာ ဘုန္းေတာ္ႀကီးသင္ ပညာေရးအထက္တန္းေက်ာင္း၌ ပညာသင္ၾကားရန္ ဆရာ၊ ဆရာမမ်ားေခၚယူလွ်က္ရွိေၾကာင္း သိရသည္။

အျပည္ျပည္ဆိုင္ရာ‌ဗုဒၶဘာသာပညာေရးစင္တာ(IBEC) မွ ယေန႔(ေမလ ၁၄ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားသည္။

IBEC ဘုန္းေတာ္ႀကီးသင္ ပညာေရးအထက္တန္းေက်ာင္းက႑တြင္ ယခုပညာသင္ႏွစ္(၂ဝ၂၃-၂ဝ၂၄) အတြက္ သင္ၾကားေရး ဆရာ၊ ဆရာမ ေလွ်ာက္လႊာမ်ားကို ထပ္မံေခၚယူေနေၾကာင္း သိရသည္။

အဆိုပါ ေလွ်ာက္လႊာမ်ားကို ၿပီးခဲ့သည့္ ဧၿပီလ(၁)ရက္တြင္ ပထမဆုံးအႀကိမ္ေခၚယူခဲ့ျခင္းျဖစ္ၿပီး လာေရာက္ေလွ်ာက္ထားသူ (၃၄)ဦးရွိခဲ့ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔က ပထမအသုတ္ ဧၿပီလကုန္အတြက္ကိုေခၚတာ (၃၄)ေယာက္ လာေလွ်ာက္ပါတယ္။ သူတို႔အတြက္ကေတာ့ အင္တာဗ်ဴးေတြ ဘာေတြၿပီးသြားပါၿပီ။ ဆက္ၿပီးေတာ့လည္း ထပ္တိုးေခၚထားတာရွိပါတယ္”ဟု IBEC မွ ႐ုံးအဖြဲ႕မႉးျဖစ္သူ ဦးကိုကိုက NP News ကို ေျပာသည္။

လက္ရွိတြင္ ထပ္မံေလွ်ာက္ထားလိုသူမ်ားႏွင့္ မသိခဲ့သူမ်ားအတြက္ IBEC အဓိပတိဆရာေတာ္က ေလွ်ာက္လႊာမ်ားကို ဒုတိယအႀကိမ္ ထပ္မံေခၚယူခဲ့ျခင္းျဖစ္ၿပီး ဆရာ၊ ဆရာမ စုစုေပါင္း(၃ဝ)နီးပါး ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဘယ္ႏွစ္ေယာက္ထက္ေခၚမလဲဆိုတာထက္ အခုေခၚထားတဲ့အထဲမွာ စိတ္တိုင္းက်မေတြ႕ရတဲ့အတြက္ အ‌ေရအတြက္က (၂၅)(၃ဝ) ေလာက္ထိကို ေခၚဖို႔အစီအစဥ္ရွိတာေပါ့။ အခုကေတာ့ ေနာက္ထပ္ ေလွ်ာက္ လႊာေတြကို‌ ဆက္ၿပီးလက္ခံမယ္ဆိုၿပီး ေက်ာင္းအုပ္ဆရာေတာ္က စီရင္ခ်က္ခ်တာ။ ဘာလို႔လဲဆိုရင္ အေရအတြက္ထဲမွာ ကိုယ္လိုခ်င္တဲ့ အရည္အခ်င္းျပည့္ဝတဲ့သူ မရလို႔‌ပါ” ဟု ဦးကိုကိုက ဆက္လက္ ေျပာဆိုထားသည္။

ေလွ်ာက္ထားလိုသူမ်ားအား ေရးေျဖ၊ ႏႈတ္ေျဖ အပါအဝင္ လက္ေတြ႕သင္ၾကားျခင္းတို႔ကို စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထို႔ျပင္ ဗုဒၶဘာသာဘုန္းေတာ္ႀကီးေက်ာင္းျဖစ္သည့္အတြက္ ဝတ္စားဆင္ယင္မႈ၊ ေျပာဆိုေနထိုင္မႈ၊ အမ်ားအက်ိဳးေဆာင္တတ္မႈႏွင့္ အမ်ားႏွင့္ပူးေပါင္းေဆာင္႐ြက္ႏိုင္သူျဖစ္ရန္လိုေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းထားသည္။

ေလွ်ာက္ထားသူမ်ားအေနျဖင့္ ေလွ်ာက္လႊာမ်ားကို လာမည့္ေမလ(၂ဝ)ရက္ ေနာက္ဆုံးထား၍ ေပးပို႔ေလွ်ာက္ထားရန္ အျပည္ျပည္ ဆိုင္ရာ‌ဗုဒၶဘာသာပညာေရးစင္တာ(IBEC) မွ ထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပျက်ကျနေသည့် ဓာတ်ကြိုးများအား ကိုင်တွယ်ခြင်းမပြုရန် YESC အသိပေးထုတ်ပြန်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved