ပျက်ကျနေသည့် ဓာတ်ကြိုးများအား ကိုင်တွယ်ခြင်းမပြုရန် YESC အသိပေးထုတ်ပြန်
စော (NP News) - မေ ၁၄
မိုခါမုန်တိုင်းအရှိန်ကြောင့် ဓာတ်အားလိုင်းကြိုးပျက်ကျမှုများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ဓာတ်ကြိုးများအား ကိုင်တွယ်ခြင်းမပြုလုပ်ကြရန် YESC မှ အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ ယမန်နေ့(မေလ ၁၃ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်နေစဉ်ကာလနှင့် တိုက်ခတ်ပြီးကာလအတွင်း မုန်တိုင်းအရှိန်ကြောင့် သစ်ပင်ပြိုလဲကျခြင်း ၊ သစ်ကိုင်းများကျိုးကျခြင်းနှင့် ဓာတ်အားလိုင်းကြိုးပျက်ကျခြင်းများ ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့သို့ဓာတ်ကြိုးပျက်ကျမှုများတွေ့ရှိပါက ပြည်သူများအနေဖြင့် ထိတွေ့ကိုင်တွယ်ခြင်းမပြုလုပ်ကြရန် နှင့် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးရန် အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ပ်က္က်ေနသည့္ ဓာတ္ႀကိဳးမ်ားအား ကိုင္တြယ္ျခင္းမျပဳရန္ YESC အသိေပးထုတ္ျပန္
ေစာ (NP News) - ေမ ၁၄
မိုခါမုန္တိုင္းအရွိန္ေၾကာင့္ ဓာတ္အားလိုင္းႀကိဳးပ်က္က်မႈမ်ား ျဖစ္ေပၚႏိုင္ျခင္းေၾကာင့္ ဓာတ္ႀကိဳးမ်ားအား ကိုင္တြယ္ျခင္းမျပဳလုပ္ၾကရန္ YESC မွ အသိေပးထုတ္ျပန္ထားသည္။
ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း(YESC)မွ ယမန္ေန႔(ေမလ ၁၃ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ဆိုင္ကလုန္းမုန္တိုင္းတိုက္ခတ္ေနစဥ္ကာလႏွင့္ တိုက္ခတ္ၿပီးကာလအတြင္း မုန္တိုင္းအရွိန္ေၾကာင့္ သစ္ပင္ၿပိဳလဲက်ျခင္း ၊ သစ္ကိုင္းမ်ားက်ိဳးက်ျခင္းႏွင့္ ဓာတ္အားလိုင္းႀကိဳးပ်က္က်ျခင္းမ်ား ျဖစ္ပြားႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔သို႔ဓာတ္ႀကိဳးပ်က္က်မႈမ်ားေတြ႕ရွိပါက ျပည္သူမ်ားအေနျဖင့္ ထိေတြ႕ကိုင္တြယ္ျခင္းမျပဳလုပ္ၾကရန္ ႏွင့္ သက္ဆိုင္ရာ ၿမိဳ႕နယ္လွ်ပ္စစ္မန္ေနဂ်ာ႐ုံးမ်ားသို႔ အျမန္ဆုံးဆက္သြယ္အေၾကာင္းၾကားေပးရန္ အသိေပးထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တွေမြို့၌ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီး လေငြိမ်ပါက Mobile ကားဖြင့် ဆက်သွယ်မှုစနစ် ပြန်လည်ရရှိရန် ဆောင်ရွက်ပေးမည်ဟုဆို
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း