Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်တွေမြို့၌ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီး လေငြိမ်ပါက Mobile ကားဖြင့် ဆက်သွယ်မှုစနစ် ပြန်လည်ရရှိရန် ဆောင်ရွက်ပေးမည်ဟုဆို

NP News - မေ ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိနေပြီး လေငြိမ်ပါက Mobile ကားဖြင့် ဆက်သွယ်မှုစနစ် ပြန်လည်ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့၌ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေမှုနှင့်ပတ်သက်၍ NP News မှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးအား မေးမြန်းရာတွင် တာဝန်ရှိသူတစ်ဦးက အထက်ပါကဲ့သို့ ဖြေဆိုထားသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ယနေ့(မေလ ၁၄ ရက်) နံနက်ပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှဖြတ်ကျော် ဝင်ရောက်တိုက်ခတ်လျက်ရှိသည်။

ထိုသို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ချိန်တွင် ယနေ့ နေ့လည်ပိုင်းအထိ စစ်တွေမြို့ရှိ ဒေသခံများနှင့် NP News တို့အကြား ဖုန်းအဆက်အသွယ်များရရှိခဲ့သော်လည်း ၎င်းနောက်ပိုင်းတွင် ဆက်သွယ်မှုများ ပြတ်တောက်သွားခဲ့သည်။

“အားလုံးတော့ ပြတ်နေတာ မဟုတ်ဘူး။ တစ်ချို့နေရာတွေလည်း ရတော့ ရနေတာပေါ့နော်။ ပြတ်နေတဲ့ နေရာတွေက တာဝါတိုင်လဲသွားတာလည်း ပါတာပေါ့။ အဲဒီမှာ Mobile ကားတစ်စီးပို့ထားတယ်။ လေငြိမ်သွားရင် ပြန်ဖွင့်ပေးမှာပါ။ လေငြိမ်သွားရင် satellite နဲ့ထောင်လိုက်ရင် ဆက်သွယ်မှု ပြန်ရသွားမှာပေါ့။ တစ်ချို့အရေးကြီးတဲ့ နေရာတွေမှာပေါ့”ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဖြတ်ကျော်ဝင်ရောက်စဉ်အချိန်တွင် စစ်တွေမြို့ရှိ ဆက်သွယ်ရေးတာဝါတိုင်များမှာ ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ရခိုင်ပြည်နယ်သို့ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) မဖြတ်ကျော်စဉ်အချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့၌ Mobile ဆက်သွယ်ကားတစ်စီးစီ ပို့ဆောင်ပေးထားကြောင်း သိရသည်။

စစ်တွေမြို့သို့ မုန်တိုင်းဝင်ရောက်တိုက်ခတ်စဉ်အချိန်တွင် မုန်တိုင်းဒီရေကြီးမြင့်ကာ မြို့တွင်းသို့ ရေဝင်ရောက်လာမှုများရှိခဲ့ပြီး နေအိမ်အချို့၌ ပိတ်မိနေကာ အရေးပေါ်ကူညီပေးရန် အကူအညီတောင်းခံခဲ့သော ဒေသခံများကို လူမှုကွန်ယက်စာမျက်နှာများ၌ တွေ့ရှိခဲ့ရသည်။

ထိုသို့ ပိတ်မိနေသူများသည် ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဖုန်းနံပါတ်များ ရေးသားကာ အကူအညီတောင်းခံမှုများရှိခဲ့ပြီး ယင်းဖုန်းနံပါတ်များကို ဆက်သွယ်ရာတွင် စက်ပိတ်ထားသည်ဟုသာ ကြားသိခဲ့ရသည်။

လက်ရှိတွင် စစ်တွေမြို့၌ MPT ဖုန်းလိုင်းများအပါအဝင် အခြားသော ဖုန်းလိုင်းများမှာ ပြတ်တောက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ မုန်တိုင်းဘေးရှောင်နေသူတစ်ဦးက NP News ကို အသိပေးပြောဆိုထားသည်။

“စစ်တွေက လူတွေနဲ့ နေ့လည်လောက်အထိ အဆက်အသွယ်ရသေးတယ်။ အဲဒီနောက်ပိုင်းမှာတော့ အဆက်အသွယ်လုံးဝမရတော့ဘူး။ ဘာတွေဖြစ်နေကြပြီလဲ မသိဘူး။ ဆက်သွယ်ရေးတာဝါတိုင်တွေ လဲသွားတာကြောင့်လည်း အဆက်အသွယ်ပြတ်တာ ဖြစ်လောက်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။

zawgyi version
စစ္ေတြၿမိဳ႕၌ ဆက္သြယ္ေရးလိုင္းမ်ား ျပတ္ေတာက္ေနၿပီး ေလၿငိမ္ပါက Mobile ကားျဖင့္ ဆက္သြယ္မႈစနစ္ ျပန္လည္ရရွိရန္ ေဆာင္႐ြက္ေပးမည္ဟုဆို

NP News - ေမ ၁၄

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၌ ဆက္သြယ္ေရးလိုင္းမ်ား ျပတ္ေတာက္လ်က္ရွိေနၿပီး ေလၿငိမ္ပါက Mobile ကားျဖင့္ ဆက္သြယ္မႈစနစ္ ျပန္လည္ရရွိရန္ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

စစ္ေတြၿမိဳ႕၌ ဆက္သြယ္ေရးလိုင္းမ်ား ျပတ္ေတာက္ေနမႈႏွင့္ပတ္သက္၍ NP News မွ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးအား ေမးျမန္းရာတြင္ တာဝန္ရွိသူတစ္ဦးက အထက္ပါကဲ့သို႔ ေျဖဆိုထားသည္။

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ယေန႔(ေမလ ၁၄ ရက္) နံနက္ပိုင္းမွ စတင္ကာ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕အနီးမွျဖတ္ေက်ာ္ ဝင္ေရာက္တိုက္ခတ္လ်က္ရွိသည္။

ထိုသို႔ မုန္တိုင္းျဖတ္ေက်ာ္ဝင္ေရာက္ခ်ိန္တြင္ ယေန႔ ေန႔လည္ပိုင္းအထိ စစ္ေတြၿမိဳ႕ရွိ ေဒသခံမ်ားႏွင့္ NP News တို႔အၾကား ဖုန္းအဆက္အသြယ္မ်ားရရွိခဲ့ေသာ္လည္း ၎ေနာက္ပိုင္းတြင္ ဆက္သြယ္မႈမ်ား ျပတ္ေတာက္သြားခဲ့သည္။

“အားလုံးေတာ့ ျပတ္ေနတာ မဟုတ္ဘူး။ တစ္ခ်ိဳ႕ေနရာေတြလည္း ရေတာ့ ရေနတာေပါ့ေနာ္။ ျပတ္ေနတဲ့ ေနရာေတြက တာဝါတိုင္လဲသြားတာလည္း ပါတာေပါ့။ အဲဒီမွာ Mobile ကားတစ္စီးပို႔ထားတယ္။ ေလၿငိမ္သြားရင္ ျပန္ဖြင့္ေပးမွာပါ။ ေလၿငိမ္သြားရင္ satellite နဲ႔ေထာင္လိုက္ရင္ ဆက္သြယ္မႈ ျပန္ရသြားမွာေပါ့။ တစ္ခ်ိဳ႕အေရးႀကီးတဲ့ ေနရာေတြမွာေပါ့”ဟု ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ) ျဖတ္ေက်ာ္ဝင္ေရာက္စဥ္အခ်ိန္တြင္ စစ္ေတြၿမိဳ႕ရွိ ဆက္သြယ္ေရးတာဝါတိုင္မ်ားမွာ ၿပိဳလဲပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

ရခိုင္ျပည္နယ္သို႔ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ) မျဖတ္ေက်ာ္စဥ္အခ်ိန္တြင္ ျပည္ေထာင္စုအစိုးရအဖြဲ႕မွ စစ္ေတြၿမိဳ႕ႏွင့္ ေက်ာက္ျဖဴၿမိဳ႕တို႔၌ Mobile ဆက္သြယ္ကားတစ္စီးစီ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

စစ္ေတြၿမိဳ႕သို႔ မုန္တိုင္းဝင္ေရာက္တိုက္ခတ္စဥ္အခ်ိန္တြင္ မုန္တိုင္းဒီေရႀကီးျမင့္ကာ ၿမိဳ႕တြင္းသို႔ ေရဝင္ေရာက္လာမႈမ်ားရွိခဲ့ၿပီး ေနအိမ္အခ်ိဳ႕၌ ပိတ္မိေနကာ အေရးေပၚကူညီေပးရန္ အကူအညီေတာင္းခံခဲ့ေသာ ေဒသခံမ်ားကို လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ ေတြ႕ရွိခဲ့ရသည္။

ထိုသို႔ ပိတ္မိေနသူမ်ားသည္ ၎တို႔၏ လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ ဖုန္းနံပါတ္မ်ား ေရးသားကာ အကူအညီေတာင္းခံမႈမ်ားရွိခဲ့ၿပီး ယင္းဖုန္းနံပါတ္မ်ားကို ဆက္သြယ္ရာတြင္ စက္ပိတ္ထားသည္ဟုသာ ၾကားသိခဲ့ရသည္။

လက္ရွိတြင္ စစ္ေတြၿမိဳ႕၌ MPT ဖုန္းလိုင္းမ်ားအပါအဝင္ အျခားေသာ ဖုန္းလိုင္းမ်ားမွာ ျပတ္ေတာက္လ်က္ရွိေၾကာင္း ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕၌ မုန္တိုင္းေဘးေရွာင္ေနသူတစ္ဦးက NP News ကို အသိေပးေျပာဆိုထားသည္။

“စစ္ေတြက လူေတြနဲ႔ ေန႔လည္ေလာက္အထိ အဆက္အသြယ္ရေသးတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ အဆက္အသြယ္လုံးဝမရေတာ့ဘူး။ ဘာေတြျဖစ္ေနၾကၿပီလဲ မသိဘူး။ ဆက္သြယ္ေရးတာဝါတိုင္ေတြ လဲသြားတာေၾကာင့္လည္း အဆက္အသြယ္ျပတ္တာ ျဖစ္ေလာက္တယ္” ဟု ၎က ဆက္လက္ေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွေးကောက်ပွဲမှာ ထိုင်းဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်တဲ့ပါတီများ ရှုံးနိမ့်ခဲ့ပြီး အတိုက်ခံပါတီများအနိုင်ရ

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved